သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, September 27, 2013

အမျိုးသမီးငယ်တစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ

မင်္ဂလာဒုံမြို့နယ်တွင် အမျိုးသမီးငယ် တစ်ဦး အုပ်စုဖွဲ့ အဓမ်္မပြုကျင့်ခြင်းခံရသဖြင့် အရေးယူပေးရန် စက်တင်ဘာ ၂၅ ရက်က အမှုဖွင့် တိုင်တန်းထားသည်။
အမှုတွင် စက်တင်ဘာ ၂၀ ရက်နံနက် ၈ နာရီက မင်္ဂလာဒုံမြို့နယ်နေ ဦး-----(၅၃)နှစ်က အိပ်ရာထစဉ် အတူနေ သမီး ဖြစ် သူမ----(၁၈)နှစ်၏ လုံချည်တွင် သွေးများပေနေသည်ကို တွေ့ရှိသဖြင့် မေးမြန်းရာမှ အဓမ္မပြုကျင့်ခြင်း ခံရသည်ကို သိရှိခဲ့ကြောင်း တိုင်းရဲဌာန၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

သမီးဖြစ်သူက ပြောပြရာတွင် စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီအချိန်က နေအိမ်တွင် မီးပျက်နေသဖြင့် လမ်း အတွင်းရှိ ဈေးဆိုင်သို့ ဖယောင်းတိုင် သွားဝယ်ရာမှ ဈေးဆိုင် မရောက်ခင် လမ်းတွင် ပြစ်မှုကျုးလွန် ခံရခြင်း ဖြစ်သည်ဟုလည်း ဖခင်က ရဲကို ထွက်ဆိုထားသည်။

သူမမှာ လမ်းအတွင်းတွင် မျိုးမင်းထိုက် (၃၂)နှစ် မင်္ဂလာဒုံမြို့နယ်နေသူ ပါသုံးဦးကို အရက်မူးလာသည်ကို တွေ့ရှိ ခဲ့ရသည်ဟု ဆိုထားသည်။ ထို့နောက် အမည်မသိသူ နှစ်ဦးက သူမအား လမ်းဘေးသို့ ဆွဲချ၍ မျိုးမင်းထိုက်က သားမယားပြုကျင့်ခဲ့ပြီးကျန်နှစ်ဦးကလည်း ဘေးမှ နေ၍ မဖွယ်မယာပြုလုပ်ခဲ့ကြသည်ဟု ရဲအား တိုင်တန်းထွက်ဆို ထားသည်။

ထို့ကြောင့် မျိုးမင်းထိုက် အပါအ၀င် သုံးဦးစလုံးကို အရေးယူပေးရန် ကာယကံရှင်၏ ဖခင်ဖြစ်သူက စွပ်စွဲ တိုင်တန်း လိုက်ခြင်းလည်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကြောင့် မင်္ဂလာဒုံ ရဲစခန်းက စက်တင်ဘာ ၂၅တွင် (ပ)၅၉၅/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲခံထား ရသူ မျိုးမင်းထိုက်ကို ဖမ်းဆီးစစ်ဆေးနေကာ ကျန်နှစ်ဦးကိုလည်း ဖမ်းဆီးရမိရေး စုံစမ်းနေသည်။

ယင်းတို့ကို ပြစ်မှုကျူးလွန်ကြောင်း မှန်ကန်ပါက ပုဒ်မ ၃၇၆/၁၁၄ဖြင့် တရား စွဲတင်မည်ဟုလည်း တိုင်းရဲဌာနက ဆိုထားသည်။

ယင်းနေ့တွင်ပင် အသက် (၁၁)နှစ်အရွယ် ကလေးငယ်အား အသက်(၂၈)နှစ်ရှိ အိမ်ထောင်သည် အမျိုးသားတစ်ဦး က အဓမ္မပြုကျင့်ဟုဆိုကာ တိုင်တန်းထားမှု တစ်ခုကိုလည်း တာမွေရဲစခန်းက(ပ) ၄၁၈/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူး ရုံး၏ မှတ်တမ်းများအရ သိရသည်။ 


From : ..mizzima

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D