သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, September 26, 2013

ငရဲ ရှိသည် ကို အတည် ပြုကြပြီ

မြတ်စွာ ဘုရား ဟောကြား ခဲ့တဲ့ ငရဲကြီး ရှစ်ထပ် ဆိုတာ ကို နော်ဝေး နိုင်ငံ နှင့် ဖင်လန် နိုင်ငံ မှ ဘူမိဗေဒ ပညာရှင် များ က အတည် ပြု ခဲ့ ကြ သည်။ ကျနော် တို့ မြေကြီး ရဲ့ မြေအောက် အလွှာ တွင် ရွေ.လျှားမှု အကြောင်း လေ့လာ ကြတဲ့ ဆိုဗီယက် နိုင်ငံ မှ ဘူမိဗေဒ ပညာရှင် များ နှင့် ပြည်ပ က ငှာရမ်း ထားတဲ့ ဖင်လန် နိုင်ငံ နဲ့ နော်ဝေး နိုင်ငံမှ ဘူမိဗေဒ ပညာရှင် များ ရယ် ပူး ပေါင်း ပြီး ဆိုဗီယက် နိုင်ငံ ဆိုက်ဗေးရီးယား နယ်စွန် တစ်နေရာ တွင် မြေအောက် ဆိုက်စမစ် တူးဖော်နည်း နှင့် တူးခဲ့ ကြ ပါ တယ်။ ပိုက်လုံး တွေ ချပြီး တူးကြ ရင်း က မြေအောက် အနက် ကိုးမိုင် အရောက် မှာ ဇာတ်လမ်း က စတော့ တာပဲ။ ပူးပေါင်း တွင်းတူး အဖွဲ့ ခေါင်းဆောင် ဆိုဗီယက် ဘူမိဗေဒ ပညာရှင် ဒေါက်တာ ဒီမီထရီ အက်ဇာကော့ လို့ ခေါ်ပါ တယ်။ တွင်း အနက် ကိုးမိုင် ရောက်တဲ့ အခါ တွင်းတူး တဲ့ ပိုက် ဟာ ထိန်းမရ အောင် တုန်ခါ လာတာ ကို တွေ့ရှိ ရပါတယ်။ ဘာကြောင့် တုန်ခါ သလဲ ဟု စစ်ဆေးကြ တဲ့အခါ တွင်းတူး ပိုက် ထိပ်ပိုင်း ဟာ လေဟာနယ် လို တွင်းခေါင်း ပြင် ကျယ်ကြီး တစ်ခု ကို ရောက်နေ လို့  ထိမ်းမရ အောင် လှုပ်ရမ်း နေခြင်း ဖြစ်တယ် လို့ တွေ့  ရှိပါ တယ်။

အဲဒီ အခါ မှာ တော့ လုံးဝ မခံ မရပ် နိုင်အောင် နာကျင် တယ် လို့ အော်ဟစ် နေကြ တဲ့ အသံ ကို စတင် ကြား ရပါတယ်။ ပထမ တော့ သူတို့ ရဲ့ တွင်း တူး စက်နဲ့ ပိုက်လုံး တွေ နဲ့ မြေလွှာ တွေရဲ့ တုန်ခါမှု အသံ ဟု ထင်မှတ် ထားကြ ပေမဲ့ သေချာ စူစမ်းပြီး နားထောင် တဲ့ အခါမှာ တော့ ပိုက်လုံး တစ်လျှောက် ထဲမှာ ကြားနေ ရတယ် အသံ တွေ ဖြစ်တာ ကြောင့် နားတွေ တောင် မယုံနိုင် အောင် ဖြစ်ခဲ့ ရတယ် လို့ ဒေါက်တာ ဒီမီထရီ အက်ဇာကော့ က ဆိုပါတယ်။ သေချာ အောင် လို အသံဖမ်း စက် ကို တွင်း ထဲချပြီး အသံဖမ်း နားထောင် တဲ့ အခါ မှာ တော့ မခံမရပ် နိုင်အောင် အော်ဟစ် နေ တဲ့ လူတစ်ယောက် ရဲ့ အသံ ကို သဲသဲ ကွဲကွဲ စတင် ကြားလိုက် ရတယ်။ အဲဒီ အသံနဲ့ အတူ လူေ ပါင်း ထောင်ပေါင်း များစွာ သို့ မဟုတ် သန်း ပေါင်း များစွာ ရဲ့ အော်ဟစ် ငြီးငြူ နေကြတဲ့ အသံ ကို လဲ ကြားလိုက် ရတယ် လို့ ဆိုပါတယ်။

အဲဒီ အချိန်မှာ ဒေါက်တာ ဒီမီထရီ အက်ဇာ ကော့ အပါ အဝင် တခြား ပညာရှင် တွေ ရော တွင်းတူး လုပ်သား တွေ ပါ အံ့သြ တုန်လှုပ် မှု များစွာ ဖြစ်ခဲ့ ရပါတယ်။ အဲဒီ အသံတွေ ကို အလွန် ဆွဲ အား ကောင်း တဲ့ အသံဖမ်း စက်တွေနဲ့  အသံကူး ထား လိုက်ပြီး လုပ်ငန်း ကို ဆက် မလုပ်တော့  ပဲ တွင်းပေါက် ကို အဖုံးဖုံး ပြီး ပိတ်ထား လိုက် ကြတယ်။ ဒါဟာ ငရဲကို တွေ့ ရှိခြင်း လို့ သူတို့  ခံယူ ထားလိုက် ကြတယ်။ အနိဌာရုံ တွေ နဲ့ လူ လောက ကို ဆက်ပေး လိုက်ကြ ပြီ လို့ ထင်မိ ပါတယ်။

ကျနော် အခု ခင်ဗျား တို့ကို ပြောပြ နေတဲ့ ဟာတွေ က တွင်းတူး အဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဒီမီထရီအက်ဇာကော့ နဲ့  တွင်းတူး အဖွဲ့ ဝင် နော်ဝေး နိုင်ငံ ဘူမိဗေဒ ပညာရှင် ဘာနီနန်မီဒယ် အ သက် ၆၅ နှစ် တို့ရဲ့ ပြောကြားချက် တွေ ပါပဲ။ ဒီသတင်း တွေ ကို ဖင်လန် နိုင်ငံ က အင်မန် နု ဆက်စတီးယား ဆိုတဲ့ လစဉ် ထုတ် စာစောင် က ရေးသား ဖော်ပြ ကြတယ်။ ဒီ ကျနော် တို့ က မ္ဘာမြေ ကြီး ရဲ့အောက် ကိုးမိုင် မှာ သိပ်ကို ပူလောင် တယ် လို့ သိခဲ့ရ ပါတယ်။ အခု ကျနော် တို့ေ ရာက်နေတဲ့ ပူအိုက် စွတ်စိုတဲ့ တော ဟာ ဖာရင်ဟိုက် အပူချိန် ဒီဂရီ ကိုးဆယ့်ငါး လောက် ပဲ ရှိတ ယ်။ မြေကြီး အောက် ကိုးမိုင် အကွာ က အပူချိန် ဒီဂရီ ဖာရင်ဟိုက် 2000 ရှိတယ် လို့ တွက်ချက် သိရှိ ရတယ် ။ သူတို့ မူလ ခန့်မှန်း ထားတဲ့ အပူချိန် ထက် ဆယ်ဆ လောက် တောင် များနေ တယ် လို့ တွင်းတူး အဖွဲ့ဝင် နော်ဝေး နိုင်ငံ ဘူမိဗေဒ ပညာရှင် ဘာနီနန်မီဒယ် က ဆိုပါတယ်။ တွင်းတူး အဖွဲ့ဝင် နော်ဝေး နိုင်ငံ ဘူမိဗေဒ ပညာရှင် ဘာနီနန်မီဒယ် နှင့် ဘူမိဗေဒ ပညာရှိ ချုပ် တို့ဟာ နော်ေ ဝး နိုင်ငံ ရဲ့ အကြီးဆုံး နှင့် အောင်မြင် ကျော်ကြား မှု အရှိဆုံး အော့ဘရမ်း ဘတ်စတိုက်ကီး ဆိုတဲ့ သတင်းစာ ကြီး က 1990 ခု ဇန်နဝါရီ လ 4 ရက်နေ့ မှာ တွေ့ဆုံ မေးမြန်း ခဲ့တယ်။

ဘာနီနန်မီဒယ် ပြောတာ တွေ ကို သတင်းစာ မှာ ရေးသား ဖော်ပြ ခဲ့ကြတယ်။ အဲဒီ သတင်းစာ မှာ တော့ … ဒီကမ္ဘာကြီး ရဲ့ အောက် ကိုးမိုင် အကွာ မှာ ငရဲပြည် ဆိုတာ တကယ် ရှိနေပြီ၊ တွင်း တူး တွေ့ရှိချက် အရ ငရဲပြည် ရဲ့ ဂိတ်ပေါက် တံခါးဝ ပဲ ဟု ရေးသား ခဲ့ကြ တယ်။ဒီလို တွေ့ရှိမှုေ တွပြီးတဲ့ နောက်မှာ နော်ဝေး နိုင်ငံနဲ့ ဖင်လန် နိုင်ငံ မှ ဘူမိဗေဒ ပညာရှင် တချို့ အလုပ် က နှုတ် ထွက် လိုက်ကြတယ် လို့ သတင်းစာ တွေ မှာ ရေးသား ဖော်ပြ ခဲ့ ကြတယ်။

အမှန် တစ်ကယ် ဖြစ်ရပ် က သူတို့ ငှားရမ်း ထားတဲ့ နိုင်ငံခြားသား အားလုံး ကို တွေ့ ရှိချက် အပြီး နှစ်ရက် အကြာမှာ ဆိုဗီယက် နိုင်ငံ တွင် မထားတော့ပဲ ပြည်ပ ကို ပြန်ပို့ လိုက် ကြပြီး အလုပ် က နှုတ်ထွက် ခိုင်းတယ် လို့ ဆိုပါတယ်။ အဲဒီ သတင်း ကို ကြားတဲ့ အခါမှာ ဆိုဗီယက် အာဏာပို င် တွေ ဟာ လာဒ်ထိုးမှု တစ်ခု နှင့် ဖြေရှင်း လိုက် ကြတယ်။ ဆိုဗီယက် သာသနာ ရေး ဝန်ကြီး ဌာ န ပြောရေး ဆိုခွင့် ရှိသူ တစ်ယောက် က တစ်ဦးချင်း ကို ငွေပေးပြီး နှုတ်ပိတ် ခဲ့တယ်။

ဒါပေမဲ့ ငွေ ဘယ်လောက် ဆိုတာ ကိုတော့ တွင်းတူး အဖွဲ့ဝင် နော်ဝေး နိုင်ငံ ဘူမိဗေဒ ပညာရှင် ဘာနီနန်မီဒယ် ကို မေးလို့ မရခဲ့ ပါဘူး။ ခန့်မှန်း ရသလောက် ကတော့ တစ်ဦး စီ ကို သိန်းဂဏ န်း လောက် ပေးပုံ ရတယ် လို့  မီဒီယာ သမားတွေ က ထင်မြင် ချက် ဖြင့် ရေးသား ခဲ့ကြ ပါတယ်။ ဘာနီနန်မီဒယ် က တော့ သူ ရရှိတဲ့ ငွေတွေ ကို တပြားတချပ် မှ မယူပဲ ကယ်ဆယ်ရေး လုပ်ငန်းေ တွ ကို လှူဒါန်း လိုက်တယ် လို့ သိရပါ တယ်။ ဒီသတင်း ပေါက်ကြား တဲ့ အခါမှာ တော့ သူ့အသက် လဲ စိုးရိမ် ရပါတယ် ဟုလဲ ပြောခဲ့ ပါတယ်။ ဆိုဗီယက် အာဏာပိုင် တွေ ဟာ ထို ငြီးငြူသံ တွေ ကို မြေ ဆီလွှာ လှုပ်ရှား သံဟု ဆိုပြီး ပယ်ချ ခဲ့ပါတယ်။ နောက် စာတစ်စောင် ကတော့ နော်ဝေး နိုင်ငံသား အေ့(ချ)ရန် ဒါလန် ဂျူနီယာ ဆိုတဲ့ လူ ရေးခဲ့တဲ့ စာပါပဲ။ သူဟာ နော်ဝေး နိုင်ငံ တရားရေး ဝန်ကြီး ဌာန ဝန်ကြီး ရဲ့ အထူး အတိုင်ပင်ခံ တစ်ယောက် လဲ ဖြစ်တယ်။

စာရေး တဲ့ နေ့စွဲက ၁၉၉၀ ခု ဇန်နဝါရီ လ ၇ ရက်နေ့  သူ့ စာ ထဲမှာ ရေးခဲ့တာ ကတော့ ၁၉၈၉ ခု ခရစ်စမတ် ရုံး ပိတ်ရက်မှာ သူက အမေရိကန် နိုင်ငံ ကားလီဖိုးနီးယား ပြည်နယ် ကို အလည် အ ပတ် ရောက်နေ ချိန်မှာ နော်ဝေး နိုင်ငံ က ဆိုက်စမစ် ဘူမိဗေဒ ပညာရှင် တွေ ဟာ တွင်းတူးရင်း နဲ့ ဟောင်းလောင်းပေါက် ဟင်းလင်းပြင် ကို တွေ့ရပြီး လူထောင်းပေါင်း များစွာ ရဲ့ အော်ဟစ် သံ ကို ကြားရ ကြောင်း သတင်းစာ ကို ဖတ်ရ တယ်။ ဒီ သတင်းစာ ကို ဟာသ ဆိုပြီး ပြက်ရယ် ပြုခဲ့ ပါသေးတယ် ဟု ဆို ပါတယ်။

ဒါပေမဲ့ မကြာ ပါဘူး ပြည့်ပြည့် စုံစုံ ရေးထား တဲ့ နော်ဝေး နိုင်ငံမှ စာတန်း ကို ဖတ်လိုက် ရတဲ့ အခါ မှာ တော့ သူဟာ အရမ်း အံ့သြ တုန်လှုပ် မိပါ ကြောင်း နှင့် နောက်ဆုံး မှာ တော့ သူ့ ကို ဘုရား သ ခင် ထံမှာ အပ်နှံ ကြောင်း နှင့် လုံခြုံတဲ့ နေရာမှာ ထားပေး ကြပါ လို့  ရေးသား ထား ကြောင်း သိရ ပါ တယ်။

ကျမ်းည္မန်း။ ။ အကုသိုလ် နှင့် ငရဲပြည် ဟူသော စာအုပ်မှ ဘာသာ ပြန်သူ ဘကြီးဇင် ရေး သားေ သာ စာအုပ်မှ ဖြစ်ပါသည်။

အသံဖိုင်ကိုတော့  အောက်ပါလင့် မှာ ဒေါင်းပါ။

http://centralupload.com/files/17095_osxw1/Siberian%20hell%20sound.mp3

eainmatthanzin.com

၂၀၁၁ က ပိုစ့် ပါ .... ဒီ ကိစ္စ ကို ကြား ဘူးရင် လဲ ကြား ဘူးမယ် .... အသံ ဖိုင် လင့် က သေနေ နိုင် ပါတယ် .... ဗဟုသုတ အနေနဲ့ တင်လိုက်တာ ဖြစ်ပါတယ် ..... GLM
mr7cho

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D