အီဂျစ်နိုင်ငံမှာ ဖြစ်နေတဲ့ ဆန္ဒပြမှုအတွင်း
သေဆုံးသူ အယောက်ပေါင်း ခြောက်ရာကျော်သွားပြီးလို့ အီဂျစ် အစိုးရက
အတည်ပြုပြောကြားလိုက်ပါတယ်။ဒါပေမယ့် သမ္မတဟောင်း မိုဟာမက် မော်စီကို ထောက်ခံတဲ့အဖွဲ့
Muslim Brotherhood ပါတီကတော့ သေဆုံးသူ
နှစ်ထောင်ဝန်းကျင်လောက်ရှိတယ်လို့ ဆိုပါတယ်။ အခုဆိုရင် ဆန္ဒပြတဲ့
လူအုပ်စုတွေကို ဖြိုခွင်းဖို့အတွက် ရဲတပ်ဖွဲ့တွေကို
ပစ်မိန့်ပေးလိုက်ပြီလို့ သိရပါတယ်။အခုလို အီဂျစ်နိုင်ငံမှာ
ဖြစ်နေတဲ့ ဆန္ဒပြမှုနဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် နိုင်ငံတကာကလည်း
အကြီးအကျယ်ရှုတ်ချခဲ့သလို နောက်ဆုံးလက်ရှိအခြေအနေအရ အီဂျစ်နိုင်ငံနဲ့
စစ်ရေးပူးတွဲလေ့ရေး လုပ်မဲ့ အမေရိကန်နိုင်ငံကလည်း
လေ့ကျင့်ရေးအစီအစဉ်ကို ဖျက်လိုက်ပြီလို့ သိရပါတယ်။
အဲ့ဒါအပြင် အမေရိကန်နိုင်ငံက အီဂျစ်နိုင်ငံကို နှစ်စဉ်ထောက်ပံ့ပေးနေတဲ့ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကိုလည်း ပြန်လည်သုံးသပ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
အဲ့ဒါအပြင် အမေရိကန်နိုင်ငံက အီဂျစ်နိုင်ငံကို နှစ်စဉ်ထောက်ပံ့ပေးနေတဲ့ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကိုလည်း ပြန်လည်သုံးသပ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
(မောင်ကျောက်ခဲ အဖွဲ့)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...