စက်တင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၉နာရီ ၁၅မိနစ်အချိန်က ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် အလုပ်သမားများကာကွယ်စောင့်ေ
ရောက်ရှိနေကြသည်ဖြစ်ရာ မြန်မာဘက်မှ ကော်မတီဝင်များက ကုမ္ပဏီ၏ သဘောထား နှင့် အလုပ်သမားများ၏ အခြေအနေအား သိရှိရန်အတွက် သွားရောက်ကြတာဖြစ်ကြောင်း သိရသည်။
Prove Garment ကုမ္ပဏီ တွင် အထည်မချုပ်တတ်သေးသော မြန်မာအလုပ်သမားများအား အထည်ချုပ်တတ်ရန်အတွက် အခမဲ့ သင်ကြားပေးမည်ဟု ဆိုသော်လည်း ပညာသင်ပေးခအဖြစ် ဘတ် ၃၀၀၀ တောင်းယူကြောင်း နှင့် ထိုသို့ သင်ကြားပေးမှုမှ တတ်မြောက်သွားသူများကိုလည်း
"မန်နေဂျာနဲ့ ပိုင်သူတွေက မြန်မာအလုပ်သမားတွေကို ခေါင်းပုံဖြတ်နေတာတော့ ကြာပါပြီ၊ ကျွန်တော်တို့လည်း မတတ်သာလို့သာ မပြောတာပါ၊ အခုတော့ တော်တော်လွန်လာပြီ၊ လုပ်အားခကလည်း ပုံမှန်မရ၊ ရပြန်တော့လည်း ဟိုကြေးဖြတ် ဒီကြေးဖြတ်နဲ့ဗျာ၊ ဘာမှမကျန်တော့ဘူး"ဟု မြန်မာအလုပ်သမားတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
"သူတို့က ချုပ်ပြီးသား အထည်တွေကို စစ်တာက အဆင့်ဆင့်ကို စစ်တာ၊ စက်ရုံမှာ ပထမတစ်ယောက်က စစ်လို့ အစထွက်နေတာတွေ တွေ့ရင် ငွေဖြတ်တယ်၊ အဲ့ဒါနဲ့မပြီးပြန်ဘူး၊ နောက်တစ်ယောက် ထပ်စစ်သေးတယ်၊ အဲ့လို စစ်ပြီး အစထွက်တာတွေ့တာနဲ့ လစာထဲ ဖြတ်တော့တာပဲ၊ အဲ့လို ဖြတ်တာများလွန်လို့ လစာထုတ်တဲ့ အခါကျရင် ဖြတ်ပိုင်းမှာ အနုတ်လက္ခဏာပြလို့ ကိုယ့်ထဲက ပြန်ပေးရတဲ့ လူတွေလည်း ရှိတယ်၊"ဟု မြန်မာအလုပ်သမားထဲမှ အမျိုးသမီးတစ်ဦးက ပြောပြသည်။
"ကုမ္ပဏီက ခေါင်းပုံဖြတ်တာတွေ၊ လစာပုံမှန်မပေးတာတွေ၊ အလုပ်သမားတစ်ယောက်ရဲ့ ရပိုင်ခွင့် အခွင့်အရေးဆုံးရှုံးနေတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတွေကို တိုင်တဲ့ လူတွေကို အလုပ်ဖြုတ်မယ်လို့လည်း ပြောပါတယ်၊ ဒီလို လုပ်မယ်ဆိုရင်တော့ သူတို့ဘက်က မရိုးသားလို့ပဲ"ဟု မြန်မာအလုပ်သမားတစ်ဦးမှ ပြန်ပြောပြသည်။
အဆိုပါ အထည်ချုပ်စက်ရုံတွင် အလုပ်သမားစာချုပ်အသစ် ပြန်လည်ချုပ်ဆိုရန်အတွက်ဟု အကြောင်းပြကာ စက်ရုံအား ပိတ်ထားသည့်အတွက် အလုပ်ပိတ်စဉ်ကာလအတွင်း အလုပ်သမားများ၏ စားဝတ်နေရေးကို လုံးဝ တာဝန်မယူနိုင်ကြောင်း မန်းနေဂျင်းဒါရိုက်တာ Mr.Stephen Falkiner က စက်တင်ဘာလ ၁၀ ရက်နေ့က ပြောလာသည့်အတွက် တာချီလိတ်မြို့ရှိ "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ
လုပ်အားခ ပုံမှန် မရရှိမှုအပြင် လုပ်အားခခေါင်းပုံဖြတ်မှုတို
.. www.MyanmarExpress.net
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...