အမေရိကန်လွှတ်တော် အမတ်ဟောင်းတစ်ဦးဖြစ်သူ
ဂျက်စီဂျက်ဆင်ဂျေအာသည် ထောက်ပံ့ငွေများကို အလွဲသုံး စားပြုမှုဖြင့်
ထောင်ဒဏ်လ ၃၀ ချမှတ်ခံခဲ့ရသည်။
အသက် ၄၈ နှစ်အရွယ်ရှိသော ဂျက်ဆင်သည် ဒေါ်လာ ၇၅၀၀၀၀(ပေါင် ၄၈၃၀၀၀) ကို
ရိုးလက်နာရီ၊ ကုတ်အင်္ကျီနှင့် တခြားသော အသုံးအဆောင် ပစ္စည်းများအတွက်
အသုံးပြုခဲ့ပြီး နောက် ပြစ်မှုထင်ရှားခဲ့ကြောင်း သိရသည်။၎င်း၏ဇနီးသည်လည်း အခွန်နှင့်ပတ်သက်ပြီး လိမ်လည် ခဲ့သဖြင့် ထောင်ဒဏ်တစ်နှစ်ချ မှတ်ခံခဲ့ရသည်။ ဂျက်ဆင်သည် ယခင်ကသမ္မတလောင်းတစ်ဦး အဖြစ် ရွေးချယ်ခံရနိုင်သော နိုင်ငံ ရေးသမားဖြစ်ခဲ့သည်။ ဂျက်ဆင် (ဂျေအာ)သည် အမေရိကန်နိုင်ငံ သားများ၊ ၎င်း၏မိသားစုနှင့် လူ့ အခွင့်အရေးခေါင်းဆောင် ဂျက် စီဂျက်ဆင်ကို တောင်းပန်ခဲ့ကြောင်း လည်း သိရသည်။
၎င်း၏သားနှင့်သမီးကို ၎င်း၏ပြစ်ဒဏ်များအတွက် မည် သည့်ထိခိုက်မှုမှမရှိရန်မျှော်လင့် ကြောင်းနှင့် ဇနီး၏ပြစ်ဒဏ်များ ကို ကိုယ်စားခံယူမည်ဖြစ်ကြောင်း တရားသူကြီးကို ပြောခဲ့သည်။ ထို့အပြင် ၎င်းကိုလူအရောက် အပေါက်နည်းသော အလာဘာ မာပြည်နယ်ထောင်သို့ ပို့ပေးစေ ချင်ကြောင်း ပြောခဲ့သည်။ ဂျက် ဆင်သည် ယမန်နှစ် နိုဝင်ဘာလ က ၎င်း၏ကျန်းမာရေးအခြေ အနေကြောင့် လွှတ်တော်အမတ် ရာထူးမှ နုတ်ထွက်ခဲ့သည်။
လွှတ်တော်အမတ်ဟောင်း ဂျက်ဆင်သည် မဲများလိမ်ခဲ့သည့် အပြင် ၎င်း၏ပြစ်မှုများအတွက် အပြစ်မရှိကြောင်းပြောကြားမှု ကို သဘောမတူဟု ရှေ့နေများက ပြောခဲ့သည်။


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...