သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 15, 2013

အုပ်စုဖွဲ့သေကြောင်းကြံစည်ရန် ကြိုးပမ်းမှုတရုတ်တွင် ဖြစ်ပွား

ပိုးသတ်ဆေးသောက်ကာ လူ ၁ဝဦးထက်မနည်း မိမိကိုယ် မိမိသေကြောင်းကြံစည်ရန် ကြိုး ပမ်းမှု ပေကျင်းတွင်ဖြစ်ပွားခဲ့ ကြောင်း ဩဂုတ် ၁၄ရက်မီဒီ ယာသတင်းအရ သိရသည်။ အ ဆိုပါလူအုပ်စုထဲမှ တချို့သည် ''ဟာဘင်ရထားသံလမ်း အစိုးရ ဌာန'' ဟူသောစာတန်း များရေး သားထားသည့် တီရှပ်များဝတ် ဆင်ထားကြောင်းသိရသည်။

တရုတ်နိုင်ငံ၏ရထားသံ လမ်းရေးရာဝန်ကြီးဌာနကို မတ် လက ဖျက်သိမ်းခဲ့ပြီး အလုပ်များ ပြတ်တောင်းသွားမည်ကို စိုးရိမ် နေကြသည်။ တရုတ်နိုင်ငံအရှေ့ မြောက်ဘက်ရှီဟာဘင်ပြည် နယ်တွင် ၁၉၉ဝပြည့်နှစ်နှောင်း ပိုင်းမှစပြီး နိုင်ငံပိုင်စက်ရုံပြန် လည်ဖွဲ့မှုကြောင့် အလုပ်လက်မဲ့ ပြဿနာများ ရင်ဆိုင်နေခဲ့ရ သည်။

အဆိုပါအုပ်စုဖွဲ့အဆိပ် သောက်သေကြောင်းကြံစည်မှု သည် ပေကျင်း အနောက်ဘက် ရထားဘူတာအနီးရှိလမ်းမတွင် ဖြစ်ပွားခဲ့ပြီး ရဲများနှင့် အရေး ပေါ်လူနာတင်ယာဉ်များက ၎င်း တို့ကို ဆေးရုံသို့ခေါ်ဆောင် သွား ကြောင်း သိရသည်။အဆိပ်သောက်သူများတွင် သေဆုံးသူ ရှိမ
ရှိကို မဖော်ပြခဲ့ဟု သိရသည်။ အဆိုပါအုပ်စုတွင် ပါဝင်သူများ ဆေးရုံမှ ဆင်းသွားခဲ့ပြီဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောခဲ့သည်။ တရုတ်နိုင်ငံသည် သေကြောင်း ကြံစည်မှုအများဆုံးနိုင်ငံတစ်ခု ဖြစ်သည်။


From : ..ymg

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D