သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 15, 2013

အီဂျစ် ဒုတိယသမ္မတ ရာထူးက နှုတ်ထွက်ပြီ

  နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ အီဂျစ် ယာယီ ဒုတိယသမ္မတ မိုဟာမက် အယ်လ်ဘာရာဒေး ရာထူးက နှုတ်ထွက် သွားပါတယ်။
အီဂျစ်နိုင်ငံမှာ ရာထူးက ဖြုတ်ချခံရတဲ့ သမ္မတဟောင်း မော်စီကို ထောက်ခံဆန္ဒပြ နေကြတဲ့ ကိုင်ရိုမြို့တော်က သပိတ်စခန်း ၂ ခုကို လုံခြုံရေးတွေက ဒီကနေ့မှာတော့ စတင် ဖြိုခွင်း ခဲ့ပြီ ဖြစ်ပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ

    အီဂျစ်အုပ်စု တွေနဲ့ ကန်အီးယူ ဆွေးနွေး    အီဂျစ် ထိုင်သပိတ်တွေ ဖြိုဖို့ အမိန့်ထုတ်    ဖြုတ်ချခံ အီဂျစ် သမ္မတကို အီးယူ အရာရှိ တွေ့ခွင့်ရဆက်စပ်အကြောင်းအရာများ    အရှေ့အလယ်ပိုင်း

လုံခြုံရေးတပ်ဖွဲ့တွေဟာ ရာဘာ အယ်လ်အက်ဒါဝီရ ဗလီ အနီးက အဓိက သပိတ်စခန်းကို ဝင်ရှင်းရာမှာ တော့ နာရီပေါင်းအတော်ကြာ ပစ်ခတ်ဖြိုခွင်း ခဲ့ရပါတယ်။ အဲဒီ သပိတ်စခန်းအပေါ် ကောင်းကင်ယံမှာတော့ ကားတာယာကို မီးလောင်လို့ ထွက်လာတဲ့ မီးခိုးလုံးတွေနဲ့ ပိန်းမှောင်နေပါတယ်။

အဲဒီနေရာတဝိုက်ကိုတော့ လုံခြုံရေးတွေက ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆန္ဒပြသူတွေကနေ အဲဒီကို ဝင်ရောက်ဖို့ ကြိုးစားခဲ့တာကြောင့် အနီးအနား လမ်းတွေပေါ်မှာ နောက်ထပ် ထိပ်တိုက်ရင်ဆိုင်မှုတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြသူတွေကနေ ခဲတွေနဲ့ ပစ်ပေါက်ရာ လုံခြုံရေးတွေက တကယ့်ကျည်အစစ်တွေနဲ့ ပြန်ပြီး ပစ်ခတ်ခဲ့တယ်လို့ ဘီဘီစီ သတင်းထောက် ပြောပါတယ်။ အဲဒီနေရာ တဝိုက် ဆေးရုံးတွေ ကိုလည်း လုံခြုံရေးတွေက ထိန်းချုပ်ထားလိုက်ပြီလို့ သူကပြောပါတယ်။

မွတ်ဆလင်ညီနောင်များအဖွဲ့ကတော့ သေဆုံးသူ ရာဂဏန်း ရှိတယ်လို့ ပြောနေပေမယ့် ထိခိုက်သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်ပြီး သတင်းတွေဟာ အကြီးအကျယ် ကွဲလွဲမှုတွေ ရှိနေပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနကတော့ အဲဒီဗလီနားမှာ လူ ၅၆ ဦး သေဆုံးတယ်လို့ ဖော်ပြပြောဆိုတာ ရှိပါတယ်။

မွတ်ဆလင်ညီနောင်များအဖွဲ့ကတော့ သူတို့အဖွဲ့ကို ထောက်ခံသူတွေအနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြကြဖို့ တိုက်တွန်းထားပါတယ်။

ရဲကတော့ လူအုပ်စုတွေ တခုနဲ့တခု ပေါင်းစပ်လို့ မရအောင် ကာကွယ်တားဆီးနေပါတယ်။

ထောင်နဲ့ချီတဲ့လူတွေဟာ ကိုင်ရို အနောက်ဘက်က ဗလီ တခု အပြင်မှာ စုရုံးခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

From:BBC

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D