သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, August 16, 2013

အီဂျစ်ဆန္ဒပြသူများ အစိုးရ အဆောက်အဦးများကို မီးတင်ရှို့

ဖြုတ်ချခံလိုက်ရတဲ့ အီဂျစ်သမ္မတ မိုဟာမက်ဒ် မော်စီကို ထောက်ခံသူတွေဟာ ဆန္ဒပြပွဲအသစ်တွေ လုပ်ခဲ့ကြပြီး တချို့ကဆိုရင် ကိုင်ရိုမြို့တော်က အစိုးရ အဆောက်အဦးတစ်ခုကို မီးတင်ရှို့ခဲ့ကြပါတယ်။ မူစလင်ညီအကိုတော်များ အဖွဲ့ကို ထောက်ခံသူ ရာပေါင်းများစွာဟာ Giza အရပ်က အစိုးရအဆောက်အဦးတွေကို ကြာသပတေးနေ့က ၀င်ရောက်တိုက်ခိုက်ပြီး ၀င်ပေါက်ကို မီးရှို့ ခဲ့ကြတယ်လို့ အီဂျစ်နိုင်ငံပိုင် ရုပ်သံသတင်းဌာနနဲ့ မျက်မြင်တွေက ပြောပါတယ်။

သီးခြားဖြစ်ရပ်တစ်ခုမှာတော့ အလက်ဇန်းဒရီးယားမြို့မှာ လူရာပေါင်းများစွာ ချီတက်ပြီး မစ္စတာမော်စီကို အာဏာပြန်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ကိုင်ရိုမြို့တော်က သပိတ်စခန်းတွေမှာ စုဝေးနေကြတဲ့ မစ္စတာမော်စီ ကို ထောက်ခံသူတွေကို ဗုဒ္ဓဟူးနေ့မှာ အီဂျစ်စစ်တပ် က နှိမ်နင်းဖြိုခွဲပြီး အလက်ဇန်းဒရီးယားနဲ့ ဆူးအက်ဇ်မြို့တွေမှာ တိုက်ခိုက် တာတွေဖြစ်ခဲ့ပြီး တဲ့နောက် ဆန္ဒပြပွဲနဲ့ ရုန်းရင်းဆန်ခတ်မှု အသစ်တွေ ထပ်ဖြစ်တာပါ။

မူစလင်ညီအကိုတော်များအဖွဲ့က ရိုက်ထားတဲ့ ဗွီဒီယိုတစ်ခုမှာ ကိုင်ရိုမြို့တော်က El Iman ဗလီကျောင်းမှာ အ၀တ်နဲ့ လိပ်ပတ် ထားတဲ့ ရာပေါင်းများစွာသော အလောင်းတွေကိုတွေ့ရပါတယ်။ ဗုဒ္ဓဟူးနေ့က အကြမ်းဖက် တိုက်ခိုက် မှုတွေကြောင့် လူ ၅၂၅ ယောက်ထက် မနည်း သေဆုံးပြီး ၃,၇၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အီဂျစ်ကျန်းမာရေး ၀န်ကြီးဌာန က ပြောပါတယ်။ မူစလင် ညီအကိုတော်များ အဖွဲ့ကတော့ သေဆုံးသူ ၄,၅၀၀ ကျော်တယ်လို့ ပြောပါတယ်။
From:Voa

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D