သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 28, 2013

ပဉ္စမတန်း ပထ၀ီဝင် ဖတ်စာအုပ် ပုံနှင့် စာလွဲနေခြင်း လာမည့် ပညာ သင်နှစ်တွင် ပြန်ပြင်မည်

ပဉ္စမတန်း သင်ရိုးရှိ ပထ၀ီဝင်ဖတ်စာအုပ် စာမျက်နှာ ၂၇ တွင် မြန်မာနိုင်ငံ၏ အရှေ့ ဘက်ကုန်းမြင့်
ဒေသပုံနှင့် အနောက်ဘက်တောင်တန်းဒေသပုံ နေရာလွဲနေမှုကို လာမည့်ပညာသင်နှစ်တွင် ပြုပြင်
သွားမည်ဖြစ်ပြီး အခြားလွဲမှားနေမှုများကိုလည်းစိစစ်နေကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်
ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ အရှေ့ဘက်ကုန်းမြင့်ဒေသပုံနှင့် အနောက်ဘက်တောင်တန်းဒေသပုံတို့အား ပုံနှင့်ပုံစာ
လွဲမှားဖော်ပြမှုသည် မည်သည့်ပညာသင်နှစ်ကတည်းက မှားယွင်းနေသည်ကို မသိရသော်လည်း
၂၀၁၃-၂၀၁၄ ပညာသင်နှစ်အထိ ဆက်လက်မှားယွင်းသည့်အတွက် လာမည့်ပညာသင်နှစ်တွင် ပြင်
ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောခြင်းဖြစ်သည်။

““ခုနကပဲ ၀န်ကြီး PSO (ကိုယ်ရေးအရာရှိ) လာသွားတယ်။ အဲဒီအချက်ကိုပြင်ဖို့ လာပြောတာပါ။ တ
ခြားအလွဲတွေကိုလည်း စိစစ်နေပါတယ်။ လာမယ့် ပညာသင်နှစ်မှာ ပြင်ဆင်သွားမှာပါ””ဟု အထက်ပါ
တာဝန်ရှိသူကပြောသည်။

ပညာရေးဝန်ကြီးဌာနမှ ပုံနှိပ်ထုတ်ဝေနေသော သင်ရိုးဖတ်စာအုပ်နှင့် ပတ်သက်၍ ပဉ္စမတန်းကျောင်း
သားမိခင်တစ်ဦးက မြန်မာမြေပုံတွင် နာမည်နေရာ လွဲမှားရိုက်နှိပ်ထားမှုကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်
စာမျက်နှာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

““မနေ့ညက သားစာကျက်တာနားထောင်ကြည့်တော့ မြန်မာနိုင်ငံ၏ အနောက်တောင်တန်းဒေသမှ
တရုတ်နိုင်ငံသို့ ဆက်သွယ်ထားသော တောင်ကြားလမ်းများမှာ ..လို့ ကြားလိုက်လို့ တရုတ်နိုင်ငံက
မြန်မာနိုင်ငံရဲ့အရှေ့ဘက်မှာရှိတာ။ သားဆိုနေတာမှားနေတယ်။ မြေပုံနဲ့တွဲကြည့်ပြီးကျက်ဆိုပြီး သား
ရဲ့ ငါးတန်းပထ၀ီဝင်ဖတ်စာအုပ် ယူကြည့်လိုက်တာ။ မြေပုံကိုတွေ့မှ သဘောပေါက်သွားတယ်။ အစိုး
ရကျောင်းဆက်ထားရမှာတောင် ကြောက်လာပြီ”” ဟု ပဉ္စမတန်း ကျောင်းသားမိခင်တစ်ဦးက ၎င်း၏
ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

ပညာရေးဝန်ကြီးဌာနသည် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ ကျောင်းသုံးစာအုပ်များကို အ
ရည်အသွေးမြှင့်တင်ရိုက်နှိပ်ရန် ပုဂ္ဂလိကလုပ်ငန်းရှင် ၂၃ ဦးအား လုပ်ငန်းလုပ်ကိုင်ခွင့်ပေးထားသည်။

7Day Daily

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D