သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, August 16, 2013

မြန်မာ့အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းတစ်ခု ဆော်ဒီရောက်ဘင်္ဂလီအဖွဲ့အစည်းများနှင့် ပတ်သက်မှုရှိ

၂၀၀၉ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း အရှေ့အလယ်ပိုင်းဒေသမီဒီယာနှစ်ခုမှတင်ဆက်ခဲ့သည့် သတင်းဆောင်းပါးနှစ်ပုဒ်အရအတိုက်အခံ နိုင်ငံရေးပါတီတစ်ခုသည် နိုင်ငံမဲ့ဘင်္ဂလီများအား မြန်မာနိုင်ငံ
သားဖြစ်ခွင့်ရရှိရေးအတွက် မျှော်လင့်ချက်များ ပေးထားကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

၂၀၀၉ခုနှစ် ဇွန်လ၉ရက်နေ့ အာရပ်စော်ဘွားများပြည်ထောင်စုအခြေစိုက် The National သတင်းစာတွင် RSO (Rohingya Solidarity Organization) ဆော်ဒီအာရေးဗီးယားနိုင်ငံ အဖွဲ့ခွဲ၏ ဥက္ကဌဖြစ်သူ Salim Ullah Hussein Abdul Rahman၏ ပြောဆိုချက်အား အောက်ပါအတိုင်း ဖော်ပြထားသည် ကို တွေ့ရှိရ သည်။

"the democratic opposition has promised Mr Abdul Rahman [Salim Ullah Hussein Abdul Rahman] that if elected, they will grant the Rohingya official minority status and allow them to return as citizens".
http://www.thenational.ae/news/world/middle-east/the-rohingyas-lives-in-limbo#page2

ဝီကီလိခ်၏ဖော်ပြချက်အရ RSO သည် အမေရိကန်အစိုးရမှတ်တမ်းများတွင် အယ်လ်ကိုင်ဒါအစွန်းရောက် အကြမ်းဖက်အဖွဲ့နှင့် အဆက်အစပ်ရှိကြောင်း သိရှိရသည်။

၂၀၁၂ခုနှစ် ဇွန်လ၂၀ရက်နေ့ ဆော်ဒီအာရေဗီးယားနိုင်ငံထုတ် Saudi Gazette သတင်းစာ တွင် ဆော်ဒီနိုင်ငံ ၏ အရှေ့တောင်အာရှရေးရာ သံတမန်ဟောင်းတစ်ဦးဖြစ်သည့် Dr. Ali Al-Ghamdy ၏ ဆောင်းပါးတွင် ဆော်ဒီအခြေစိုက် RSO အဖွဲ့ခွဲဥက္ကဌမှ မြန်မာ့အတိုက် အခံ ဒေါ်အောင်ဆန်းစုကြည် အား ၎င်းတို့၏အရေးနှင့် စပ်လျဉ်း၍ ချီးကျူးပြောဆိုသွားကြောင်း အောက်ပါအ တိုင်း ဖော်ပြထားသည် ကို တွေ့ရှိရသည်။

“Salimullah, [Salim Ullah Hussein Abdul Rahman] chairman of the Rohingya Rights Organization, has talked by phone with officials of several Muslim governments as well as with leaders of the Organization of the Islamic Cooperation and several international human rights organizations. He has praised the position of the opposition leader Aung San Suu Kyi with regard to their problem. However, he was not able to brief her on the latest turbulent situation because she was in Europe to receive the Nobel Peace Prize which was awarded to her two decades ago.”
http://www.saudigazette.com.sa/index.cfm?method=home.regcon&contentid=20120620127584

၂၀၀၉ခုနှစ်ဇွန်လထုတ် UAE အခြေစိုက် The National သတင်းစာဖော်ပြချက်အရ ဘင်္ဂလီများအား မျှော် လင့်ချက်ပေးခဲ့သည့် အတိုက်အခံပါတီသည် ရွေးကောက်ပွဲအနိုင်ရလျှင် ၎င်းတို့အား နိုင်ငံသားဖြစ်ခွင့်ပေး မည်ဟု ကတိပြုထားကြောင်း ဖော်ပြထားသဖြင့် ၎င်းပါတီသည်၂၀၁၀ရွေးကောက်ပွဲတွင် ပါဝင်မယှဉ်ပြိုင် ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်သည်ဟု တထစ်ချပြောဆို၍ မရနိုင်သော်လည်း လက်ရှိအနေ အထားတွင် ဘင်္ဂလီများဖက်မှ ရပ်တည်၍ ၁၉၈၂မြန်မာနိုင်ငံသား ဥပဒေအား ပြန်လည်ပြင်ဆင်ရန် ထုတ်ဖော်ပြောဆိုမှုများ ရှိနေသဖြင့် NLDသည် သံသယရှိဖွယ် အဖွဲ့အစည်းများစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လျှက်ရှိသည်။ အထက်ပါသတင်းများနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြတ်သားသော ရပ်တည်ချက်အား အများပြည်သူထံ ထုတ်ပြန်ပေးပါရန် လေးစားစွာပန်ကြားအပ်ပါသည်။
FROM-WON THAR NU

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D