“အလုပ်သမားလူတန်းစားနဲ့ မီဒီယာလောကက သတင်းထောက်တွေအပေါ်မှာ အခုလိုလုပ်ရပ်တွေထပ်ပြီး မဖြစ်ပေါ် ဖို့အတွက် အခုလိုတိုင်ကြားရခြင်းဖြစ်တယ်” ဟု အင်ပါယာသတင်းစာတွင် ဘာသာပြန်အဖြစ် လုပ်ကိုင်ခဲ့သူ ကိုဇမ္ဗူထွန်းက ပြောကြားသည်။
အင်ပါယာနေ့စဉ်သတင်းစာတွင် သတင်းထောက်လုပ်ခဲ့သည့် ကိုဇွဲကလည်း၎င်းကို စတင်အလုပ်ခန့်စဉ်က လစာ ကျပ်တစ်သိန်းခွဲပေးမည်ဟု သဘောတူထားသော်လည်း လစာထုတ်ချိန်တွင် သုံးသောင်းလျော့နေကြောင်း၊ ထို့ပြင်လစာကိုလည်း အကြောင်းအမျိုးမျိုးပြ၍ ဖြတ်တောက်သဖြင့် ကျပ်ရှစ်သောင်းသာရသည်ပင်ရှိကြော
ကိုဇွဲက “ဦးကောင်းမြတ်ထွဋ်က နှစ်ကြိမ်တိုင်ကျွန်တော့်ကို ကိုယ်ထိလက်ရောက် ခြိမ်းခြောက်စိန်ခေါ်တာ ခံခဲ့ရပါတယ်။ ၀တ်ထားတဲ့ အ၀တ်စားက တိုက်ပုံပင်နီဝတ်ပြီး အာဏာရှင်ဆန်ဆန် အလုပ်ထုတ်ခံရပါတယ်” ဟုလည်း သတင်းစာရှင်းလင်းပွဲ၌ စွပ်စွဲပြောဆိုခဲ့သေးသည်။
သတင်းထောက်ခုနစ်ဦး၏ တိုင်တန်းမှုနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အခြေအနေကို အလုပ်သမားဝန်ကြီးဌာနထံ မဇ္ဈိမကဆက်သွယ်မေးမြန်းရာ “တစ်ဖက်က အလုပ်ထုတ်တဲ့ပိုင်ရှင်ကို ခေါ်တွေ့မေးမြန်းပြီး ဖြေရှင်းပေးမှာပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အင်ပါယာသတင်းစာတိုက်တွင် လုပ်ခဲ့သည့်သတင်းထောက်များ၏ စွပ်စွဲပြောဆိုမှုခံရသူ ဦးကောင်းမြတ်ထွဋ်ကို လည်း မေးမြန်းရန်ကြိုးစားရာ ၎င်း၏ကိုယ်ရေးအရာရှိ မစုစုချောနှင့်သာ တွေ့ခဲ့ပြီးသူမက “ဦးကောင်းမြတ်ထွဋ်က ရုံးမှာမရှိပါဘူး။ ခရီးသွားနေပါတယ်” ဟုပြောသည်။
အလုပ်ထုတ်ခံရသော သတင်းထောက်ခုနစ်ဦးသည် သတင်းစာတိုက်တွင် ဇွန်လမှစတင် အလုပ်ဝင်ခဲ့ပြီး တစ်လခန့် အကြာတွင် အလုပ်ထုတ်ခံရခြင်း ဖြစ်သည်။
From : ..mizzima


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...