မြန်မာနိုင်ငံက လွှတ်တော်တွေမှာ စစ်တပ်ကိုယ်စားလှယ်တွေကို ခန့်အပ်ထားရာမှာ
လာမယ့် ၂၀၁၅ရွေးကောက်ပွဲကျရင်တော့ အမျိုးသမီးတွေ ကို ရွေးချယ်ခန့်ထားဖို့
မြန်မာ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းပြောဆိုခဲ့
တယ်လို့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက ပြောပါတယ်။
မြန်မာနိုင်ငံဟာ
စစ်အာဏာရှင် စနစ်အောက်မှာ နှစ်ပေါင်း ၅၀ လောက် နေခဲ့ရတဲ့ ကာလတွေနဲ့
နှိုင်းယှဉ် လိုက်ရင်တော့ အခုအခါမှာ ပြုပြင်ပြောင်းလဲမှုတွေဟာ
တိုးတက်မှုရှိတယ်လို့ ရန်ကုန်မြို့ Strand Hotel မှာ The Elders အဖွဲ့က
ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အမေရိကန်သမ္မတဟောင်း Jimmy
Carter က ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ ရှေ့ဆက်
လုပ်ဆောင်စရာတွေ အများအပြား ကျန်နေသေးတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့
အခမ်းအနားကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က
သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံကို ၃ ရက်ကြာ
လာရောက်လည်ပတ်နေတဲ့ The Elders ခေါ် ကမ္ဘာ့အထင်ကရပုဂ္ဂိုလ်များ အဖွဲ့ဟာ
သူတို့ခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့
Strand ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ခရီးစဉ်အကြောင်း
ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေတဲ့
ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ တိုးတက်မှု သိသိသာသာ
ရှိလာနေတယ်ဆိုပြီး အရင်စစ်အစိုးရလက်ထက်က ဖိနှိပ် အုပ်ချုပ်ခံခဲ့ရတဲ့
အခြေအနေတွေ နဲ့ နှိုင်းယှဉ်ပြီး အဖွဲ့ဝင် ၃ ဦးပါတဲ့ The Elders အဖွဲ့ကို
ဦးဆောင်လာသူ အမေရိကန်သမ္မတဟောင်း ဂျင်မီ ကာတာက ပြောပါတယ်။
"
တိုးတက်မှုလို့ ကျနော်ပြောတဲ့နေရာမှာ လွန်ခဲ့တဲ့ ၂ နှစ်ခွဲကာလ သမ္မတ
ဦးသိန်းစိန် အစိုးရလက်ထက်က အခြေအနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀
လောက်တုန်းက စစ်အစိုးရအုပ်ချုပ်မှုအောက်မှာ ပြည်သူတွေ နေထိုင်ခဲ့ရတဲ့
အခြေအနေကို နှိုင်းယှဉ်ပြီး ပြောတာ ဖြစ်ပါတယ်။ သတင်းလွတ်လပ်မှု၊ လွတ်လပ်စွာ
ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ ဒေါ်အောင်ဆန်း စုကြည်
နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာတာပြီးတော့ လွှတ်တော် ရွေးကောက်ပွဲ
ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတာ၊ လွတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဖို့
ပြောဆိုဆွေးနွေးတာတွေ၊ အဲဒီကတဆင့် ဒီမိုကရေစီနဲ့ဆိုင်တဲ့ အသွင်သဏ္ဍာန်တွေ
ဆင့်ပွားလာတာ၊ အပစ်အခတ် ရပ်စဲဖို့အတွက် တွေ့ဆုံဆွေးနွေးတာတွေ စသည်အားဖြင့်
တဖြည်းဖြည်းခြင်း ဆင့်ကဲ တိုးတက် ပြောင်းလာတာတွေအပေါ် နိုင်ငံတကာ
အသိုင်းဝိုင်း အသိအမှတ်ပြု အလေးထားပါတယ်။"
တဖက်မှာ အဲဒီလို
တိုးတက်မှုတွေ ရှိနေသလို တခြားတဖက်မှာလည်း လုပ်ဆောင်စရာတွေ အများအပြား
ကျန်နေသေးတာတွေကို သမ္မတဟောင်း ဂျင်မီ ကာတာက ထောက်ပြ ပြောဆိုခဲ့ပါတယ်။
" မြန်မာနိုင်ငံအနေနဲ့ လုပ်ဆောင်စရာတွေ အများကြီး ကျန်ပါသေးတယ်။ အဲဒီအထဲက
ပြဿနာတခုကို ပြောရမယ်ဆိုရင်တော့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာရှိတဲ့
ရိုဟင်ဂျာတွေရဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ သူတို့ နိုင်ငံသားဖြစ်ရေး၊ မဖြစ်ရေး
ကိစ္စကိုလည်း ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။ နောက် အပစ်အခတ် ရပ်ထားတဲ့
အဖွဲ့တွေနဲ့ နိုင်ငံရေး အရ ဆွေးနွေးပွဲ လုပ်ဖို့ လိုပါတယ်။
ပြည်နယ်တွေမှာရှိကြတဲ့ တိုင်းရင်းသား တဖွဲ့ချင်းစီရဲ့
ကိုယ်ပိုင်လွတ်လပ်ခွင့်တွေနဲ့ ဗဟိုအစိုးရကြား ကွားခြားချက်ကို လည်း
မဖြေရှင်းနိုင်သေးပါဘူး။"
The Elders အဖွဲ့အနေနဲ့ မြန်မာအစိုးရ
တာဝန်ရှိသူတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေအပါအ၀င် ဘာသာရေး
ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံခဲ့ပြီးဖြစ်တာကြောင့် သူတို့လို နိုင်ငံတကာ
အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အစိုးရပိုင်းက တာဝန်ရှိသူတွေကို ဘယ်လို
အကြံပြုချက်များ ပေးလိုပါသလဲလို့ ဗွီအိုအေက မေးတဲ့အခါမှာတော့ -
" မြန်မာအစိုးရအနေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို
ဆက်လုပ်ပါလို့ ကျနော်ကတော့ အကြံပြုချင်တယ်။ တိုင်းပြည်တွင်းက
လူတဦးချင်းစီမှာ တန်းတူ အခွင့်အရေးရရှိလာအောင် အခွင့်အလမ်းတွေကို
ဖွင့်ပေးပါ။ မြန်မာနိုင်ငံက အမျိုးသမီးတွေကို မျှတစွာ ဆက်ဆံတယ်လို့ ကျနော်
မထင်ပါဘူး။ လွှတ်တော်ထဲမှာဆိုရင်လည်း အမျိုးသမီး လွှတ်တော်အမတ် အရေအတွက်က ၅
ရာခိုင်နှုန်းပဲ ရှိပါတယ်။ နော်ဝေးမှာဆို လွှတ်တော်အမတ် ၄၅
ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးတွေပါ။ အဲဒီအချက်တွေ ပြုပြင် ပြောင်းလဲဖို့
လိုအပ်တယ်ဆိုတာကို ကျနော်တွေ့ခဲ့တဲ့ အဖွဲ့တိုင်းကို အကြံပြုခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တုန်းကလည်း စစ်သား လွှတ်တော်အမတ် ၁၆၆ ယောက်ကို
သူက ရွေးချယ်ပေးရတော့ ၂၀၁၅ ကျရင် စစ်တပ်အနေနဲ့ အမျိုးသမီးတချို့ကို
ရွေးချယ်ဖို့ ကျနော် အကြံပြုခဲ့ပါတယ်။"
အမေရိကန်သမ္မတဟောင်း Jimmy
Carter ဦးဆောင်တဲ့ The Elders အဖွဲ့ဟာ သူတို့ရဲ့ ၃ ရက်ကြာ
မြန်မာနိုင်ငံခရီးစဉ်အတွင်း အစိုးရဖက်က သမ္မတ ဦးသိန်းစိန်၊
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဌ၊ နောက် ၈၈ မျိုးဆက် ပွင့်လင်း
လူ့အဖွဲ့အစည်းကခေါင်းဆောင်တဦးဖြစ်သူ ကိုမင်းကိုနိုင် အပါအ၀င် တခြား
အရပ်ဖက် လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ ဘာသာရေး အသင်းအဖွဲ့တွေက
ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ
ကော်မရှင်နဲ့ တွေ့ဆုံစဉ် ဆွေးနွေးဖြစ်ခဲ့တာတွေနဲ့ ပတ်သက်လို့တော့ -
" ၂၀၁၅ ရွေးကောက်ပွဲကို နိုင်ငံတကာက လေ့လာသူတွေ လာပြီး
လေ့လာခွင့်ပြုမယ်လို့ ကျနော် မျှော်လင့် ပါတယ်။ ရွေးကောက်ပွဲကော်မရှင်
ဥက္ကဌနဲ့ တွေ့ဆုံတုန်းကလည်း ကျနော်တို့ အဲဒီအတိုင်းပဲ ပြောခဲ့ပါတယ်။
အဲဒါကလည်း အစောပိုင်းကတည်းက ခွင့်ပြုဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
မဲပေးခွင့်ရှိသူတွေ မှတ်ပုံတင်တဲ့နေရာမှာလည်း တိကျ မှန်ကန်မှု ရှိဖို့
လိုအပ်တဲ့အတွက်ပါ။ ရှေ့နှစ်ဆန်းမှာ သန်းခေါင်စာရင်းကောက်ဖို့
စီစဉ်နေတယ်လို့ ကျနော် နားလည်ထားပါတယ်။ အဲဒီမှာလည်း လာရောက်
လေ့ခွင့်ပြုဖို့ ကျနော်တို့ လိုလားပါတယ်။"
ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပြောဆိုမှုတွေကတော့ သူဖွဲ့ထားတဲ့ ကာတာစင်တာကို
ကိုယ်စားပြု ပြောဆိုနေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ကာတာ စင်တာအနေနဲ့
နိုင်ငံတကာ ရွေးကောက်ပွဲပေါင်း ၉၄ ခုကို စောင့်ကြည့်သူအဖြစ် သွားရောက်
လေ့လာထားဖူးပြီး ဖြစ်တာကြောင့် သူတို့မှာ အဲဒီအတွေ့အကြုံ အများအပြား
ရှိတယ်လို့ ဆိုပါတယ်။
အဖွဲ့ဝင် ၁၂ ဦးနဲ့ ဖွဲ့စည်းထားတဲ့ The
Elders အဖွဲ့ဟာ ကမ္ဘာတလွှား ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့
လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် မြင့်မားဖို့အတွက် နိုင်ငံအသီးသီးက
ခေါင်းဆောင်ဟောင်းတွေ၊ အထင်ကရပုဂ္ဂိုလ်တွေ၊ နိုဘဲငြိမ်းချမ်းရေးဆုရှင်တွေနဲ့
ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ မြန်မာနိုင်ငံကို စက်တင်ဘာလ ၂၄
ရက်နေ့က ရောက်ရှိလာတာ ဖြစ်ပါတယ်။
From :
..voa
သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်...
Subscribe to:
Post Comments (Atom)
တင်ပြီးသား post များ
-
►
2014
(18)
- ► 10/19 - 10/26 (18)
-
▼
2013
(4683)
- ► 11/17 - 11/24 (1)
- ► 09/29 - 10/06 (42)
-
▼
09/22 - 09/29
(187)
- ခွပ်ဒေါင်းကိုမွတ်ဒေါင်းဟု ပြောဆိုမှုများကို အမျိုးသ...
- မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးက...
- တရားမဝင် မြန်မာ အလုပ်သမား (၁၅)ဦး ထိုင်းနိုင်ငံမှ လ...
- ပြည်ကြီးမဏ္ဍိုင် မြို့နယ်ခွဲ ၊ ရေဘေးသင့် အိမ်ထောင်စု...
- သမ္မတကြီး မှာကြားချက်နှင့် ရဲမှူးဦးဝင်းနိုင် ပြော...
- ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း အမှုကို မန္တလေး တိုင်...
- သတ်မှတ် ရက်လွန် တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုခွ...
- ပဉ္စမတန်း ပထ၀ီဝင် ဖတ်စာအုပ် ပုံနှင့် စာလွဲနေခြင်း လ...
- ကလေး သူငယ် အဓမ္မ ပြုကျင့်မှု ဘယ်လို ကာကွယ် ဖြေရှင်းမလဲ
- သမ္မတရုံး ၀န်ကြီး ပိုင်ဆိုင်သည့် ခြံမြေ လှည်းကူး၌ ရ...
- ဒါယိကာမကြီး ဒေါ်စု သို့ ပေးစာ
- ကိုယ်ပိုင်အရည်အချင်းဖြင့် ဖွဲ့စည်းပုံပြင်ရန် မတက်န...
- တိုင်းပြည်ဆူပူမှုကို ဖြစ်စေလိုသော ၈၈မျိုးဆက် မာကီး
- NLDငွေရတုပွဲတွင် တက်ကြွလှုပ်ရှားသူ မစုစုနွေး မောင်...
- ကေအဲန်ယူ ခေါင်းဆောင်တွေ ဝန်ကြီးဦးအောင်မင်းနဲ့ ဆွေ...
- ဖွဲစည်းပုံမပြင်ပဲ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပ...
- ဒီမိုကရေစီက အရေးအကြီးဆုံးဟု ဒေါ်စု ပြောနေသော်လည်း င...
- မြန်မာ အမျိုးသမီးများ နှင့် ဝတ်စားဆင်ယင်မှု
- ယခင် အစိုးရ အဆက်ဆက် သိမ်းဆည်းခဲ့သော တပ်မြေများမှ ဧ...
- အမျိုးသားသစ္စာဖောက် ဖြစ်လာတော့မည့် ဒေါ်စု
- ဒေါ်စု၏ ကုလားများအပေါ်ထားရှိသော စိတ်ဓါက်ကြောင့် OIC ...
- ကျနော်ဖြေဆို မတတ်သောမေးခွန်းများ ( ဒဲ့ )
- ဒီမိုကရေစီက အရေးအကြီးဆုံးဟု ဒေါ်စု ပြောနေသော်လည်း င...
- တရုတ်စီမံကိန်း ဆန္ဒပြ၍ ထောင်ချခံရသူများကို ပြန်လွှတ်...
- စပျစ်သီးမှ ကုသပေးသော ရောဂါများ
- ရေအောက် ရုပ်ကြွင်းပြတိုက်
- Miss Tourism Queen International 2013 ပြိုင်ပွဲတွင...
- ကမ္ဘာ့ဒုတိယ အကြီးဆုံး စိန်တွင်း (မိုင်းတွင်း)
- ကမ္ဘာ့အလိုအရှိဆုံး အမျိုးသမီး
- ချင်းမိုင် အမျိုးသား လိင်ဖျော်ဖြေရေး လုပ်သားတွေမှာ...
- ကင်တားနားကို တာဝန်မှ ရပ်နားတော့မည် ဆိုသည့် သတင်း လ...
- ကားရထားနှင့် ပါဂျဲရိုး တိုက်မိ
- မသန်စွမ်းတွေ အတွက် သန့်စင်ခန်း ထည့်ဆောက်မယ်
- ဆင်းကဒ် မဲပေါက်သူတွေ ဈေးကောင်း ရလို့ ပြန်ရောင်း
- ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အြေ...
- ကဲ ဗုဒ္ဓကို ကုလားလို့ပြောနေတဲ့ သောက်ရူးများ သေချာဖတ်
- မွတ်ဆလင် ပိုင် နိုင်ဂရု နဲ့ ချယ်ရီဦး တို့ အခွန်ပေ...
- ၈၈ မျိုးဆက်ကျောင်းသားအချို့၏ အစွန်းရောက်တွေးခေါ်မှုန...
- ကျောင်းသားငယ်ကို လိင်တူ ဆက်ဆံရန် ဖျားယောင်းသည်ဟုြ...
- မွတ်ဆလင် လူနည်းစုအပေါ် အကြမ်းဖက်များကို တစ်ဦးတည်း ...
- ဒီမိုကရေစီ အစိုးရလက်ထက် ရန်ကုန်တွင် လူငယ်တချို့ မဖ...
- အမျိုးသမီးငယ်တစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ
- မြန်မာတိုင်း (မ်) ကို ဖျက်သိမ်းရန် လျှောက်ထားမှု တရ...
- The Elders ကြောင့် တပ်မတော်သား အမျိုးသမီး လွှတ်တော်...
- စင်္ကာပူပြန် ဝင်းဇော်ဦးကို လေဆိပ်တွင် ကြိုဆိုသည့် လ...
- သရုပ်ဆောင် မင်းခန့်ကျော်ကို သရဝဏ် ရုပ်ရှင်နှင့် ဗီ...
- ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲအတွက် အစိုးရနှင့် ကေအု...
- တပ်မတော်အရာရှိတစ်ဦးအား ရက်ရက်စက်စက်သတ်ဖြတ်မှု ကေအ...
- ဆေးရုံတွင် စစ်ဆေးပြီးနောက် နှစ်တန်းကျောင်းသူ တစ်ဦး...
- ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၊အသစ်ရေးဆွဲ...
- "မုဒိမ်းကြံစည်ကုလားအား ထောင်ဆယ်နှစ်ချမှတ်"
- လုပ်အားခမရသည့်ပန်းရံအလုပ်သမားများမြို့ပိုင်ရုံးကို...
- ကမ္ဘာအချမ်းသာဆုံး အဆင့် ၈၉ ရှိတဲ့ မလေးရှားသူဌေးကြီး...
- ခေါင်းကိုက်စေတဲ့ အကြောင်းရင်းခံများ
- မြန်မာအမျိုးသားနဲ့  မလေးနိုင်ငံသူ ဇနီးကို ပြစ်ဒဏ်ချ
- ၂၀၁၅ DV ကံစမ်းမဲ Online လျှောက်လွှာ အောက်တိုဘာ ၁ ရက...
- ၁၃ ဦးသေစေခဲ့တဲ့ ဝါရှင်တန်က သေနတ်သမား
- ရန်ကုန်က အလုပ်ရှင်ကို ဆန္ဒပြချိန်က NLD ဒေါ်စန္ဒာမင်းတ...
- ဇာဂနာ ကျန်းမာရေး ဆိုးရိမ်ရ၊ လက်တလော ရူးကြောင်ကြောင...
- စစ်တပ်က ပြည်သူကို ကူညီချိန် မီဒီယာသမားက ပြည်သူကို ...
- ဒေါ်စု ပွဲပြီးခါနီးထိ ဘာမှ မလုပ်နိုင်သေးကြောင်း Ele...
- သေဘို့တစ်နေ့ထက်နီးလာပြီဆိုတာသိတော့သိမှာပါ ကိုဇာဂနာ
- “သိန်းတစ်ရာ မမက်သော တောသူမ”
- အင်တာနက်ပေါ်ရောက်မလာတဲ့ ၀မ်းနည်းဖွယ်သတင်းတစ်ပုဒ်
- မြန်မာ လူမှုအဖွဲ့အစည်းများကို အမေရိကန်သမ္မတ ချီးကျူး
- ၁၆ နှစ်အောက် အရွယ်အား အဓမ္မပြုကျင့် ပါက သေဒဏ်ချမှတ်...
- နက်နက်ရှိုင်းရှိုင်းမှား ခဲ့တဲ့ မိုးဟေကို
- ထိပ်ဆုံးမှာ ပြေးနေတဲ့ ကြည်ပြာ နဲ့ မိုးစက်ဝိုင်
- နာမည်ကြီးရန်အတွက် Sexy photo၊ Sexy pose များ ဆက်ရိ...
- မန္တလေးရှိ ဟိုတယ်တစ်ခုတွင် နိုင်ငံခြားသားတစ်ဦး ဝတ်...
- ကလေးဘဝ ပျောက်ဆုံးခဲ့ရသူများ
- ဒေါ်စုနဲ့ အဆင်ပြေသော်လည်း မိတ္ထီလာမှာ ဆန္ဒပြခံခဲ့ရတဲ့...
- A Nose Grows on Forehead
- ငရဲ ရှိသည် ကို အတည် ပြုကြပြီ
- သနားဖို့ ကောင်းပါသည်
- မှတ်သားထိုက်ပါပေတယ်
- အချင်းချင်း မုဒိန်းကျင့် မှု မကြာခဏ ဖြစ်ပွားနေသည့် ...
- တပ်မတော်အရာရှိတစ်ဦး အသတ်ခံရမှု စုံစမ်းပြီး အကြောင်...
- ပျဉ်းမနားတွင် ရည်းစားဟောင်းကို အဓမ္မပြုကျင့်၍ မဖွယ်...
- ဒေါ်အောင်ဆန်းစုကြည် စင်ကာပူက ဘာတွေ သယ်ဆောင် လာခဲ့သလဲ
- ဖက်ဒရယ်ကို ဗန်းပြပြီး လက်နက်မစွန့်နိင်ကြတော့တဲ့ သူ...
- ဒီမိုကရေစီ နဲ့ အမေ ၊ အဘ ယဉ်ကျေးမှု
- “စရုံပဲရှိသေးတဲ့ ကာလတစ်ခုမှာ စစ်တပ်ကို စိန်ခေါ်တယ်လ...
- ဗုဒ္ဓဘာသာဝင်များအား ထိမ်းမြားမည်ဆိုပါက ဘာသာပြောင်းလ...
- တပ်မတော်အရာရှိအသတ်ခံရမှု KIO တရားဝင်ဖြေရှင်းပေးရန် ...
- ရှစ်ဆယ့်ရှစ် နှင့် ဒေါ်စု ဥပက္ခာပြုထားသော ရခိုင်လူထု...
- ဒီမိုကရေစီခြေလှမ်းတွေကို ပျက်အောင်မလုပ်စေချင်ပါဘူး။
- NLD ပါတီလောက် လုပ်ကိုင်နိုင်စွမ်းရှိတဲ့ ပါတီမျိုး ...
- လေပဲရှိတဲ့ ဒေါ်စုပါတီကို စဉ်းစားရန်လို
- မိုးထဲလေထဲမှာကုန်းတစ်တန်ရေတစ်တန်ခရီးဆန့်ပရဟိတပေးဆပ...
- ကျွန်တော်ကြိုက်သော ပုံပြင်များ (၂၃)
- " အမျိုးသမီးတိုင်း အလိုချင်ဆုံး အရာက ဘာလဲ "
- မြန်မာနိုင်ငံသားများအနေဖြင့် မအိုချင်လျှင် ဆေးလိပ်...
- သစ်စက်လှေနှင့် ဆိုင်ကယ်ကယ်ရီများကြောင့် KIO အဖွဲ့ ...
- ပျိုမေတို့အတွက် အသုံးဝင်သောငှက်ပျောသီး
- ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက် ဖောရောင်မှုမရှိစေရန်
- သင့်ကလေးစိတ်ဓာတ်ကျနေတာ သင်ဘယ်လိုသိမလဲ
- ပျိုမေမေးတဲ့ နားဖာချေး
- လေယာဉ်ပေါ်တွင် မြွေတွေ့၍ ခရီးစဉ်ကြန့်ကြာခဲ့ရ
- ဖခင်ကောင်းဟုတ်မဟုတ် ကပ်ပယ်အိတ်အရွယ်အစားက သက်ဆိုင်ေ...
- ► 09/15 - 09/22 (231)
- ► 09/08 - 09/15 (288)
- ► 09/01 - 09/08 (239)
- ► 08/25 - 09/01 (188)
- ► 08/18 - 08/25 (243)
- ► 08/11 - 08/18 (243)
- ► 08/04 - 08/11 (231)
- ► 07/28 - 08/04 (293)
- ► 07/21 - 07/28 (187)
- ► 07/14 - 07/21 (219)
- ► 07/07 - 07/14 (234)
- ► 06/30 - 07/07 (167)
- ► 06/23 - 06/30 (316)
- ► 06/16 - 06/23 (177)
- ► 06/09 - 06/16 (224)
- ► 06/02 - 06/09 (127)
- ► 05/26 - 06/02 (155)
- ► 05/19 - 05/26 (132)
- ► 05/12 - 05/19 (106)
- ► 05/05 - 05/12 (86)
- ► 04/28 - 05/05 (56)
- ► 04/21 - 04/28 (61)
- ► 04/14 - 04/21 (49)
- ► 04/07 - 04/14 (49)
- ► 03/31 - 04/07 (33)
- ► 03/24 - 03/31 (34)
- ► 03/17 - 03/24 (11)
- ► 03/10 - 03/17 (11)
- ► 03/03 - 03/10 (5)
- ► 02/24 - 03/03 (11)
- ► 02/17 - 02/24 (1)
- ► 02/10 - 02/17 (6)
- ► 02/03 - 02/10 (15)
- ► 01/27 - 02/03 (3)
- ► 01/20 - 01/27 (7)
- ► 01/13 - 01/20 (6)
- ► 01/06 - 01/13 (9)
-
►
2012
(82)
- ► 12/30 - 01/06 (8)
- ► 12/23 - 12/30 (10)
- ► 12/16 - 12/23 (7)
- ► 12/09 - 12/16 (3)
- ► 12/02 - 12/09 (2)
- ► 11/25 - 12/02 (1)
- ► 11/18 - 11/25 (18)
- ► 11/11 - 11/18 (25)
- ► 08/12 - 08/19 (1)
- ► 03/04 - 03/11 (1)
- ► 02/26 - 03/04 (1)
- ► 02/19 - 02/26 (1)
- ► 02/05 - 02/12 (3)
- ► 01/22 - 01/29 (1)
-
►
2010
(9)
- ► 12/05 - 12/12 (1)
- ► 11/28 - 12/05 (2)
- ► 11/07 - 11/14 (5)
- ► 10/31 - 11/07 (1)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...