သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, September 1, 2013

လယ်သမားအရေးလှုပ်ရှားသူ ဦးဝင်းချို ပဲခူးတွင်ဖမ်းခံရ

သိမ်းဆည်းခံ လယ်မြေများ ပြန်လည် ရရှိရေးအတွက် ခွင့်ပြုချက်မရဘဲ ပဲခူးမြို့တွင် ဆန္ဒပြတောင်းဆိုသူ ဦးဝင်းချို အပါအဝင် လူခုနစ်ဦးကို ပုဒ်မ ၅၀၅/ခဖြင့် ပဲခူးမြို့ရဲစခန်းက ဖမ်းဆီးခဲ့ကြောင်းအဆိုပါ ဆန္ဒပြမှုတွင် ပါဝင်သူတစ်ဦးဖြစ်သူ ဦးမောင်မောင်က ပြောကြားသည်။

စီမံကိန်းများအတွက်သိမ်းဆည်းထားသောမြေများမှအသုံးမပြုဘဲပိုလျှံမြေများကိုလယ်သမားများထံ ပြန်ပေးရန် လမ်းလျှောက် ဆန္ဒပြတောင်းဆိုမှုကို သြဂုတ် ၃၁ နံနက် ၁၀ နာရီက ပဲခူးမြို့ရွှေမော်ဓောဘုရားမှ ပဲခူးမြို့လယ်နာရီစင်အနီးရှိ လိပ်ပြာကန်သို့ လူ ၁၅ ယောက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လိပ်ပြာကန် အရောက်တွင်တရားမျှတမှုလယ်သမားထုရရှိရေးခေါင်းစဉ်ဖြင့်ဟောပြောနေစဉ်ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖမ်းဆီးခံရသူများကို ပဲခူးမြို့နယ် တရားရုံးကို ဖမ်းဆီးခေါ်ဆောင်သွားကာ စက်တင်ဘာ ၂၃ ရက်တွင်ရုံးတင် စစ်ဆေးမည်ဖြစ်ပြီး ဆန္ဒပြတောင်းဆိုပွဲ ပြုလုပ်ခွင့်ရရန် ပဲခူးမြို့ရဲစခန်း၊ ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးများကို သုံးကြိမ်ခန့် တင်ပြခဲ့သော်လည်း ခွင့်ပြုချက် မရရှိကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ပဲခူးမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အမှတ် (၁) ပဲခူးမြို့နယ် ရဲစခန်းက ဖမ်းဆီးခြင်း ဖြစ်ကြောင်းပြော၍ အမှတ် (၁) ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးပြီးပြီးချင်း တရားရုံးကို ခေါ်ဆောင်သွားသည်သာ သိရှိကြောင်း၊ အခြားအကြောင်းအရာ
များနှင့် ပတ်သက်၍ တာဝန်မှူးမရှိကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။

လက်ပံတောင်းတောင် အရေးကိစ္စဖြင့် မုံရွာမြို့တွင် သြဂုတ်လ ၁၃ ရက်နေ့က ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်ခဲ့သော ဒေါ်နော်အုန်းလှကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈ ဖြင့် တရားမစွဲဘဲ ပုဒ်မ ၅၀၅/ခ တရားစွဲဆိုကာ သြဂုတ်လ ၂၉ ရက်နေ့က ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

ကောင်းဆက်နိုင်
he Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D