ယခင်အချိန်က နိုင်ငံရေးလုပ်စားအချို့ ၏ ပုံ |
လာကြသူတွေထဲမှာမိုးသီးဇွန် ကဲ့သို့ သောဖောရှောပေသီးများသာ ချုပ်ကိုင်ချယ်လှယ်
လွှမ်းမိုးထားပြီး ရိုးသားဖြူစင်သူတို့ ဘေးရောက်ကြရသည်။ထိုကဲ့သို့ လူလည်တို့ကား
နိုင်ငံတော်ရဲ့အစိုးရကို တော်လှန်ရေး၊ ဒီမိုကရေစီရေးစတာတွေကိုခုတုံးလုပ်ပြီးပြည်ပမှာ
အနှစ် ၂၀ ကျော်နေထိုင်ပြီးနိုင်ငံတော်ကို ခုတုံးလုပ်ပြီးရထားသည်များကိုစုဆောင်း၊အခု
နောက်ပိုင်းကာလများတွင်နိုင်ငံတော်အစိုးရမှာလဲနိုင်ငံတကာ၏ ထောက်ခံအားပေးမှုရရှိ
နေပြီဖြစ်သည့်အတွက် ထိုနိုင်ငံရေးလုပ်စားသူတို့ စားပေါက်မချောင်မှန်းသိသဖြင့် သိက္ခာ
မဲ့စွာဖြင့် ပြည်တော်ပြန်ဝင်ခဲ့ရသည်။အဲ့ဒီလို သိက္ခာမဲ့စွာဖြင့် ပြန်ဝင်လာတာတောင်ပြည်
တွင်းရောက်တော့ မြန်မာပြည်သူလူထုကို သနားစဖွယ် အထင်သေးအမြင်သေး သဘော
ထားကာ သူတို့ကိုယ်သူတို့ ကယ်တင်ရှင် များသဖွယ် ဟိတ်ဟန်ထုတ်တတ်ကြပြန်သည်။
နိုင်ငံရေးကို ခုတုံးလုပ်ပြီး မူယာမာယာများတတ်တဲ့ ရောဂါက သူတို့ တွေရဲ့ 
အရိုးထဲထိအောင်စွဲနေတဲ့ရောဂါလို့ ပဲ သတ်မှတ်ရပါမယ်။
သေချာတာတစ်ခုကတော့ မျိုးစေ့မမှန်၍ အပင်မသန်ခြင်းဟု ဆိုရပေလိမ့်မည်။မိမိနိုင်ငံကို ခုတုံးလုပ်ပြီး တောင်းစားလာသောထိုနိုင်ငံရေးလုပ်စားများကိုဟိုးအရင်ကပြည်သူလူထုမှလဲ
သေချာစွာမသိရှိရသဖြင့် နိုင်ငံရေးလုပ်စားများကို အထင်ကြီးခဲ့ကြသည်။အဲ့ဒီလိုကောင်မျိုးတွေ အခုအချိန်မှာနိုင်ငံတွင်းကို ပြန်ဝင်လာတာ နိုင်ငံအတွက်ကော၊ ပြည်သူ့ အတွက်ပါ မည်သို့ မှ
အရေးပါမည်၊ အသုံးဝင်မည် မဟုတ်ပေ။ယခုသမ္မတကြီးဦးသိန်းစိန် ၀န်ကြီးချုပ်ဘ၀က အမေရိကန်ခရီးစဉ်တွင် သူရဲကောင်းကြီးသဖွယ် ရှေ့ ဆုံးကနေဦးဆောင်ဆန္ဒပြပြီး ဖိနပ်နဲ့ 
ပေါက်ခဲ့တာ ဘယ်သူလဲ....? မိုးသီးဇွန်တို့ သူတောင်းစားအရှိန်ကောင်းနေစဉ်အခါက
ပုံရိပ်တွေပေါ့။နိုင်ငံရေးလုပ်စားများထဲတွင် မိုးသီးဇွန်ကဲ့သို့ မျက်နှာပြောင်တိုက်နိုင်ငံရေး
လုပ်စားမတွေ့ဖူးသေးပေ။ဒါပေမယ့်အားလုံးကတော့အတူတူတွေချည်းပါပဲ။အာကျယ်တာနဲ့ 
မကျယ်တာပဲကွာပါတယ်။အရင်အချိန်များစွာကနိုင်ငံရေးလုပ်စားသမားဒုက္ခသည်မိုးသီးဇွန်
တစ်ယောက်ယခုအချိန်တွင်နိုင်ငံအတွင်းပြန်ဝင်လာပြီး ရွေးကောက်ပွဲတောင်ဝင်ပြိုင်မယ်
လုပ်နေလေရဲ့။စဉ်းတော့စဉ်းစားစရာ။
ပြည်ပနိုင်ငံရေးမှာ ထိုသူတွေပင် အသံအကျယ်ဆုံး၊ပွဲအဆူဆုံးလုပ်သူတွေဖြစ်ကြသည်။ခုချိန်မှာ အရှက်သိက္ခာအမဲ့ဆုံး ခေါင်းလျှိုဝင် တာလည်း သူတို့ပင်ဖြစ်သည်။နိုင်ငံတစ်နိုင်ငံ၏အမြင့်မြတ်
ဆုံးဖြစ်သောနိုင်ငံတော်အလံကို မီးရှို့ ခြင်း၊ သူတို့ကိုယ်တိုင်ချနင်းပစ်လိုက်ခြင်းများပြုလုပ်သည်
မှာလဲထိုသူများပင်။အတုယူဖွယ် ကောင်းလေစွ။မိမိတို့ စားပေါက်ချောင်ရေးအတွက် အတိုက်
အခံမျိုးစုံလုပ်ပြီး မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်တွင် လူအများအထင်အမြင်သေးခံရအောင်
လုပ်ခဲ့ကြသည်မှာလဲနိုင်ငံရေးလုပ်စားများပင်ဖြစ်သည်။အစိုးရအနေဖြင့်အမျိုးသားရင်ကြားစေ့
ရေးအတွက်အယူအဆမတူသူများနှင့် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်း ဖိတ်ခေါ်တာကို
ကြိုဆိုပါသည်။သို့ရာတွင် ပြည်သူ့အရေးဘန်းပြပြီးကိုယ်ကျိုးရှာအမြတ်ထုတ်သူလူလည်တစု
နှင့်ပေါင်းစည်းရေးလုပ်နေတာကိုတော့ဘယ်လိုမှဘဝင်မကျနိုင်ပါ။ဒီလူတွေနိုင်ငံခြားမှာ နိုင်ငံရေးကိုဘယ်လိုတွေလုပ်ပြီးတောင်းစားနေကြသလဲဆိုတာကိုလဲ ၁၀စုနှစ်တစ်ခုကျော်ကြာ ကိုယ်တွေ့ကြုံခဲ့ဖူးပါသည်။
သူတို့အဖို့ ရွေးစရာလမ်းက များများမရှိတော့ပြီ။ သိက္ခာရှိရှိအရေးဆိုဖို့လည်း မတတ်နိုင်တော့ပြီ။
တဘက် အင်အားစုက သူတို့ကိုတန်းတူအရာမသွင်း။ တဦးချင်း ခေါင်းလျှိုဝင်ခွင့်လေးသာ ဖွင့်ပေးထားသည်။သူတို့ ဘာလုပ်ကြမည်နည်း။တကယ်မေးသင့်သည့်သည်မှာ သူတို့ဘာလုပ်
ခဲ့ကြသနည်း။သူတို့နှင့်တန်သော နေရာကို ရွေးချယ်ကြရုံမှတပါး ဘာမျှမတတ်နိုင်ကြတော့ပါ။
From: စိုးမင်း(ဘန်ကောက်)
OE
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...