သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, September 1, 2013

Facebook ပေါ်က ဓါတ်ပုံအား Myanmar Newsweek ဂျာနယ်မှ မဆန်းစစ်ဘဲ အကြမ်းဖက် သမားဆိုပြီး ဖော်ပြ

သြဂုတ် ၂၇ ရက်က ဖြန့်ချိခဲ့သော Myanmar Newsweek ဂျာနယ်၏ အထူးအချပ်ပို (ဏ) ပြည်တွင်း
သတင်း ကဏ္ဍတွင် ဖော်ပြခဲ့သည့် "အကြမ်းဖက်ဖောက်ခွဲရေးသမား သုံးဦးကို မြိတ်ကျွန်းစု၌ ဖမ်းဆီး
ရမိ" ဆိုသော ခေါင်းစဉ်နှင့်အတူ သတင်းဓာတ်ပုံတွင် အကြမ်းဖက်သမား သုံးဦးနှင့်အတူ ပူးတွဲဖော်ပြ
ခြင်း ခံခဲ့ရသည့် ကာယကံရှင် က နိုင်ငံတော်သမ္မတရုံး အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ
(ယာယီ)သို့ တိုင်ကြား ထားကြောင်း ကာယကံရှင်ဖြစ်သူ ကိုသီဟန်က The Daily Eleven သို့ သြဂုတ်
၃၁ ရက်က ပြောကြား သည်။

"ကျွန်တော့်ပုံကို အကြမ်းဖက်သမားဆိုပြီး ဂျာနယ်မှာ ဖော်ပြခဲ့တဲ့အတွက် သမ္မတရုံး အပါအ၀င် မြန်မာ
နိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ)ကို တိုင်ကြားထားပါတယ်" ဟု ကိုသီဟန်က ဆိုသည်။

ယင်း သတင်းဓာတ်ပုံမှာ လူမှုကွန်ရက်ဖြစ်သည့် Facebook စာမျက်နှာများ တွင် ဖော်ပြထားသည်ကို
Myanmar Newsweek ဂျာနယ်မှ သေချာမဆန်းစစ်ဘဲ ဂျာနယ် စာမျက်နှာတွင် ဖော်ပြ အသုံးပြု ခဲ့ခြင်း
ဖြစ် သည်ဟု ယူဆရမိသည်ဟုလည်း ၎င်းကဆက်လက် ပြောကြားသည်။

"အွန်လိုင်းပေါ်က ပုံတစ်ပုံကို အယ်ဒီတာတွေက မရေရာမသေချာဘဲ ဒီလိုပရင့် စာမျက်နှာပေါ်မှာ သုံး
လိုက်တဲ့အတွက် အရမ်းစိတ်ပျက်မိပါတယ်။ နောက်ပြီး ဖော်ပြတဲ့ သတင်းကလည်း သာမန်သတင်း မ
ဟုတ်ဘူးလေ" ဟု ကိုသီဟန်က ဆိုသည်။

ယင်းကဲ့သို့ သတင်းဓာတ်ပုံဖော်ပြခဲ့မှုနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် အဆိုပါ Myanmar Newsweek
ဂျာနယ်တိုက်သို့ ၎င်း၏ရှေ့နေမှ တစ်ဆင့်ပြောထားပြီး ဂျာနယ် တိုက်ဘက်မှ ပြေ လည်အောင် ဖြေရှင်း
ပေး မည်ဟု ပြန်ပြောခဲ့သည်ဟု ကိုသီဟန်က ဆိုသည်။

ယင်းကဲ့သို့ ဂျာနယ်စာမျက်နှာပေါ်တွင် သတင်းဖော်ပြခံရပြီးနောက်တွင် ၎င်း၏ လူမှု ဘ၀မှာ လုံခြုံမှု
မရှိသကဲ့သို့ ခံစားရပြီး လက်ရှိတွင် အလုပ်မှ ခွင့်ယူထားရပြီး အဆိုပါ သတင်းဓာတ်ပုံနှင့် ပတ် သက်ပြီး
ဖြေရှင်းနေ ရကြောင်းလည်း ၎င်းကပြောကြားသည်။ "ခုဆိုရင် ကျွန်တော့်မှာ လုံခြုံမှုမရှိသလို ခံစားနေ
ရတယ်။ အလုပ်ကလည်း ခွင့်ယူ ထား ရတယ်။ လာသမျှ ဖုန်းတွေလည်း ဒိုင်ခံဖြေရှင်း နေရတယ်" ဟု
ဆိုသည်။

Myanmar Newsweek ဂျာနယ်ဘက်မှ အဆိုပါကိစ္စအား ပြန်လည်တောင်းပန်ခြင်း မပြု ပါက ရှေ့နေမှ
တဆင့် ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်းလည်း ကာယကံရှင်က သြဂုတ် ၃၁ ရက်
ညနေပိုင်းက The Daily Eleven သို့ ပြောကြားသည်။

Myanmar Newsweek ဂျာနယ် အယ်ဒီတာချုပ်ဖြစ်သူ ဦးဘုန်းကျော်က "အမှန်က ဒီသတင်း ဓာတ်ပုံကို
ဖြုတ်ခိုင်း ထားပြီးသားပါ။ Layout သမားတွေ ပေါ့လျော့သွားလို့ ပါသွား တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး
နောက်အပတ်ထွက်မယ့်ဂျာနယ်မှာတောင်းပန်ကြောင်း ထည့်ပေးမှာပါ။ တောင်းပန် ဖို့လည်း အဆက်အ
သွယ် လုပ်နေပါတယ်။ အဆက်အသွယ် မရသေးဘူး" ဟု သြဂုတ် ၃၁ ရက် ညနေ ၆ နာရီက The Daily
Eleven သို့ ပြောကြားခဲ့သည်။

Eleven Media Group မှကူးယူမျှဝေသည်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D