အမျိုးသားစာပေဆု စီစစ်ရွေးချယ်ရေးအဖွဲ့ဝင်၊ အမျိုးသား သတင်းဆု
ကော်မတီဥက္ကဌ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ Myanmar Journalists
Association- MJA)ဥက္ကဌ၊ ဒေါင်းစာပေ၊ အတွေးအမြင်မဂ္ဂဇင်း၊ ပြည်သူ့ခေတ်ဂျာနယ်
စာရေးဆရာ/ သတင်းစာဆရာ ဦးစိုးသိန်း (မောင်ဝံသ) အသက် (၆၅)နှစ်သည်
အဆုတ်ကင်ဆာရောဂါဝေဒနာ ခံစားပြီးနောက် သြဂုတ်လ၊ ၁၁ ရက်နေ့ နံနက်
(၆း၁၅)နာရီတွင် ဝိတိုရိယဆေးရုံ၌ ကွယ်လွန်သွားခဲ့သဖြင့် ဝိတိုရိယဆေးရုံရှိ
အအေးခန်းမှ ရေဝေးအအေးတိုက်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏
နိဗ္ဗာန်ယာဉ်ကားကြီးဖြင့် ပို့ဆောင်ကူညီခဲ့ပြီး (၁၅.၈.၂၀၁၃)ရက်နေ့
(ကြာသာပတေးနေ့) တွင်ရေဝေးသုဿန်တွင် မီးသင်္ဂြိုလ်မည်ဖြစ်သဖြင့်
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဒုဥက္ကဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်နှင့်
ဈာပနကော်မတီဝင်များ၊ အသင်းသား/သူများ၊ (ဧည့်)အသင်းသား/သူများ၊
ဝန်ထမ်းများမှ ရေဝေးသုဿန်သို့ လိုက်ပါပို့ဆောင် ကူညီပေးခဲ့သည်။
ဆရာ၏ဈာပနအခမ်းအနားကို မိုးထဲလေထဲမှပင် စာပေလောက၊ သတင်းလောက၊ နိုင်ငံရေးလောကမှ လုပ်ဖော်ကိုင်ဖက် ရဲဘော်များ၊ ရင်းနှီးချစ်ခင်ကြသောသူများ စသဖြင့် လူတန်းစား အလွှာပေါင်းစုံမှ ပရိသတ်များ၊ ဆရာ့အား လေးစားချစ်ခင်ကြသောသူများသည် ညနေ (၁၅းဝဝ) နာရီမတိုင်မီကပင် လာရောက်စုရုံးကာ ဆရာ့အား နှမြောတသဂုဏ်ပြုခဲ့ကြသည်။ ၄င်းနောက် ဆရာ၏ လုပ်ဖော်ကိုင်ဖက်ရဲဘော်များမှ ဆရာ့အား ဂုဏ်ပြုအမှတ်တရ စကားများဖြင့်လည်း နှုတ်ဆက်ခဲ့ကြသည်။
ဆရာသည် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ မတ်လ၊ ၂၀၁၂ခုနှစ်တွင် “ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း” ဟူသော ခေါင်းစဉ်ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အသင်းသူ/သားများ၊ ကျောင်းသား/ သူများ၊
ဝန်ထမ်းများအား စာပေဟောပြောပေးခဲ့ပြီး ပရဟိတအလုပ်တွင်လည်း
ပါဝင်အားဖြည့်ပေးခဲ့သည်။ ၄င်း၏ ဘဝတစ်သက်တာတွင် အများအကျိုး၊
လူထုအကျိုးပေါင်း မြောက်များစွာကို အံ့သြမကုန်အောင်
ပြုလုပ်ဆောင်ရွက်နိုင်ခဲ့သူတစ်ဦးဖြစ်သည်။ ထို့သို့သော ပြည်သူချစ်သော
အများအားထားလေးစားရသော ပုဂ္ဂိုလ်တစ်ဦး၊ လူထုတစ်ဦး ဆုံးပါးသွားသဖြင့်
များစွာ ခံစားနှမျောမိပါကြောင်းတင်ပြလို က်ရပါတော့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)
ဆရာ၏ဈာပနအခမ်းအနားကို မိုးထဲလေထဲမှပင် စာပေလောက၊ သတင်းလောက၊ နိုင်ငံရေးလောကမှ လုပ်ဖော်ကိုင်ဖက် ရဲဘော်များ၊ ရင်းနှီးချစ်ခင်ကြသောသူများ စသဖြင့် လူတန်းစား အလွှာပေါင်းစုံမှ ပရိသတ်များ၊ ဆရာ့အား လေးစားချစ်ခင်ကြသောသူများသည် ညနေ (၁၅းဝဝ) နာရီမတိုင်မီကပင် လာရောက်စုရုံးကာ ဆရာ့အား နှမြောတသဂုဏ်ပြုခဲ့ကြသည်။ ၄င်းနောက် ဆရာ၏ လုပ်ဖော်ကိုင်ဖက်ရဲဘော်များမှ ဆရာ့အား ဂုဏ်ပြုအမှတ်တရ စကားများဖြင့်လည်း နှုတ်ဆက်ခဲ့ကြသည်။
ဆရာသည် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ မတ်လ၊ ၂၀၁၂ခုနှစ်တွင် “ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း” ဟူသော ခေါင်းစဉ်ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အသင်းသူ/သားများ၊ ကျောင်းသား/
From:Kyaw Thu
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...