သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 23, 2013

သဘာဝဘေးအန္တရာယ်အတွင်းမှ လူသားတို့အသက်ကို ကယ်တင်ပေးမည့် မီးနဂါးဘောလုံးများ

မကြာသေးမီနှစ်ကဂျပန်နိုင်ငံတွင်ကြီးမားသောရေငလျင်ဆူနာမီဖြစ်ပေါ်ခဲ့ရာလူ့အသက်နှင့်အိုးအိမ်စည်းစိမ်များစွာပျက်စီးဆုံးရှုံးခဲ့ရသည်။ထို့ကြောင့်နည်းပညာအင်အားကောင်းမွန်သောဂျပန်နိုင်ငံသည်သူ၏နည်းပညာအင်အားကိုပြသသည့်အနေဖြင့်သဘာဝဘေးအရေးကြုံလျှင်လွယ်ကူလျင်မြန်စွာအသုံးပြုနိုင်သောအသက်ကယ်ဘောလုံးကို၂၀၁၂ခုနှစ်တွင်မိတ်ဆက်ပြသပေးနိုင်ခဲ့ရုံမျှမကဈေးကွက်အတွင်းသို့လည်းအမှန်တကယ်ပို့ဆောင်ပေး နိုင်ခဲ့သည်။
ကားတစ်စီးတန်ဖိုးနှင့်မကွာခြားလှသောအဆိုပါမီးနဂါးဘောလုံးဟုအမည်ရသည့်သဘာဝဘေးအသက်ကယ် ဘောလုံးများကို ဂျပန်နည်း ပညာဖြင့် ဖန်တီးတည်ဆောက်ထားပြီး ဂျပန်နိုင်ငံရှိ ပြည်တွင်းနာမည်ကြီး ကာတွန်းဇာတ်ကားများအတွင်းပါဝင်လေ့ရှိသောFireDragonBallဟုလူသိများသည့် ဘောလုံးကိုအခြေခံပြီး တည်ဆောက်ဖန်တီးထားသည်ဟု ဂျပန်နည်းပညာစာမျက်နှာများတွင် တွေ့ရှိရသည်။ အဆိုပါဘောလုံးများ ကို မုန်တိုင်း အန္တရာယ်နှင့် သဘာဝဘေးဒဏ်တို့အတွက်အထူးစီမံတည် ဆောက် ထားပြီး အကောင်းစား သားရေနှင့် ပလတ်စတစ်စပ်ကိုယ် ထည်ကို အသုံးပြုထားသည်ဟု သိရှိရ သည်။
ဖိအားခံနိုင်ဝန် ကိုးတန်အထိ ရှိပြီး ရေပေါ်ရေအောက်အ သုံးပြုနိုင် သည်ဟုလည်း သိရှိရသည်။ အတွင်း ပိုင်းတွင် လူလေးဦးမျှလိုက်ပါနိုင်ပြီး ရေဒီယိုဆက်သွယ်ရေးစနစ်၊ နေရောင် ခြည်စွမ်းအင်စနစ်၊ ဒစ်ဂျစ် တယ်လမ်းကြောင်းပြစနစ်၊ရေစိုခံဖုန်းနှင့်အခြား လိုအပ်သည့် လူ့အသုံးအဆောင် အချို့ကိုလည်းထည့်သွင်း ပေးထား သည်ဟု သိရသည်။ မုန်တိုင်းနှင့် သဘာဝဘေးဒဏ်များကို အမှန်တကယ်ကြုံတွေ့ရပါက အဆိုပါ ဘောလုံးများအတွင်း လူလေးဦးမျှ တစ်ပတ်ခန့်နေထိုင် နိုင်ရန် စီမံထုတ်လုပ်ထားခြင်း ဖြစ်သည်။ လိုအပ်သော စားရေ ရိက္ခာနှင့်အရေးပေါ် ဆက်သွယ် ရေး စနစ်များပါဝင်သော အဆိုပါဘောလုံးများသည် ပင်လယ် ကူးသင်္ဘောများတွင် တပ်ဆင်ထားလေ့ရှိသည့် အသက်ကယ်လှေ Life Boat များထက်ပင် ပိုမိုအသုံးဝင်ကာ သယ်ဆောင်ရလွယ်ကူသည်။ 
နည်း ပညာမြင့်မားသည့် အဆိုပါ ဘောလုံးများကို ကမ္ဘာတစ်ဝန်း ထုတ်လုပ်ရောင်း ချရန် စီစဉ် လျက်ရှိကြောင်းသိရှိရသည်။ ရေ၊ လေ၊ မီးတို့၏ တုံ့ပြန် သက်ရောက်မှုခံနိုင်ရန် စမ်းသပ်ပြီးသည့်နောက် လူသားငါးဦး ၏အသက်ကို ကယ်တင်ပေးနိုင်သည့် အဆိုပါ မီးနဂါး ဘောလုံးအတွင်း ထည့်သွင်းပေး ထားသည့်နည်းပညာမှာသဘာဝဘေးဒဏ်ကျရောက်နေချိန်အတွင်းလွယ်ကူလျင်မြန်စွာအဆက်အသွယ်ပြုနိုင်စေပြီးအကူအညီနှင့်ကယ်ဆယ်ရေးအဖွဲ့တို့ နေရာအတိအကျသိရှိစေရန်စနစ်များစွာထည့်သွင်းပေးထား သည်ဟုသိရှိရသည်။၎င်းမီးနဂါးဘောလုံးများကိုယခုလက်တွေ့အသုံးပြုနိုင်ရုံမျှမကနောင်လာမည့်နှစ်များအတွင်းနည်းပညာများဆန်းသစ်ကာတန်ဖိုးနည်းပါးစွာဖြင့်လူတိုင်းစေ့အသုံးပြုနိုင်ရန်လည်းဂျပန်နည်းပညာလုပ်ငန်းများမှ စီမံလျက် ရှိသည်။
 အဆိုပါမီးနဂါးဘောလုံးများသည်တန်ဖိုးနည်းပါးကာသယ်ဆောင်ရလွယ်ကူပြီးအမှန်တကယ်အသုံးဝင်မည်ဆိုပါကဂျပန်နည်းပညာနှင့်မီးနဂါးဘောလုံးများသည်အဆင့်မြင့်ဖုန်းများထက်ပင် ပိုမိုဈေးကွက်ရနိုင်ကြောင်း ပရိသတ်များက ဆိုထားသည်။
 TIKILA Featured News:
 သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D