သြဂုတ်လ ၁၆ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Cebu ပြည်နယ်က
မြစ်တစ်နေရာမှာ ခရီးသည်တင် သင်္ဘောတစ်စီးနဲ့ ကုန်တင် သင်္ဘောတစ်စီး တိုက်မှု
ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ယင်းတိုက်မှုကြောင့် ခရီးသည်တင် သင်္ဘောမှာ ခရီးသည် ၆၂၉ ဦး ပျောက်ဆုံး လျက် ရှိပါတယ်။ ၂၄ ဦးကတော့ ကွယ်လွန်သွားပါပြီ။ ကုန်တင် သင်္ဘောမှာ သင်္ဘောသား ၃၈ ဦးကိုတော့ အားလုံး အသက်ရှင်လျက် ကယ်ဆယ် နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပျောက်ဆုံးမှု တစ်ရက်ကြာပြီဖြစ်တဲ့ ၆၂၉ ဦးဟာလည်း အသက်ရှင်ဖို့ မသေချာတော့ပါဘူး။ ခရီးသည်တင် သင်္ဘောမှ ခရီသည် ၁၀ ဦးကျော်သာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကုန်တင် သင်္ဘော M/V Sulpicio Express 7 နဲ့ ခရီးသည် သင်္ဘော M/V St. Thomas Aquinas တို့ တိုက်မှုအတွက် ဖိလစ်ပိုင် ကမ်းခြေ လုံခြုံရေး အဖွဲ့မှ စစ်ဆေးစုံစမ်းလျက်၊ ကယ်ဆယ်လျက် ရှိကြောင်း သိရပါတယ်။

.
Ref: xinhua
ရိုးရာလေး
ရိုးရာလေး
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...