မြေခွေး
ဟိုးတစ်ခါတုန်းက အိန္ဒိယအဘိုးအိုတစ်ဦးဟာ သူ့မြေးလေးကို ဘ၀သစ္စာတရားအကြောင်း အခုလို ပြောပြသတဲ့။
"လူတိုင်းရဲ့ အတွင်းစိတ်ထဲမှာ ဆန့်ကျင်ဘက် အားနှစ်ခု အမြဲတမ်း
အားပြိုင်နေကြတယ်။ မြေခွေးနှစ်ကောင် အားပြိုင်တာနဲ့ အင်မတန်တူတယ်။
မြေခွေးတစ်ကောင်က အဆိုးတရားကို ကိုယ်စားပြုတယ်။ မနာလိုဝန်တိုမှု၊
အားကျမခံလိုမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ မျှော်မှန်းချက်ကြီးမှု၊
လိမ်ညာလှည့်ဖြားမှု တို့ကိုဖော်ဆောင်တယ်။ နောက်တစ်ကောင်က
ကောင်းမြတ်ခြင်းတရားကို ကိုယ်စားပြုတယ်။ ငြိမ်းချမ်းရေး၊ အပြန်အလှန်
မေတ္တာထားရေးကို ကြွေးကြော်တယ်။ စိတ်ထားကောင်းတယ်၊ စိတ်ပျက် အားငယ်တတ်ခြင်း
အလျဉ်းမရှိဘူး။ သစ္စာနဲ့ အမှန်တရားတို့ကို ချစ်မြတ်နိုးတယ်"
အဘိုးရဲ့စကားဟာ မြေးကလေးရဲ့ အသည်းထဲရင်ထဲကို သံမှိုစွဲသလို စိမ့်ဝင်သွားတယ်။ နောက် စဉ်းစားရင်းက မေးခွန်းတစ်ခု မေးတယ်။
"အဆုံးကျတော့ ဘယ်မြေခွေး အနိုင်ရသလဲ အဘိုး"
အဘိုးရဲ့ မျက်နှာပေါ်မှာ အပြုံးပေါ်လာတယ်။ မြေးကို သူပြောတယ်။
"မင်း အစာပိုကျွေးတဲ့မြေခွေး အမြဲတမ်း အနိုင်ရတယ်" တဲ့။
[မောင်ကောင်းထိုက်-နှီးပဒေါ၊ ငရဲတံခါး၊ နိဗ္ဗာန်တံခါးနှင့် အခြားဇာတ်လမ်းများ စာအုပ်မှ]
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...