သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, September 25, 2013

တပ်မတော်အရာရှိအသတ်ခံရမှု KIO တရားဝင်ဖြေရှင်းပေးရန် အစိုးရစောင့်ဆိုင်းနေကြောင်း ဦးရဲထွဋ်ပြောကြား

Photo: Kaung Myat Moe
တပ်မတော်သားအရာရှိခေါင်းဖြတ်အသတ်ခံရမှုနှင့်ပတ်သက်ပြီး တရားဝင်ဖြေရှင်းပေးရန် အစိုးရက KIO သို့အကြောင်းကြားစာပို့ထားပြီး စောင့်ကြည့်နေကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က နေပြည်တော်၌ ယခုလ ၁၉ ရက်က သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ်ကပြောကြားခဲ့သည်။


“ မီဒီယာတွေ ပေါ်မှာတော့ သူတို့မလုပ်ဘူး လို့ငြင်းနေတယ်။ သိုသော် တစ်ကယ်ကတော့ အောက်ခြေနဲ့ KIO ဗဟို ကဘယ်လောက် အဆက်အသွယ် ရှိလဲ၊ အောက်ခြေက လုပ်ရပ် အပေါ်မှာ KIO ဗဟိုက ဘယ်လောက်အထိ့ သိလဲ ၊ ဘယ်လောက်အထိ တာဝန်ခံနိုင် မလဲကျွန်တော် တို့မသိပါဘူး”ဟု ပြန်ကြားရေး ဒုတိယ၀န်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က မီဒီယာသမားများကို ရှင်းပြခဲ့သည်။




KIO(Kachin Independence Organization) ပြောရေးဆိုခွင့်ရှိသူ ဦးလနန့် ကတော့ တပ်မတော်သားအရာရှိကို KIO သတ်သည်ဆိုသည်မှာ မြန်မာ့ တပ်မတော်၏ တစ်ဖက်သတ် စွပ်စွဲချက်များသာဖြစ်ကြောင်းနှင့် တိုက်ပွဲဖြစ်စဉ်ကို ထုတ်ပြန်ကြေငြာရန် မရှိကြောင်း  ယခုလ ၁၉ ရက်ထုတ် ပြည်တွင်းသတင်းဂျာနယ် တစ်စောင်ဖြစ်သည့် Venus News သို့ ပြောကြားခဲ့သည်။

“နှစ်နှစ်တိုက်ပွဲကာလအတွင်း မိမိဘက်က ဖမ်းဆီးရမိတဲ့သုံ့ပန်းတွေကို လူ့ယဉ်ကျေးမှုနဲ့အညီ ပြုမူဆက်ဆံခဲ့တာ အားလုံးအသိဖြစ်တယ်” ဟု ဦးလနန့်က Venus News သို့ အီးမေးလ်မှ တစ်ဆင့်ပြန်ကြား ခဲ့သည်။

မြန်မာအစိုးရစစ်တပ်မှ အင်ခါဂါးကျေးရွာဒေသခံများကို ရိုက်နှက်နှိပ်စက်မှုများပြုလုပ်ခဲ့ပြီး ယခုဖြစ်စဉ်သည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အတားအဆီးဖြစ်စေကြောင်း ဦးလနန့်ကပြောသည်။

ဦးရဲထွဋ်က ယခုကဲ့သို့ကိစ္စများကို အကောင်းဆုံးဖြေရှင်းနိုင်ရန် ပူးတွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များ အမြန်ဆုံးဖွဲ့စည်းပြီး အောက်ခြေအထိ လေ့လာကွင်းဆင်း၍ ဖြေရှင်းရန် ကြိုးစားနေကြောင်း အစိုးရ၏လုပ်ငန်းစဉ်များကိုရှင်းပြခဲ့သည်။

သြဂုတ်၂၈ ရက်က ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်း နယ်မြေစိုးမိုးရေးအတွက် ဆောင်ရွက်နေသော တပ်စုတစ်စုနှင့် KIO တို့ တိုက်ပွဲဖြစ်ပြီး တပ်မတော်အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးပျောက်ဆုံးကာ အင်ခါးဂါကျေးရွာအနီးတွင် ခေါင်းဖြတ်သတ်၍ မြှုပ်နှံထားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာခဲ့သည်။   


From : .. YPI

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D