သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, August 16, 2013

ကလေးတစ်ဦးကို အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့သည်ဟုဆိုကာ အမျိုးသားတစ်ဦးတရားစွဲခံရ

အသက် ၁၄ နှစ်အရွယ် ခြောက်တန်းကျောင်းသူလေးတစ်ဦးကို အကြိမ်ကြိမ်အဓမ္မကျင့်ခဲ့သည်ဟု စွပ်စွဲကာအသက် ၃၀ ကျော် အမျိုးသားတစ်ဦးကို ကလေးမိဘများက သြဂုတ် ၁၃ ရက်တွင် လှည်းကူးရဲစခန်း ၌တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှူးရုံးက သတင်းထုတ်ပြန်သည်။ကလေးငယ်သည် စာမကျက်ဘဲ မှိုင်တွေနေသည်ကို မိခင်ဖြစ်သူက မသင်္ကာသဖြင့် မေးမြန်းရာမှ ယခု ကိစ္စကိုသိရှိပြီး ရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု တရားလိုဘက်မှ ရဲစခန်းတွင် ထွက်ဆိုထားသည်။
မိဘများက သူတို့သမီးငယ်ကို မေးမြန်းရာတွင် ၎င်းကိုတစ်ရပ်ကွက်တည်းနေ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးက သြဂုတ် ၃ ရက်ညတွင် တစ်ကြိမ်၊ သြဂုတ် ၄ ရက်တွင် တစ်ကြိမ်၊ သြဂုတ် ၆ ရက် တွင်တစ်ကြိမ် စုစုပေါင်း သုံးကြိမ်ခန့် သားမယား ပြုခဲ့သည်ဟု ဆိုသည်။ ကလေးငယ်သည် မိဘများမရှိသည့် အချိန်နေအိမ်တွင်ပင် အဓမ္မကျင့်ခံရခြင်းဖြစ်ပြီး ယခုကိစ္စကို မိဘများ ထံ ပြန်ပြောလျှင် သတ်ပစ်မည်ဟု ထိုအမျိုးသားကခြိမ်းခြောက်ထားသဖြင့် မပြောခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင် တွေ့ရ သည်။
ယခုကိစ္စနှင့် ပတ်သက်၍ အဓမ္မကျင့်သူအဖြစ် စွပ်စွဲခံထားရသူမှာ လှည်းကူးမြို့နယ်မှ ကိုနိုင်လင်းထွန်း ဆိုသူဖြစ်ပြီး ၎င်းသည်ကား ဆေးမှုတ် လုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်သည်ဟု ရဲစခန်းက အတည်ပြုထားသည်။ ယင်းအမှုကို လှည်းကူးရဲစခန်းက အမှုအမှတ်(ပ)၃၀၁/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံထားရသူကိုလည်း ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် တရားစွဲမည်ဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးစစ်ဆေးနေပြီဖြစ်သည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။
FROM-MIZZIMA

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D