Day Party များ ပြုလုပ်လျက်ရှိသည့် နေရာများမှာ အလုံမြို့နယ်ရှိ Sky Wall ၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ IQ (သို့မဟုတ်) Cloud 9 ၊ တာမွေမြို့နယ်ရှိ IT ကလပ် စသည့်နေရာများတွင် ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။
''ကျွန်တော့်ရဲ့ ကိုးတန်းကျောင်းသူ သမီးက သူ့သူငယ်ချင်းတွေနဲ့ Day Club တွေကို ခိုးပြီးသွားခဲ့ပါတယ်။ ကျွန်တော် ကိုယ်တိုင်လိုက်ရှာပြီးတော့ မျက်မြင်တွေ့ခဲ့တာပါ။ အများစုက ၈ တန်း ၉ တန်း ကလေးတွေပါ။ မိန်းကလေး အများစုက သရုပ်ပျက် ၀တ်စားဆင်ယင်မှုတွေ လုပ်ကြသလို ယောက်ျားလေးတွေရော မိန်းကလေးတွေပါ အရက်သေစာ သောက်စားကြတာကို တွေ့ရပါတယ်။ နောက်ဆက်တွဲ အန္တရာယ်တွေလည်း အများကြီး ရှိလာနိုင်ပါတယ်။ အရင်က ဒီလိုပွဲတွေ ပြုလုပ်တာ အရမ်းမများသေးပေမယ့် အခုနောက်ပိုင်းမှာတော့ တစ်လကို အနည်းဆုံး တစ်ပွဲလောက် လုပ်လာကြတာကို တွေ့ရတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ သေချာစုံစမ်း တားမြစ်သင့်တယ်လို့ ထင်ပါတယ်'' ဟု တာမွေမြို့နယ်မှ ဆယ်ကျော်သက် မိန်းကလေးတစ်ဦး၏ ဖခင်ဖြစ်သူ ဦးအောင်ကိုဦးက ပြောပြခဲ့သည်။
အများစုက ၈ တန်း ၉ တန်း ကလေးတွေပါ။ မိန်းကလေး အများစုက သရုပ်ပျက် ၀တ်စားဆင်ယင်မှုတွေ လုပ်ကြသလို ယောက်ျားလေးတွေရော မိန်းကလေးတွေပါ အရက်သေစာ သောက်စားကြတာကို တွေ့ရပါတယ်။ နောက်ဆက်တွဲ အန္တရာယ်တွေလည်း အများကြီး ရှိလာနိုင်ပါတယ်။ အရင်က ဒီလိုပွဲတွေ ပြုလုပ်တာ အရမ်းမများသေးပေမယ့် အခုနောက်ပိုင်းမှာတော့ တစ်လကို အနည်းဆုံး တစ်ပွဲလောက် လုပ်လာကြတာကို တွေ့ရတယ်… |
''ပုလဲကွန်ဒိုနားက အသစ်ဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင်ရှေ့မှာ ဆယ်ကျော်သက် ကောင်လေးတွေ ကောင်မလေးတွေ အများကြီး စုနေတာကို တွေ့ရတော့ ဘာပွဲရှိလဲ စုံစမ်းကြည့်တဲ့အခါ Day Party လုပ်နေတာလို့ ပြောတယ်။ အများစုကတော့ လွယ်အိတ်လေးတွေနဲ့ လာကြတာဆိုတော့ ကျူရှင်တို့ ကျောင်းတို့ကနေ လာကြတာ ဖြစ်ဖို့များတယ်။ ကောင်လေးတွေက စီးကရက် ကိုယ်စီလက်ကြားညှပ်လို့၊ ကောင်မလေး တချို့လည်း ဘီယာဘူးလေးတွေကိုင်လို့၊ အများစုကတော့ တော်တော်ကြီးကို ခေတ်လွန်တဲ့ ပုံစံမျိုးတွေ ၀တ်ထားတာ တွေ့ရတယ်။ သေချာတာကတော့ မိဘခွင့်ပြုချက်နဲ့ လာကြတာ တစ်ယောက်မှ ပါဟန်မတူဘူး။ ဒီလိုပွဲမျိုးတွေကို ဘယ်လို ခွင့်ပြုချက်တွေနဲ့ လုပ်နေတာလဲ၊ ဘယ်သူတွေက တာဝန်ယူပြီး လုပ်နေတာလဲ၊ မိဘတွေကရော ကိုယ့်သားသမီးတွေ ကျူရှင်တို့ ကျောင်းတို့မှာ စာသင်နေတယ်ဆိုတဲ့ အထင်နဲ့ စိတ်ချလက်ချ ဖြစ်နေတာလား ဆိုတာတွေ စဉ်းစားမိပါတယ်။ အခုလို အရွယ်မရောက်သေးတဲ့ ကလေးတွေချည်းပဲ စုထားတဲ့ပွဲမျိုး လုပ်တယ်ဆိုတာ အန္တရာယ် များပါတယ်။ ရန်ဖြစ်တာကစလို့ တခြားနောက်ဆက်တွဲ အန္တရာယ်တွေ အများကြီး ရှိနိုင်ပါတယ်'' ဟု ရန်ကင်းမြို့နယ်မှ ကိုဇော်ဇော်က သူတွေ့မြင်ခဲ့မှုနှင့် ပတ်သက်ပြီး ရှင်းပြခဲ့ပါသည်။
Day Party များ ပြုလုပ်ရာတွင် Day Club များနှင့် ကွာခြားမှု မရှိကြောင်း၊ ဒီဂျေတီးပေးသည့် တီးလုံး သံစဉ်များအတိုင်း လာရောက်သူများမှာ ကကြခြင်းသာ ဖြစ်ကြောင်း၊ တချို့ Day Party များတွင် Sexy Dance ပြိုင်ပွဲများလည်း ထည့်သွင်း ပြုလုပ်ကာ ဆုပေးခြင်းများလည်း ရှိကြောင်း၊ အသက်ကန့်သတ်ချက် မရှိ ပါဝင်ခွင့် ပြုထားခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ယခင်နှစ်များက ရန်ကုန်မြို့ တွင် Day Club များ ဖွင့်လှစ်ထားပြီး ဆယ်ကျော်သက်အရွယ် အများစု သွားရောက်ခြင်းကြောင့် အဆိုပါ Day Club များအား အရေးယူခဲ့သော်လည်း ယခုအခါ အသွင်သဏ္ဍာန်တစ်ခု ပြောင်းလဲကာ Day Party များအဖြစ် ပြောင်းလဲ ကျင်းပလာကြခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
From : ..eleven
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...