သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 28, 2013

ဖွဲစည်းပုံမပြင်ပဲ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲနိုင်စဉ်က မျှတယ်ပြောခဲ့သော်လည်း စည်းပုံအခြေခံဥပဒေ မပြင်ဆင်ပါက၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ တရားမျတမှုမရှိနိုင်ဟု ဒေါ်စု ပြောပြန်

  ဖွဲစည်းပုံမပြင်ပဲ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲနိုင်စဉ်က ပျော်ရွှင်မြူးတူးခဲ့သော်လည်း စည်းပုံအခြေခံဥပဒေ မပြင်ဆင်ပါက၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ တရားမျတမှုမရှိနိုင်ဟု ဒေါ်စု ပြောကြားခဲ့ပြန်သည်။

စက်တင်ဘာ ၂၇ ရက်ကပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌ ဧရာဝတီသတင်းဌာန၏ ''စင်ကာပူမှာတုန်းက ပြောခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မပြင်နိုင်လို့ရှိရင် ၂၀၁၅ မှာ ပြဿနာတွေ အများကြီး ရှိမယ်လို့ပြောခဲ့တယ်။ အဲဒီ ပြဿနာတွေက စစ်တပ်က အာဏာသိမ်းတာမျိုးပါလာ နိုင်ပါသလား''ဟု မေးခွန်းမေးမြန်းမှုအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
''ဥပဒေကို မပြင်ဘူးဆိုလို့ရှိရင် ဒီနိုင်ငံဟာ ဒီမိုကရေစီဘက်ကို တကယ်ဦးတည်တယ်လို့ ဘယ်လိုမှမပြောနိုင်ဘူး။ နောက်ပြီးတော့လည်း ကျွန်မတို့အမြင်မှာတော့ ဖွဲ့စည်းအခြေခံဥပဒေကို မပြင်ဘူးဆိုလို့ရှိရင် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောနိုင်မှာမဟုတ်ဘူး။ လွတ်လပ်ရင် လွတ်လပ်လိမ့်မယ်။ မဲထည့်တဲ့နေ့မှာ လွတ်လွတ်လပ်လပ် မဲထည့်ရင် မဲထည့်နိုင်လိမ့်မယ်။ ဒါပေမဲ့ အစကတည်းက မျှတမှုမရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ကျင်းပတဲ့ရွေးကောက်ပွဲဆိုတာ ဘယ်လိုမှ မျှတနိုင်မှာ မဟုတ်ဘူးလို့ဘဲ ပြောချင်တယ်။အဲဒီမမျှတတဲ့ ရလဒ်တွေအဖြစ်နဲ့ ပြဿနာတွေ အများကြီးပေါ်လာနိုင်တယ်''ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မည်သည့်ပြဿနာမျိုး ဆိုသည်မှာ တိတိကျကျပြောရန် စောလွန်းနေသေးကြောင်း၊ ပြဿနာဆိုသည်မှာ အမျိုးမျိုးဖြစ်နိုင်ကြောင်း၊ မျှတမှုကို အခြေမခံသည့် စနစ်ဆိုသည်မှာ မည်သို့မျှ ဒီမိုကရေစီစနစ် မဖြစ်နိုင်ကြောင်း၊ အယောင်ဆောင် ဒီမိုကရေစီစနစ်သာဖြစ်ပြီး အယောင်ဆောင် ဒီမိုကရေစီစနစ်ဖြင့် မည်ကဲ့သို့မျှ ဒီမိုကရေစီရွေးကောက်ပွဲဟု ပြောဆို၍ ကျင်းပနိုင်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂၀၀၈ အခြေခံဥပဒေ မပြင်ပဲ ကျင်းပလျှင် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတမှု မရှိဟု ပြောဆိုခဲ့သော်လည်း အခြေခံဥပဒေ မပြင်ပဲ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီမှ အနိုင်ရလွှတ်တော်အမတ်များကိုတော့ နှုတ်ထွက်ခြင်း မရှိခြေ။


From : .. Eleven

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D