သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 15, 2013

လားရှိုးမြို့ တွင် ဆိုင်ကယ်ခိုးအဖွဲ့ အားဖော်ထုတ်ဖမ်းဆီး

ရှမ်းပြည်နယ်၊ လားရှိုးမြို့ပေါ်တွင် ဆိုင်ကယ်ခိုးမှုများမကြာခဏဖြစ်ပေါ်လျက်ရှိသဖြင့် ဆိုင်ကယ်ခိုးယူသူများအား ဖမ်းဆီးရမိရေးအတွက် လားရှိုးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အမာခံ သတင်းပေးများ၊ ဆယ်အိမ်မှူးများ၊ ရက်ကွက်အထောက်အကူပြုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့သဖြင့် ၂၉-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုးမြို့နေ ကျော်စွာဝင်း(၃ဝ)နှစ်၊ တင်မိုးဝင်း (၁၉)နှစ်၊ ကိုငယ်(၂၄)နှစ်တို့အား စစ်ဆေးခဲ့ရာ ၂ဝ-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုး-တန့်ယန်းကားလမ်း ဘေးရှိ နမ့်ပေါင်ရွာအနီးမှTankBo-110 အစိမ်းရောင်ဆိုင်ကယ် ၁ စီး၊ ဟိုပိတ်ရွာအနီးကားလမ်းဘေးမှNewStar-125 CZI အဝါရောင်ဆိုင်ကယ် ၁ စီး၊ ၂၂-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုး-တန့်ယန်း ကားလမ်းဘေးတွင် ရပ်ထားသော Sonic-125 အနီရောင်ဆိုင်ကယ် ၁ စီး၊ တန့်ယန်းမြို့အဝင် ဆီဆိုင်အနီးမှ Nwe Asia-125 CZI စိမ်းပြာရောင်ဆိုင်ကယ် ၁ စီး၊ ၂၇-၇-၂ဝ၁၃ ရက်နေ့တွင် လားရှိုး-တန့်ယန်းကားလမ်းဘေးမှ Hawe-125 ဆိုင်ကယ် ၁ စီး၊ စုစုပေါင်းခိုးယူလာသည့်ဆိုင်ကယ် (၅)စီးအား သိမ်းဆည်းနိုင်ခဲ့သည်။

ဆက်လက်၍ လားရှိုးမြို့နေ အောင်ကျော်(ခ)အယ်မိသီ(ခ)မိသီ(၂၁)နှစ်၊ အားဟွာ(၂ဝ)နှစ်၊ ဟော်ရင်ကွေ့၊ အိုက်မေ(ခ)ပေါက်ဆိုယုတ်၊ အားဟုန်၊ အားစီ(ခ)ရှုလင်(၂၄)နှစ်နှင့် အားရှုလင်(၃၆)နှစ် တို့အားစစ်ဆေးခဲ့ရာ ၁-၈-၂ဝ၁၃ ရက်နေ့တွင် လားရှိုးမြို့၊ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းရှေ့မှ KenBo-125 CZI အဖြူရောင်ဆိုင်ကယ် ၁ စီး၊ လားရှိုး မန်ဆူဘုရားဝင်းအတွင်းမှ Tohon-110 အနက်ရောင် ဆိုင်ကယ် ၁ စီး၊ လားရှိုးတရုတ်ဘုံကျောင်းအနီးမှMDL-125 နက်ပြာရောင် ဆိုင်ကယ် ၁ စီး၊ အမှတ်(၆) အခြေခံပညာအထက်တန်ကျောင်းမှHeroAnbo-125 CZI ခဲနက်ရောင်ဆိုင်ကယ် ၁ စီး၊ အောင်မင်္ဂလာ ဈေးအနီးမှ Yinxing-125 CZI ခဲပြာရောင်ဆိုင်ကယ် ၁ စီး၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းရှေ့မှFelling-110 အနက်ရောင်ဆိုင်ကယ် ၁ စီးနှင့် လားရှိုး(၄၂)လမ်း ဆိုင်ကယ်ပွဲစားတန်းမFaster-125 ခဲနက်ရောင်ဆိုင်ကယ် ၁ စီး၊ စုစုပေါင်းခိုးယူခဲ့သည့် ဆိုင်ကယ်(၇)စီး တို့အားသိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိ တရားခံများအား တရားဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်
လျှက်ရှိကြောင်းသိရသည်။
OppositEyE

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D