သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, September 1, 2013

သွားတိုက်ပါ

ဘာကြောင့် သွားတိုက် သင့်တာလဲ ဆရာ။
သွားတိုက်တာက သွားတွေကို သန့်ရှင်းအောင် တိုက်ရတာ ဖြစ်ပါတယ်။ ခံတွင်းထဲမှာ ဘက်တီးရီးယားပိုး တွေ ရှိနေပါတယ်။ စားလိုက်တဲ့ အစာတွေနဲ့ တံတွေး ဓာတ်ပ စ္စည်းတွေ ဓာတ်ပြုပြီး ဘက်တီးရီးယား အကွက် လွှာ (Bacterial Plaque) တွေ ဖြစ်လာ ပါတယ်။ အဲဒီဘက် တီးရီးယား အကွက်လွှာ ထဲပါတဲ့ ပိုးတွေက သွားမျက်နှာပြင်မှာ တွယ်ကပ်ပြီး အစားအစာနဲ့ ဓာတ်ပြုရာက ထွက်လာတဲ့ ဒြပ်ပေါင်း (End Products or Metabolic Products) တွေက သွားတွေကို ပျက်စီး စေပါတယ်။ သွားဖုံးတွေကို လောင်ကျွမ်း စေပါတယ်။ သွားတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယား အကွက်လွှာတွေကို ဖယ်ရှားလိုက်ရင် ခံတွင်း သန့်ရှင်း သွားပြီး သွားပိုးစား ရောဂါ၊ သွားဖုံးရောင်တာ၊ သွားမြစ်ဝှမ်း ရောဂါနဲ့ ရေစီး ကမ်းပြို ရောဂါတို့ မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။

ခံတွင်းထဲမှာ Lactobacillus၊ Acidophilus၊ Streptoccocus နဲ့ Mutans အစရှိတဲ့ ပိုးတွေနဲ့ စားကြွင်း စားကျန်တွေ ဓာတ်ပြုရာက အက်စစ်ငရဲမီးကို ထုတ်ပေးပါတယ်။ အဲဒီငရဲမီးက သွားတွေကို ပိုးစား စေပါတယ်။ သွားဖုံးရောဂါ ဖြစ်စေတဲ့ တခြားအုပ်စုနဲ့ ဓာတ်ပြုသလို စားကြင်း စားကျန် တွေနဲ့ ဓာတ်ပြုပြီး အဆိပ်တွေ ထုတ်လိုက် ပါတယ်။ အဲဒီ အဆိပ်တွေက သွားဖုံးကို စားပြီး သွားမြစ်ဝှမ်း ရောဂါကို ဖြစ်စေပါ တယ်။ ရေစီးကမ်းပြို ရောဂါကို ဖြစ်စေ ပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ ဘက်တီးရီးယား အကွက်လွှာကို ဖယ်ရှား ဖို့ စနစ်မှန် သွားတိုက်နည်းကို သုံးရပါမယ်။ ခံတွင်းသန့်ရှင်းရင် သွားပိုးစားရောဂါနဲ့ သွားဖုံးရောဂါတို့ မဖြစ်စေ နိုင်ပါဘူး။

ဘက်တီးရီးယား အကွက်လွှာက သွားမျက်နှာပြင် နေရာတိုင်းမှာ ရှိနေတတ်ပါသလား ဆရာ။

ရှိနေ နိုင်ပါတယ်။ ဒါပေမဲ့ သွားနှစ်ချောင်း ကြားနေရာတွေ၊ အစာဝါးတဲ့ သွားမျက်နှာပြင်ရှိ အဖု အချိုင့်တွေ၊ Fissure လို့ခေါ်တဲ့ သွားမျက်နှာပြင်ရှိ အရေးကြောင်းတွေပေါ် မှာ တွယ်ကပ် နေနိုင်ပါတယ်။ သွားမှာရှိတဲ့ အခေါင်း၊ အပေါက်၊ အသေစိုက်ထားတဲ့ သွားတု၊ အံကပ်အရှင်ရဲ့ အတွင်းသား ပိုင်းတွေ၊ သွားမညီညာလို့ သွားညှိဖို့ တပ်ဆင်ထားတဲ့ ကိရိယာ (Orthodontic Fixed Appli-ance) တွေမှာလည်း ကပ်ညိနိုင်ပါတယ်။ သွားအလှဆင်တဲ့ စိန်တုတွေမှာလည်း တွေ့နိုင် ပါတယ်။

ဘက်တီးရီးယား အကွက်လွှာကို သာမန်မျက်စိနဲ့ မြင်နိုင်ပါသလားဆရာ။

ဘက်တီးရီးယား အကွက်လွှာကို သာမန်မျက်စိနဲ့ တိုက်ရိုက် မတွေ့မြင် နိုင်ပေမယ့် ဘက်တီးရီးယား အကွက် လွှာ ကပ်ငြိနေနိုင်တဲ့ သွားချေးတွေ၊ သွားကျောက် တွေနဲ့ စားကြွင်း စားကျန်တွေ ကိုတော့ တွေ့နိုင်ပါတယ်။ ခံတွင်းအနံ့ဆိုး ထွက်တာလည်း ခံစား နိုင်ပါတယ်။ ဘက်တီးရီးယား အကွက်လွှာကို တွေ့ရှိချင်တယ်ဆိုရင် ပန်းရောင်ရှိတဲ့ အရောင်ဆိုးဆေးပြား (Disclosing Tablets) ကို အသုံးပြုလိုက်ရင် ရိုးရိုးသာမန်မျက်စိနဲ့ တွေ့နိုင်ပါတယ်။ အဲဒီ ဆေးပြားတွေကို ပါးစပ်ထဲ ထည့်ပြီး ကြေညက်အောင် ဝါးစား လိုက်ပါ။ နှံ့စပ်အောင် ဝါးစားပြီးရင် ရေနဲ့ ပလုတ် ကျင်းပါ။

မှန်ကို ကြည့်လိုက်ရင် မှန်ထဲမှာ အနီရောင် စွန်းထင်နေတဲ့ သွားတွေကို တွေ့ရ ပါလိမ့်မယ်။ တကယ်လို့ ဘက်တီးရီးယား အကွက်လွှာတွေ များနေရင် ခံတွင်းတစ်ခုလုံး နီမြန်း နေပါ လိမ့်မယ်။ ဘက်တီးရီးယား အကွက်လွှာ အနည်းငယ်ပဲ ရှိနေရင် ပန်းနုရောင် ဖြစ်နေ ပါလိမ့်မယ်။ အဲဒီဘက်တီးရီးယား အကွက်လွှာတွေ ကို သွားတိုက် ရပါတယ်။ ဒါကြောင့် သွားတိုက်တယ် ဆိုတာက သွားဖြူစေဖို့ သက်သက်သာ မဟုတ်ဘဲ သွားမှာ တွယ်ကပ်နေတဲ့ ရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား အကွက်လွှာတွေ ကို ထိထိ ရောက်ရောက် ဖယ်ရှားနိုင်ဖို့ ဖြစ်ပါတယ်။ စနစ်မှန် သွားတိုက်နည်းကို အသုံးပြုပြီးနောက် တစ်ကြိမ်မှာအရောင်ဆိုး ဆေးပြား တွေကို ဝါးစားပြီး မှန်ကြည့် လိုက်ပါ။ သန့်စင်တဲ့ အနေအထားကို တွေ့နိုင်ပါတယ်။

ခံတွင်းသန့်စင်ဖို့ ဘယ်လိုနည်းကို သုံးရမလဲ ဆရာ။

ခံတွင်းသန့်စင်ဖို့ရာ အတွက်-

(၁) လက်တွေ့ ပွတ်တိုက်သန့်စင်တဲ့နည်း (Mechanical Method)နဲ့

(၂) ဓာတုဆေးရည်အသုံးပြုပြီး သန့်စင်တဲ့နည်း (Chemical Method) ကို သုံးရပါမယ်။

လက်တွေ့ ပွတ်တိုက် သန့်စင်တဲ့ နည်းတွေကတော့ သွားတိုက်တာ (Tooth Brushing)၊ သွားကြား ပွတ်ကြိုး ထိုးတာ (Dental Flossing)၊ သွားကြား ထိုးတာ Using Toothpick)နဲ့ သွားနှစ်ချောင်းကြား သန့်စင်တဲ့ ကိရိယာသုံးတာ (Interdental Cleaner) စတဲ့နည်းတွေ ဖြစ်ပါတယ်။ ဓာတုဗေဒ နည်းကတော့ သွားနဲ့ခံတွင်း သန့်စင်စေတဲ့ ငုံဆေးတွေနဲ့ ပလုတ်ကျင်း ဆေးရည် တွေနဲ့ သန့်စင်တာပဲ ဖြစ်ပါတယ်။

သွားကို ဘယ်အချိန်တိုက်ရမလဲဆရာ။

နေ့စဉ် နံနက်စာစားပြီး တစ်ကြိမ်နဲ့ ညစာစားပြီး အိပ်ရာ မဝင်မီ တစ်ကြိမ် သွားတိုက် ရပါမယ်။ သွားတိုက်ဖို့ ပိုပြီး အရေးကြီးတာက ညအိပ်ရာမဝင်ခင် ခံတွင်းကို စနစ်တကျ အချိန်ပေးပြီး တိုက်တာပဲ ဖြစ်ပါတယ်။ ဒါမှ တစ်နေ့လုံး စားထားတဲ့ စားကြွင်းစားကျန်တွေနဲ့အတူ ဘက်တီးရီးယား အကွက်လွှာ ကင်းစင်သွားမှာပါ။

သွားကို ဘယ်လောက်ကြာကြာ တိုက်ရမလဲ ဆရာ။

သုံးမိနစ်- ငါးမိနစ်ခန့် တိုက်ပါ။ ကလေးငယ်တွေကို မိခင်က သွားပွတ်တံ သေးသေး ဒါမှမဟုတ် လက်မှာ စွပ်ရတဲ့ သွားတိုက်တံနဲ့ တိုက်ပေးပါ။ မူကြိုကလေးတွေကို မိခင်က ထိန်းပြီး အိမ်မှာ မှန်မှန် တိုက်ပေးပါ။ ကျောင်းမှာဆိုရင် ဆရာမတွေရဲ့ ကြီးကြပ်ကွပ်ကဲမှု လိုပါတယ်။

ဘယ်လို သွားပွတ်တံကို သုံးရမလဲဆရာ။

လက်ကိုင် ညီညာ ဖြောင့်ဖြူးတဲ့ သွားပွတ်တံနဲ့ မပျော့လွန်း၊ မမာလွန်းတဲ့ ဝက်မှင်ဘီးပါ သွားပွတ်တံကို သုံးရပါမယ်။ ဝက်မှင်ဘီးရဲ့ မျက်နှာပြင်က ညီညာနေရပါမယ်။ အချိုင့်နဲ့ အချွန် အတက်ပါတဲ့ ဝက်မှင်ဘီးပါ သွားပွတ်တံကို မသုံးရပါဘူး။

ဘယ်လို သွားတိုက်ဆေးမျိုး သုံးသင့်ပါသလဲ ဆရာ။

ရှေးယခင်က သာမန် သွားတိုက်ဆေးကို သုံးခဲ့ကြပါတယ်။ အခုအခါ မှာတော့ ဆေးသိပ္ပံ ပညာရှင် တွေရဲ့ လေ့လာချက်အရ ဖလိုရိုက်ပါတဲ့ သွားတိုက် ဆေးကို အသုံးများ ကြပါတယ်။ ဖလိုရိုက်က သွားပိုးစားရောဂါကို အဓိက ကာကွယ်ပေးပါတယ်။ ဖလိုရိုက်ဓာတ်နည်းပါးရင် သွားပိုးစားရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ သောက်ရေမှာ ဖလိုရိုက်အများကြီး ပါရင်တော့ သွားရဲ့ မျက်နှာပြင်ကို ပြောင်းလဲစေတဲ့ ရောဂါ (Fluorosis) ဖြစ်စေနိုင် ပါတယ်။

သွားပွတ်တံကို ဘယ်နှလတစ်ကြိမ် လဲလှယ်အသုံးပြုရမလဲ ဆရာ။

အကြမ်းဖျင်းအားဖြင့် သွားပွတ်တံကို သုံးလတစ်ကြိမ် လဲလှယ်အသုံးပြုနိုင်ပါတယ်။ အတိအကျတော့ မဟုတ် ပါဘူး။ သွားပွတ်တံ ဝက်မှင်ဘီးက ဖွာလန်ကြဲပြီး နောက်ကို လန်လာရင် လဲရပါမယ်။ သွားပွတ်တံက ကျိုးပဲ့ ပြီး ပျက်စီးသွားရင်လဲ ရပါမယ်။

Ref: By Good Health

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D