သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 15, 2013

ရန်ကုန်တွင် တစ်ရက်အတွင်း လူသေမှု ခြောက်မှုဖြစ်


 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOTtgf_QAmJMZBYMf78ROwqZykkQNKwz9p97uXTHpOfXbcMblV4FZ2GAhyphenhyphenv8hSRptBbLlZfiZsf4m8tPwxlnuRkCL84kfES09B15pljoqAMOy8IhFy8mwSUamNMiEuI0v2VJqxViwJF_vQ/s1600/7day_11_29_1.jpg

ရန်ကုန်တိုင်းအတွင်း၌ သြဂုတ် ၁၃ ရက် တစ်ရက်တည်းအတွင်း လူသေမှုခြောက်မှု ဖြစ်ပွားခဲ့ပြီး ထိုအမှုများ၏ ထက်ဝက်မှာအခြေအနေမဲ့ နေထိုင်သူများ အာဟာရချို့တဲ့၍ သေဆုံးရခြင်းဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ယင်းလူသေမှုများသည် ဒလမြို့နယ်တွင် နှစ်မှု၊ မင်္ဂလာဒုံမြို့နယ်တွင် နှစ်မှု၊ တောင်ဒဂုံမြို့နယ်တွင် တစ်မှုတို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူစုစုပေါင်း ခြောက်ဦးအထိ ရှိခဲ့သည်။

ဒလမြို့တွင်ဖြစ်ပွားခဲ့သော လူသေမှုဖြစ်စဉ်တစ်ခုသည် ရက်ကွက်အတွင်း အခြေအနေမဲ့ သွားလာနေသူ အသက် ၅၀ အရွယ်ခန့် ပိန်ချုံးချိနဲ့နေသော အမျိုးသားကြီးတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းသည် သေဆုံးချိန်တွင် အရက်အလွန် အကျွံသောက်ထားပြီး လမ်းဘေးပလက်ဖောင်းတွင် အိပ်စက်လျက် သေဆုံးနေခြင်းဖြစ်သည် ရဲမှတ်တမ်းတွင် တွေ့ရသည်။


နောက်တစ်မှုမှာလည်း အသက် ၆၀ အရွယ်အမျိုးသားကြီးတစ်ဦးသည် ဒလမြို့နယ် နားနေဆောင်တစ်ခုတွင် နံရံကို မှီထိုင်ပြီး သေဆုံးနေခြင်းဖြစ်ပြီး ၎င်းသည်အားအင်ချိနဲ့၍ အာဟာရပြတ်လတ် သေဆုံးသည့် လက္ခဏာရှိသည်ဟု ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိထားသည်။

တောင်ဒဂုံတွင်ဖြစ်ပွားခဲ့သည့် လူသေမှုမှာ အိမ်ရာအတည်တကျမရှိဘဲ လှည့်လည်သွားလာနေသော အသက် ၄၅ နှစ်အရွယ် တီဘီရောဂါသည်တစ်ဦးသည် တိုက်ခန်းတစ်ခု၏ ဘေးတွင် သေဆုံးနေခြင်းဖြစ်သည်ဟု ရဲကဆိုသည်။

ထို့အတူပင် ပူဖောင်းရောင်းချ စားသောက်သည့် အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးရပ်ကွက်အတွင်းရှိ အောင်စည်းခုံဘုရား ဈေးတန်းရှေ့ မြေကွက်လပ်တွင် အိပ်စက်နေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲကမှတ်တမ်းတင်ထားသည်။

၎င်းသည်သေဆုံးချိန်တွင် အရက်သေစာသောက်စားထားသည်ဟု ရဲများကဆိုထားပြီး ကနဦး စစ်ဆေးချက်များအရ သူသည် တွေ့ရာနေရာတွင် ၀င်ရောက်အိပ်စက်တတ်သူဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့တွင် ဖြစ်ပွားခဲ့သော လူသေမှုမှာမူ အမျိုးသား နှစ်ဦးငါးမျှားရင်း ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အထက်ပါလူသေမှုများနှင့်ပတ်သက်၍ ရဲများကအလောင်းများကို စစ်ဆေးရန် ဆေးရုံသို့ပို့ဆောင်ကာ သေဆုံးသည့် အကြောင်းအရင်းကို တိကျစွာသိနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်ဟုလည်း ဆိုသည်။

ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ မေ ၁၆ ရက် အထိ လေးလကျော်ကာလ အတောအတွင်း ရန်ကုန်တိုင်းတွင် သေမှုသေခင်းပေါင်း ၄၅၇ မှုထိဖြစ်ပွားခဲ့ပြီး ယင်းသေဆုံးမှုများအနက် ရေနစ်သေဆုံးမှု ၈၉ မှု၊ မိမိကိုယ်ကို အဆုံးစီရင်မှု ၈၂ မှုရှိပြီး ကျန်အမှုများမှာရောဂါကြောင့် သေဆုံးခြင်းဖြစ်သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

1 comment:

  1. အဟာရ ပြတ်တယ် ဆိုပေမယ့်... အရက်တော့ သောက်နိုင်သားပဲ... အရက်မသောက်ဘဲ... ထမင်းဘာ လို့ ၀ယ်မစားတာလဲ

    ReplyDelete

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D