သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, August 14, 2013

ကလေးဝ၌ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ စင်္ကာပူနှင့်ပေါင်း၍ တည်ဆောက်မည်

ကလေးဝမြို့နယ်တွင် မဟာဓာတ်အားလိုင်း ဓာတ်အားဖြည့်ရန်နှင့် ဘိလပ်မြေစက်ရုံအတွက် ဓာတ်အား ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ နိုင်ငံခြားကုမ္ပဏီနှင့် မြန်မာနိုင်ငံပိုင် ကုမ္ပဏီတို့ပူးပေါင်း၍ ကျောက်မီးသွေး သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်မည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှသိရသည်။

ထိုကဲ့သို့ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရာ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်တို့ လေ့လာခဲ့သည့် ဂျပန်နိုင်ငံမှ ထုတ်လုပ်သော စက်အမျိုးအစားများ၊ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးသည့် စက်အမျိုးအစားများကိုသာ အသုံးပြုသွားမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရှိရသည်။

 ''လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု JV/B.O.T စနစ်ကိုအခြေခံပြီး အကောင်အထည် ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ဖို့အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကိုယ်စား ယခင်အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရေအား လျှပ်စစ်စီမံရေးဦးစီးဌာနနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Guodian Corporationနဲ့ ထွန်းသွင်သတ္တုလုပ်ငန်း ကုမ္ပဏီလီမိတက်တို့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့ရဲ့ မြောက်ဘက် ၁၈ ကီလိုမီတာအကွာ ချင်းတွင်း မြစ်ကမ်းကနေ ၁.၅ ကီလိုမီတာ အကွာအဝေးမှာ ကလေးဝကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကိုတည် ဆောက်မှာဖြစ်ပါတယ်။ စက်တပ်ဆင်မှု အင်အားမှာ ပထမအဆင့် မဂ္ဂါဝပ်၂၇၀ နဲ့ ဒုတိယအဆင့် မဂ္ဂါဝပ်၂၇၀ဖြစ်ပါတယ်။ China Guodian Corporation နဲ့ ပြည်တွင်း တိုင်းရင်းသားကုမ္ပဏီဖြစ်တဲ့ ထွန်းသွင်သတ္တုလုပ်ငန်းကုမ္ပဏီလီမိတက်တို့ ပူးပေါင်းပြီး ကလေးဝ ကျောက်မီး သွေးသုံးဓာတ်အားပေးစက်ရုံ စီမံကိန်းဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာကိုပြုစုပြီးတော့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကိုတင်ပြခဲ့ပါတယ်။ ဝန်ကြီးဌာနကအစီရင်ခံစာကို အသေးစိတ် စိစစ်ခဲ့ပြီး စီမံကိန်းအား Clean Coal Technology ကိုအသုံးပြုပြီးတော့ အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ အတည်ပြုပေးခဲ့ပြီးဖြစ်ပါတယ်''ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်သန်းဦးကပြောသည်။

အဆိုပါစီမံကိန်းကိုအကောင်အထည်ဖော်မည့် တရုတ်နိုင်ငံမှChina Guodian Corporation သည် စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်း မရှိကြောင်းနှင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုကို စွန့်လွှတ်ပါကြောင်း တရားဝင်တင်ပြလာခဲ့သည်။ 

စီမံကိန်းအား ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ထွန်းသွင်သတ္တုလုပ်ငန်းကုမ္ပဏီလီမိတက် အနေဖြင့် ဝန်ကြီးဌာနမှ အတည်ပြုခဲ့သည့် စီမံကိန်းဆိုင်ရာဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာကို ပြောင်းလဲခြင်းမပြုဘဲ ကလေးဝ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို အောင်မြင်စွာ ဆက်လက် အကောင်အထည်ဖော်နိုင်ရန် အတွက် စင်္ကာပူနိုင်ငံအခြေစိုက် ISDN Holding Limited ဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် တင်ပြလာသည်ဟု ၄င်းက ဆက်ပြောသည်။

ကလေးဝမြို့တွင် ကျောက်မီးသွေးတွင်းရှိပြီး လမ်းစဉ်ပါတီခေတ်က ကျောက်အုံလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ကလေးမြို့အထိ ဓာတ်အားများ ထုတ်လုပ်ခဲ့ကြောင်း၊ လျှပ်စစ်ထုတ်လုပ်မှုကြောင့် ဆိုးကျိုးများစွာကို မသိနား မလည်ခဲ့ရသော်လည်း ယနေ့ လေ့လာထားမှုများအရ စက်ရုံ၏ပတ်ဝန်းကျင်တွင်အမှုန်အမွှားများ ကျရောက်ပြီး သစ်ပင်များ စိုက်ပျိုးမရနိုင်တော့ခြင်းများ ကြုံတွေ့ခဲ့ရကြောင်း အသက်(၅၀)အရွယ်ဒေသခံတစ်ဦးက ပြောသည်။
''ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ်ဆိုရင် ကျောက်မီးသွေးပါတဲ့အတွက် အချိုးအစား တွဲဖက်ပစ္စည်းပေါ့နော်၊ တွဲဖက်ပစ္စည်းသန့်စင်မှုရှိရမယ်။ မသန့်စင်တဲ့ပစ္စည်းတွေကို ထည့်သုံးမိရင် ကျောက်မီးသွေးကို မီးရှို့တဲ့အခါထွက်လာတဲ့ အခိုးအငွေ့ကလူကို အဆိပ်ငွေ့ ဖြစ်စေတယ်။ သဘာဝပတ်ဝန်းကျင်ကို လေထုညစ်ညမ်းမှု တွေ ဖြစ်ပေါ်စေတယ်။ အသုံပြုတဲ့အချိုးအစာနဲ့ မူကောင်းဖို့လိုတယ်။ ကျောက်မီးသွေးကို အသုံးပြုတဲ့စနစ်က ကောင်း ရင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုလျော့နည်း စေပါတယ်။ ကျောက်မီးသွေးကို အသုံးပြုတဲ့အခါ အခိုးအငွေ့ အမှုန် အမွှားတွေ ထွက်လာမယ်။ ထွက်လာတဲ့အခိုးအငွေ့တွေက မီးခိုးခေါင်းတိုင်ကနေ ထွက်တာဆိုတော့ မီးခိုးခေါင်းတိုင်ကို စနစ်တကျ လုပ်ဖို့လိုတယ်။ မီးခိုးခေါင်းတိုင်ကထွက်လာတဲ့ အခိုးအငွေ့တွေက သဘာဝပတ်ဝန်းကျင်ကို မထိခိုက် အောင်လုပ်ရမယ်။ ဥပမာတရုတ်နဲ့ဂျပန်နိုင်ငံတို့ကအသုံးပြုနေတဲ့စက် အမျိုးအစားနဲ့ထုတ်လုပ်တဲ့မူစနစ်အတိုင်း ဆိုရင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့နည်းစေပါတယ်''ဟု ဘူမိဗေဒပညာရှင်ဦးညွှန့်အောင်က ပြောသည်။

ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ပြီးစီးပါက စက်ရုံးပတ်ဝန်ကျင်ကိုသဘာဝအတိုင်း ပြန်လည်ပြုပြင်ပေးရန် လိုအပ်ကြောင်း၊လယ်ယာမြေများသစ်ပင်များကိုမူလအတိုင်းဖြစ်အောင် ပြုလုပ်ပေးသင့် ကြောင်း၊ စက်ရုံးတည်ဆောက်စဉ်က ယူထားသေားမြေဆီလွှာမြေသားများကို ပြန်လည်ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ ကျောက်မီးသွေးစက်ရုံမှထွက်ရှိသော အခိုးငွေ့များကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းအောင် လိုအပ်ကြောင်း ၄င်းကဆက်ပြောသည်။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသည့် ကျောက်မီးသွေးသုံးစက် အမျိုးအစားအရည်အချင်းတူ စက်မျိုး ဟုတ်/ မဟုတ်နှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့်လူမှုပတ်ဝန်းကျင်ကိုမထိခိုက်စေရေးအတွက် Clean Coal Technology ကို အသုံးပြု၍ ကမ္ဘာ့ဘဏ်မှသတ်မှတ်ထားသည့် စွန့်ပစ်ပစ္စည်းသတ်မှတ်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်နိုင်မည့် စွမ်းဆောင်ရည်မြင့်မားသော စက်အမျိုးအစားများကိုသာ အသုံးပြုတည်ဆောက်သွား စေမည်ဖြစ်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်သန်းဦးကပြောကြားထားသည်။

အဆိုပါစီမံကိန်းစတင် တည်ဆောက်မည့် နေ့ရက်နှင့်ပတ်သက်၍ ကလေးဝကျောက်မီးသွေးသုံး ဓာတ်အား‌ပေးစက်ရုံ စီမံကိန်းMOUအနေဖြင့်စီမံကိန်းကိုဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိစူးစမ်းလေ့လာရန်အတွက်သာ ခွင့်ပြုခြင်း ဖြစ်သည်ဟု သိရသည်။ စီမံကိန်းဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းဆိုင်ရာ ကုမ္ပဏီများမှ တင်ပြလာသည့် စီးပွားရေးဆိုင်ရာ တွက်ခြေကိုက်မှု စိစစ်ချက် ကို အသေးစိတ် စိစစ်ပြီးနောက် သဘောတူညီမှု စာချွန်လွှာ  (MOA)၊ ဖက်စပ်သဘောတူညီချက် စာချုပ် (JVA) ကိစ္စရပ်များ ဆက်လက်ဆောင်ရွက်ပြီးမှာသာလျှင် စီမံကိန်း စတင်တည်ဖောက်မည့် နေ့ရက်ကို အတိအကျ သတ်မှတ်နိုင်မည်ဖြစ်သည်ဟု သိရှိရသည်။

ယခုအခါ စီမံကိန်းအကောင်အထည်ဖော်မည့်ကုမ္ပဏီများနှင့်MOAကိစ္စရပ်များကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

From : ..မြစ်မခ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D