တာချီလိတ် ၊ ၂၇-၉-၂၀၁၃
ရှမ်းပြည်နယ် (
အရှေ့ပိုင်း) တာချီလိတ်
မြို့ရှိ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေး တံတား၌ ၂ဝ၁၃ ခုနှစ်
စက်တင်ဘာ ၂၅ ရက်နေ့
နံနက် ၁၁ နာရီက ခရိုင်/ မြို့နယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး
အဖွဲ့ဝင်များ နှင့်
ဌာနဆိုင်ရာ များ ပါဝင်သော အဖွဲ့သည် ထိုင်းနိုင်ငံ လဝက ဦးစီးအရာရှိ စာစီတွန်
၊ မယ်ဆိုင်ခရိုင်
လဝကမှူး ဖနော်ကျာ လူဖတ် ၊ မယ်ဆိုင်ခရိုင် ဒုလဝကမှူး ဆက်ဒါးရန် စုကျမ်း
နှင့် ဒုလဝကမှူး
ယဆဲန်ခုမ် ဟန်ဆန် တို့မှ မြန်မာ အလုပ်သမား ကျား (၁၄)ဦး၊ မ(၁)ဦး စုစုပေါင်း
(၁၅)ဦး
ကို လွှဲပြောင်း လက်ခံခြင်း ပြုလုပ် ခဲ့ကြောင်း သိရသည်။
အလုပ်သမား (၁၅)ဦးအား
လာရောက် လွှဲပြောင်း
အပ်နှံစဉ် ထိုင်းနိုင်ငံ ရဲချုပ်ရုံးမှ ရဲဗိုလ်ချုပ်ကြီှး Santi Phensit ၊
ဒုလဝက ချုပ်ဗိုလ်မှူးချုပ်
Montare ၊ ဒုလဝကချုပ် ဗိုလ်မှူးချုပ် Chitsanv နှင့် အမှတ်(၅) လဝကဒု
တိုင်းဦးစီးမှူးကြီး
ဗိုလ်မှူးကြီး Jesada Yaison တို့လာရောက် ကြည့်ရှု့ ခဲ့ရာ မြန်မာဘက်မှ
တာချီလိတ် ခရိုင်
ရဲတပ်ဖွဲ့ မှူးရုံးမှ ရဲမှူး(ဦးစီး) ရဲမှူး သန့်ဇင်၊ ကျိုင်းတုံ လူကုန်တား
တပ်ဖွဲ့စုမှူး
ရဲမှူး စိုးတင့် ၊တာချီလိတ် လူကုန်တား ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူး ရင်ရင်အေး ၊
တာချီလိတ်
မကဖ(၈)မှ ဦးစီး အရာရှိ ဦးဝင်းအောင် တို့မှ ကြိုဆို ခဲ့ကြသည်။
လွှဲပြောင်း လက်ခံ ခဲ့သော
မြန်မာ နိုင်ငံသား
(၁၅)ဦးတို့အား တာချီလိတ်မြို့ ၊ မကာဟိုခမ်း ရပ်ကွက် ၊ မဟာမြတ် မုနိဘုရား
ကျောင်းအတွင်း
အခြေပြုပြီး ပူးပေါင်းအဖွဲ့ ဖြင့် စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံ အတွင်းသို့
တရားမဝင် ရောက်ခဲ့ပြီး
၊ နေထိုင်ခွင့် ကတ်များ မရှိခြင်းနှင့် နယ်စပ် ဖြတ်သန်းခွင့် (၇)ရက်
ကျော်လွန်ခြင်း
တို့ကြောင့် ရှောင်တခင် စစ်ဆေးချက် အရ ဖမ်ဆီး ခံရခြင်း ဖြစ်ပြီး
၎င်းတို့မှာ လူကုန်ကူး
ခံရခြင်း မရှိကြောင်း ၊လွှဲပြောင်း အလုပ်သမား (၁၅)ဦးအား မြို့နယ်
အုပ်ချုပ်ရေးမှူး
အစီအစဉ်ဖြင့် နေ့လည် ၃နာရီခွဲ အချိန် ၄င်းတို့၏ မိဘဆွေမျိုး များထံ
ခံဝန်ဖြင့် အပ်နှံ
ခဲ့ပေးခဲ့ကြောင်း သိရသည်။
၃-၁၂-၂ဝဝ၈ ရက်နေ့မှ ၂၅-၉-၂ဝ၁၃ ရက်နေ့ထိ လွှဲပြောင်း ပေးခဲ့သည့် မြန်မာ အလုပ်သမား ကျား (၄၉၃၁)ဦး ၊ မ (၁၆၉၉)ဦး စုစုပေါင်း (၆၆၃ဝ)ဦး ရှိကြောင်း သိရှိရသည်။
MWD


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...