သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, August 14, 2013

ပါဂျောင်သတ်ဖြတ်မှူအစီရင်ခံစာ ဒီဇင်ဘာလတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ABSDF ဒုဥက္ကဋ္ဌပြော

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တက်တပ်ဦး (ABSDF) မှ ၁၉၉၂ ခုနှစ်တွင် ကျောင်းသားများကို စစ်ထောက်လှမ်းရေးဟု စွပ်စွဲကာ အစုလိုက် သတ်ဖြတ်ခံရမှူကို ၂၀၁၃ ဒီဇင်ဘာလတွင် ကြေငြာချက် အစီရင်ခံစာတစ်ရပ်ထုတ်ပြန်မည်ဖြစ်ကြောင်း ABSDF ဒုဥက္ကဋ္ဌဦးမျိုးဝင်း က ပြောကြားသည်။

“တရားမျှတမှူ နှင့် အမှန်တရား ပေါ်ပေါက်ရေးအဖွဲ့က လေ့လာတွေ့ရှိချက်အရ ထုတ်ပြ န်သွားမှာပါ။ ဒီကိစ္စမှာက ပါဝင်ပါတ်သက်သူ ၁၀၀ ခန့်ရှိနေပြီး ၃၀ လောက်ကိုပဲ တွေ့ရသေးတယ်။ ကျန်တဲ့လူ ၇၀ကို မတွေ့ရသေးဘူး။ လေ့လာတွေ့ရှိချက်တွေ အရအမှန်တရား ပဲဖြစ်စေရမယ် ” ဟု ABSDF ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း က ဆက်လက် ပြောကြားသည်။

ပါဂျောင်တွင် ကျောင်းသားများ အစုပြုံလိုက် သတ်ဖြတ်မှူ နှင့် ပါတ်သက်၍ ABSDFမှ ဖွဲ့စည်းထားသော တရားမျှတမှုနှင့် အမှန်တရား ပေါ်ပေါက်ရေး အဖွဲ့မှ စစ်ဆေး တွေ့ရှိချက်များကို ဒီဇင်ဘာလတွင် ထုတ်ပြန် အစီရင်ခံ တင်ပြပြီးနောက် သတ်ဖြတ်ခြင်း ခံရသော မိသားစုဝင်များက တည်ဆဲ ဥပဒေအရ တရားစွဲ အရေးယူနိုင်ကြောင်း ABSDF အဖွဲ့ဝင် တစ်ဦးက ရှင်းပြသည် ။

“သတ်ဖြတ်မှူမှာ ပါသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို တောင်းပန်တာတွေ အားပေး နှစ်သိမ့်တာတွေ လုပ်ပေးမယ်။ နောက်ပြီး အစီရင်ခံစာအရ အသတ်ခံရတဲ့ ကျောင်းသားတွေရဲ့ သက်ဆိုင်ရာမိသားစုတွေက တရားစွဲချင်လည်း ရပါတယ်”ဟု ဆက်လက် ရှင်းပြသည် ။


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ၁၉၉၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် အစိုးရဖိနှိပ်မှူ လွတ်မြောက်ရန်အတွက် ယုံကြည်ချက်ကြောင့် တောခိုလာကြသော ကျောင်းသား ၁၀၇ ဦးကို စစ်ထောက်လှမ်းရေးဟု ဆိုကာ ဖမ်းဆီးစစ်ဆေးပြီး ၁၄ ဦးသေဆုံးခဲ့ပြီး အာစံကုန်းတွင် ၁၅ ဦး ၊ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူ ၉ ဦးနှင့် ထွက်ပြေးလွတ်မြောက်ခဲ့သူ ၅၅ ဦးရှိခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်ခဲ့သော ကျောင်းသားများက ဆိုကြသည်။


ယင်းကဲ့သို့ ပါဂျောင်ဒေသတွင် ကျောင်းသားများ အစုလိုက်သတ်ဖြတ်ခံရမှု နှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဆမားဦးညီညီက အောက်ပါအတိုင်း ပြောကြားခဲ့သည်။


“ကျောင်းသားတစ်ယောက်ချင်း အမှု ဖွင့်နေရင်ကြာသွားမယ်။ ဒါကြောင့် စုပေါင်းပြီး အမှုဖွင့်ပြီး တရားခံစာရင်း ကို နိုင်ငံတော်သမ္မတ နှင့် လွှတ်တော် တရားရေးသို့ တင်ပြသွားမည်ဖြစ်ပြီး ယင်းကဲ့သို့ ကျောင်းသားများကို သတ်ဖြတ်ခဲ့မှုအပေါ် လုံးဝမကျေအေးနိုင်”ဟု ဆမားဦးညီညီ က ဆိုခဲ့သည် ။
ယခုအခါ ABSDF အနေဖြင့် ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီချက်များ ကို ရရှိခဲ့ပြီး စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ရေး ၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေး ရရှိရေး ၊ ပြည်တွင့်ငြိမ်းချမ်းရေး ရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွက်လာရေး ကို ဦးတည်ပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ABSDF ထုတ်ပြန်ကြေငြာချက်များ အရ သိရသည်။


From : .... ဘိုးအောင်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D