သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 28, 2013

ခွပ်ဒေါင်းကိုမွတ်ဒေါင်းဟု ပြောဆိုမှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက တုံ့ ပြန်

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb7zOdAGM6XOi0yDIjDyUXJegN9NFpwlBgukuWtHL3s6Tpp9oS2EfCDaJu9lQsZXBQdncQv0x3Z7fgKXIBiLOs8elmqReNmxkMgLK766I8fEn4XgDN6OGrhoQRoshd_6xjP7dwxZGT2ujY/s1600/3.jpg
ရဲမွန်၊ အောင်မြင်ရဲဇော်၊ ရန်ကုန်၊
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ပါတီတံဆိပ်အမှတ်အသား ဖြစ် သော ခွပ်ဒေါင်းပုံအား ပြည်သူအချို့က မွတ်ဒေါင်း ဟု ပြောဆိုနေကြခြင်းအပေါ် အဖွဲ့ချုပ်နာယက ဦးတင်ဦးက စက်တင် ဘာ ၂၇ ရက်တွင် ဗဟန်းမြို့နယ်ရှိ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်သောအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ ငွေရတုအခမ်း အနား အပိတ်မိန့်ခွန်း၌ တုံ့ ပြန်ပြောဆိုခဲ့ သည်။

အလေးအနက်

"အခုလည်း ရှေ့ဆက်ပြီး ပြောရ မယ့်ကိစ္စထဲမှာ ကျွန်တော်တို့ရဲ့ အဖွဲ့ချုပ် ကို အချို့က ပြောနေတယ်။မွတ်ဒေါင်း ဖြစ်သွားပြီ။မွတ်ဒေါင်းဖြစ်သွားပြီလို့ ပြောနေတယ်။ မှတ်ထားပါ။ အဘိုး၊ အဘွားတွေ ကိုင်ထားတဲ့ အလံတော် ခွပ်ဒေါင်းဟာ အဖွဲ့ချုပ် ခွပ်ဒေါင်းအနေ နဲ့ပဲ သွားမယ်လို့ အလေးအနက်ပြု ပြောချင်ပါတယ်"ဟု ၎င်းက ဆိုသည်။


ခွပ်ဒေါင်းအမှတ်တံဆိပ်သည် ကျောင်းသားသမဂ္ဂအဆက်ဆက်က ကိုင်ဆွဲခဲ့သည့် အလံတော်တံဆိပ်လည်း ဖြစ်ပြီး လွတ်လပ်ရေးတိုက်ပွဲကိုလည်း ခွပ်ဒေါင်းအလံဆွဲကိုင်၍ တိုက်ပွဲဝင် ခဲ့ရာ အောင်မြင်ခဲ့သောကြောင့် ဘိုး ဘေး များကို ရိုသေဂုဏ်ပြုသောအားဖြင့် ယင်းတံဆိပ်ကို အသုံးပြုရခြင်းဖြစ် ကြောင်း ဦးတင်ဦး က ပြောဆိုသည်။

"ကျွန်တော်တို့ အဖွဲ့ချုပ်ရဲ့ တံဆိပ် ဟာ ကျောင်းသားသမဂ္ဂအဆက် ဆက်က အဘိုးတွေ၊ အဘွားတွေကိုင်ဆွဲ လာတဲ့ အလံတော်ရဲ့ တံဆိပ်ဟာ ခွပ်ဒေါင်းပါ။ လွတ်လပ်ရေးတိုက်ပွဲ အဆင့်ဆင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်အချိန်ထိ ဒီခွပ်ဒေါင်းအလံကိုပဲ ဆွဲပြီးတော့ နယ်ချဲ့တွေကို တော်လှန် တယ်။ ဖက်ဆစ်တွေကို တော်လှန် တယ်။ လွတ်လပ်ရေးတိုက်ပွဲအတွက် လုံးပန်းတယ်။ အောင်မြင်ခဲ့တယ်။ အဲဒီ ခေတ်က ဖခင်ကြီးများ၊ မိခင် ကြီးများကို လေးစားရိုသေ ဂုဏ်ယူသောအားဖြင့် ကျွန်တော်တို့ အဲဒီတံဆိပ်ကို ယူထား တယ်"ဟု ခွပ်ဒေါင်းတံဆိပ် အသုံးပြုရ ခြင်း အကြောင်းရင်းကို တုံ့ပြန်ရှင်းလင်း ပြောကြားခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D