အဲဒီ ညီအစ်မသုံးယောက်ရဲ့ မိဘ၊ ဆွေမျိုးတွေမှာ ယခင်က သားမြတ်ကင်ဆာရှိတဲ့ ရာဇဝင် မရှိခဲ့ဘူးလို့ သိရပါတယ်။ ၂၀၀၅ ခုနှစ်က စပြီး ကလေး သုံးယောက်မိခင် ဖြစ်သူ ဟုခ်ျမှာ သားမြတ်ကင်ဆာ ဖြစ်ပေါ်လာတဲ့ အတွက် သားမြတ်နှစ်ဖက်စလုံးကို ဖယ်ရှား ခံခဲ့ရသားမြတ်ကင်ဆာ ဖြစ်ပေါ်လာတဲ့ အတွက် သားမြတ်တစ်ဖက်ကို အရင်ဖယ်ရှားခဲ့ပါတယ်။
သူ့မှာ သားမြတ်ကင်ဆာ ဖြစ်စေတဲ့ မျိုးရိုးဗီဇဂျင်းတွေ သယ်ဆောင်ထားပြီး ရောဂါထပ်ဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှူန်း ရှိတဲ့ အတွက် တခြားသားမြတ်တစ်ဖက် ကိုပါ ဖယ်ရှားဖို့ ဆရာဝန်တွေက အကြံပေးခဲ့ပါတယ်။ ဖော့မှာ ရောဂါရှိမှန်းသိတဲ့ အချိန်က စတင်ပြီး သူတို့ရဲ့ အငယ်ဆုံးညီမ ကောဟာလည်း သူ့အနေနဲ့ သားမြတ်တွေကို ဖယ်ရှားရမယ်လို့ ထင်မှတ်ပြီး ခွဲစိတ်ကုသမှူ ခံယူခဲ့ပါတယ်။
ခွဲစိတ်ကုသမှူ ခံယူပြီးနောက်ပိုင်း သွေးစစ်ဆေးမှူ ပြုလုပ်ရာ ကောမှာ
သားမြတ်ကင်ဆာနဲ့ ပတ်သတ်တဲ့ မျိုးရိုးဗီဇဂျင်း မပါဘူးဆိုတာ သိသွားခဲ့ပါတယ်။
ကောဟာ အမျိုးသားနဲ့ ကွာရှင်းထားတဲ့ ကလေးသုံးယောက် အမေဖြစ်ပြီး သူ့အနေနဲ့
မျိုးရိုးဗီဇပါပါ မပါပါ သူ့ရဲ့ သားမြတ်ကို အလိုမရှိတော့ဘူးလို့ ဆိုပါတယ်။
သူတို့ရဲ့ အငယ်ဆုံးမောင်ဖြစ်သူ အန်ဒရင်းကို မျိုးရိုးဗီဇဂျင်း အတွက်
စစ်ဆေးမှူ မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။
ယခင်လကလည်း ဟောလိဝုဒ် မင်းသမီးဖြစ်သူ အသက် ၃၈နှစ် အရွယ် အင်ဂျလီနာဂျိုလီဟာ သားမြတ်ကင်ဆာဖြစ်စေတဲ့ BRCAI မျိုးရိုးဗီဇဂျင်းကို သယ်ဆော်ထားတာကို သိရှိခဲ့တဲ့ အတွက် သားမြတ်နှစ်ခုစလုံးကို ခွဲစိတ်ဖယ်ရှားခဲ့ ပါတယ်။ ဒီဂျင်းကို သယ်ဆောင်ထားရင် သားမြတ်ကင်ဆာ ဖြစ်နိုင်ချေ ၈၇ ရာခိုင်နှူန်းရှိပြီး မမျိုးဥအိမ် ကင်ဆာဖြစ်နိုင်ချေ ၅၀ ရာခိုင်နှူန်းရှိတယ်လို့ သိရပါတယ်။
From:
ပြည်မြန်မာ

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...