တောင်ကြီးမှာ ပြုလုပ်ခဲ့တဲ့
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှူတည်ဆောက်ပွဲ မှာ ရှမ်းပြည်တပ်မတော်
(တောင်)ပိုင်းက ဦး ပေါင်ခေး ရဲ့ လက်နက်ကိုင်တပ်တွေ
ဖွဲ့စည်းနေရာချထားခြင်းအတွက် ပြောကြား တဲ့ စကားကို ကြားမိတော့
ယဲ့ပြုံးလေးတစ်ချက်တော့ပြုံးမိပါတယ်။သူပြောတာလေးကတော့ စကားကွက် ကတကယ်
လှပါတယ်။
သူ့အပြောအရ စစ်တပ်ထဲမှာ
တိုင်းရင်းသားတွေပါဝင်တဲ့ ပြည်ထောင်စုတပ်မတော် လို့သုံးနှုန်းသွားတာ
တစ်ခုတွေ့မိတယ်။အဲဒီမှာ မေးစရာရှိလာပါတယ်။လက်ရှိစစ်တပ်ကရော သူတို့အခေါ်
ဗမာလူမျိုးကြီး ဆိုတဲ့ဝါဒဆိုပြီး ဗမာတွေချည်း ရှိနေတာမို့လား။လက်ရှိ
စစ်တပ်ထဲမှာရော တိုင်းရင်းသားတွေ ရှိနေတာပဲ မဟုတ်လား။ လူမျိုးတစ်မျိုးတည်း
သီးသန့်နေပြီး ကိုယ့်နယ်မြေမှာ ကိုယ်မင်းလုပ်ချင်တာ ဘယ်သူတွေလဲ လို့ပြန်မေး
လိုက်ရင် ဗိုလ်မှူးချုပ် ပေါင်ခေးဘယ်လိုဖြေမလဲ သိချင်ပါတယ်။
စစ်တပ်မပြောပါနဲ့ဦး။ ကျွန်တော် ၁၉၉၇ ခုနှစ် အလုပ်ဝင်ခါစ ရှမ်းပြည်နယ်
(မြောက်ပိုင်း)ကိုရောက်တော့ ‘အော်.ဗမာပြည်ကလာတာလား’ ဆိုပြီး
မေးခံရလွန်းလို့ ခဏခဏ စိတ်ကသိကအောက် ဖြစ်ခဲ့ရဖူးတယ်။ဘယ်သူတွေက
ခွဲခြားနေတာလဲ။ ထားပါတော့.နောက်တစ်ချက်က ဗိုလ်မှူးချုပ်ပေါင်ခေး ပြောသလို
ပြည်ထောင်စု တပ်မတော်တကယ်ကြီး ဖြစ်လာတယ်ပဲ ဆိုပါတော့။အဲဒါကို သမ္မတအောက်မှာ
ထားရှိရေးလို့ပြောတယ်နော်။ အခုလက်ရှိစစ်တပ်ကရော သမ္မတ အောက်မှာ
မဟုတ်လို့လား။သမ္မတအမိန့်ကို မနာခံပဲနေလို့လား။ကေအိုင်အေ နဲ့ တိုက်စဉ် တုန်း
ကလည်း လိုင်ဇာကိုသိမ်းဖို့ လက်တကမ်းအလိုကျမှ သမ္မတကြီးရဲ့
ထိုးစစ်တစ်ဖက်သတ်ရပ် ထားတာကြောင့် စစ်တပ်က စစ်သားတွေ အများကြီး
ကေအိုင်အေလက်ချက်နဲ့ အသတ်ခံရလို့ စစ်သားတွေရဲ့ ကြိတ်မနိုင်ခဲမရ လေသံတွေ
အွန်လိုင်းမှာ ပွထနေခဲ့တဲ့ကာလတစ်ခုကို ပြန်လှန်ကြည့်လိုက်ပါဦး။
ပြည်နယ်တွေအတွက် လုံခြုံရေးတပ်တွေကို ပြည်နယ်ဝန်ကြီးအောက်မှာ
ထားရမယ်ဆိုတော့ကာ အဲဒီတပ်တွေဟာ ပြည်နယ် ၀န်ကြီးတွေရဲ့ ခါးပိုက်ဆောင်တပ်တွေ
ဖြစ်မသွားဘူးလား။ပြီးတော့ အဲဒီတပ်တွေနဲ့ ပြည်ထောင်စု တပ်မတော်နဲ့ ဘယ်လို
အနေအထားရှိမလဲ။ ပြည်ထောင်စုတပ်မတော်ရဲ့ အမိန့်ကို
ပြည်နယ်စောင့်လုံခြုံရေးတပ်ဖွဲ့က နာခံမှာ လား။ပြည်နယ်ဝန်ကြီးရဲ့
အရိပ်အကဲနဲ့ လှုပ်ရှားမှာလား။အစိုးရပြည်ထောင်စုတပ်မတော်ကရော ပြည်နယ်
လုံခြုံရေးတပ်တွေကို လက်အောက်တပ်လို့ သဘောထားရမှာလား၊ မဟာမိတ်လို့
သဘောထားရမှာလား၊ ဒါဘယ်ပြည်နယ်ဝန်ကြီးရဲ့တပ်တွေကွ အချိန်မရွှေး
ပုန်ကန်နိုင်တယ်ဆိုတဲ့ သံသယကြီးတွေနဲ့ အချင်းချင်း ရန်စောင်
စောင့်ကြည့်နေရမှာလား။နယ်ခြားစောင့်တပ်တွေကို ပြည်နယ် လုံခြုံရေးတပ်အောက်
ထားမယ် ဆိုတော့ နယ်ခြားစောင့်တပ် တွေက ဘယ်သူ့ရဲ့ လက်အောက်ခံ တပ်
ဖြစ်သွားမလဲ။ပြည်နယ်ဝန်ကြီးတပ်ရဲ့ အရံအင်အားစု
ဖြစ်သွားမယ့်သဘောလား။နောက်ပြီး အခုလက်ရှိ နယ်ခြားစောင့်တွေတောင်
နိုင်ငံတော်စစ်တပ်ထဲမှာ လက်ရုံးတပ်တစ်ခု အနေနဲ့တည်ရှိနေတာ။ သူတို့ကို
ပြည်နယ်လုံခြုံရေးတပ် အောက်မှာ ထားမယ်ဆိုတော့ ရဲတပ်ဖွဲ့လောက်တောင်
အဆင့်မရှိတဲ့တပ်တွေ ဖြစ်သွားလိမ့်မယ်။ လက်ရှိ နယ်ခြားစောင့်တပ်တွေကရော
သဘောတူလက်ခံမယ်လို့ ထင်ပါသလား။ လက်မခံခဲ့ရင် အကျိုးဆက်က
စားပွဲဝိုင်းတွေပေါ်မှာ အဆုံးမသတ်ပဲ ရိုင်ဖယ်ပြောင်းက မီးပွင့်တွေက စကား
ပြောကြတော့မယ်။ ။လက်ရှိ ကိုယ့်တပ်တွေကို အသွင်ပြောင်းပြီး
ပြည်နယ်လုံခြုံရေးလုပ် ၊ကိုယ်တိုင်လည်း နိုင်ငံရေးလုပ်၊ အခြေအနေမဟန်ရင်
တပ်တွင်းပုန်ကန်မှူတွေ စလုပ်ပြီး ပြည်နယ် ခွဲထွက်သွားမယ် လို့များကြံစည်
နေပါသလား။ နောက်ပြီး မြန်မာနိင်ငံမှာ လက်နက်ကိုင်အဖွဲ့ပေါင်း ၁၀ဖွဲ့/၁၅ဖွဲ့
လောက်ရှိတယ်။အဲဒီအဖွဲ့တွေကရော အပစ်အခတ်ရပ်စဲပြီးရင် လက်နက်တကယ်
စွန့်ကြမှာလား။ လက်နက်စွန့်ပြီး လက်ရှိစစ်တပ်အောက်မှာ တပ်ဖွဲ့ တစ်ခုအနေနဲ့
လက်ရှိမြန်မာ စစ်တပ်ရဲ့ စစ်သားအနေနဲ့ အမူထမ်းကြမှာလား။သေချာတယ် ဘယ်သူမှ
မစွန့်ကြဘူး။
အခု အဖွဲ့အစည်းတွေလိုချင်တဲ့
ဖက်ဒရယ်ဆိုတာက စာရွှက်တွေပေါ်မှာ ဘယ်လိုပဲစကားလုံးလှည့်လှည့် အနှစ်ချုပ်က
ကိုယ့်ပြည်နယ်ကို ကိုယ်ပိုင်စစ်တပ်
နဲ့ကိုယ့်စည်းမျဉ်းနဲ့အုပ်ချုပ်မယ်။ပြည်မကြီးက ၀င်ရောက်
စွက်ဖက်စရာမလိုဘူး။နိုင်ငံတော်နဲ့ ဆိုင်တဲ့ကိစ္စတွေကိုပဲ နိုင်ငံတော်က
ကိုင်တွယ်။ဒါတောင် တိုက်ရိုက်
ကိုင်တွယ်ရမှာမဟုတ်ဘူး။ညှိနှိုင်းကိုင်တွယ်ရမှာ။ ကိုယ့်ပြည်နယ်က ရတဲ့
အကျိုးစီးပွါးကို ကိုယ့်ပြည်နယ်ပဲ သုံးမယ် ဆိုတဲ့သဘောကြီးပါပဲ ။
အစတုန်းကတော့ အစိုးရစနစ်ကိုမကြိုက်လို့ ပြည်နယ်တွေဟာ အစိုးရ
တိုက်ရိုက်ကိုင်တွယ်မှူကနေ လွတ်မြောက်ပြီးနိုင်ငံငယ်အနေနဲ့ရပ်တည်ဖို့
ဆိုတဲ့ ရည်ရွှယ်ချက်တွေနဲ့ လက်နက်ကိုင်ခဲ့ပေမယ့် အခု အားလုံးက
လက်နက်ကိုင်ပြီး တစ်စင်ထောင်နေရတဲ့ အနေအထားကို မက်မောတွယ်တာနေပြီ။
ဒီလက်နက်ကိုင်ရင်းရလာတဲ့ အကျိုးအမြတ်တွေကို မစွန့်နိုင် တော့ဘူး။ ဒါပါပဲ။
လက်နက်ကြောင့် နယ်မြေမှာ ဗိုလ်ကျနိုင်တာ။လက်နက်ကြောင့် အခုလက်ရှိ
အကျိုးအမြတ်တွေ ရနေတာ။လက်နက်ကြောင့်အစိုးရနဲ့စကားပြောနိုင်တာ တွေကို
အားလုံးက သာယာနေပြီ ။မဟုတ်ဘူး မငြင်းပါနဲ့ ။ ဘယ်သူမှ တောခိုတယ်ဆိုပြီး
တောထဲမှာ တဲထိုးနေတာ မရှိပါဘူး။ဇာတ်လမ်းထဲက ပစ္စတိုတစ်လက်နဲ့
ဗိုလ်အောင်ဒင်တောင် ဆင်စခန်းနဲ့ဆင်တဲ နဲ့နေသေးတာပဲ။ ခေတ်မှီစက်သေနတ်တွေ
ကိုင်ထားပြီး မီဒီယာအုပ်စိုးမှူနဲ့ ခွင်ချဲ့နေတဲ့
တိုင်းရင်းသားလက်နက်ကိုင်တွေ တောခိုတယ်ဆိုတာ ဘန်ကောက်မှာ
ထိုင်းဘတ်သန်းချီတန်တဲ့ အိမ်တွေနဲ့ပါဗျာ။အားလုံးက လက်နက် ကြောင့်ရထားတဲ့
စည်းစိမ်တွေကို သာယာလွန်းသွားပြီ။ပြီးတော့ တစ်ချိန်ချိန်မှာ ငါတို့လက်နက်
မကိုင်ထားရင် ငါတို့ကို အစိုးရကတွယ်တော့မှာပဲ ဆိုတဲ့
အတွေးကြီးရှိနေလို့ပဲ။အဲဒီစိတ်ကြီးရှိနေတဲ့ ဦးပေါင်ခေး တို့လိုလူတွေကပဲ
ယုံကြည်မှူ တည်ဆောက်ဖို့ ဆိုတာတော့ သိပ်ဟန်ပုံမရဘူး။ တကယ် ယုံကြည်မှူ
တည်ဆောက်ရာမှာ အစိုးရကိုမဟုတ်ဘူးဗျ။ အခု လက်နက်ကိုင်ထားသူတွေ
ကိုယ်တိုင်ကိုယ့်စိတ်ကို ကိုယ်ပြန်တည်ဆောက်ရမှာ ဖြစ်တယ် ခင်ဗျ ။
ဇော်(ဆ/မ)
သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်...
Subscribe to:
Post Comments (Atom)
တင်ပြီးသား post များ
-
►
2014
(18)
- ► 10/19 - 10/26 (18)
-
▼
2013
(4683)
- ► 11/17 - 11/24 (1)
- ► 09/29 - 10/06 (42)
-
▼
09/22 - 09/29
(187)
- ခွပ်ဒေါင်းကိုမွတ်ဒေါင်းဟု ပြောဆိုမှုများကို အမျိုးသ...
- မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးက...
- တရားမဝင် မြန်မာ အလုပ်သမား (၁၅)ဦး ထိုင်းနိုင်ငံမှ လ...
- ပြည်ကြီးမဏ္ဍိုင် မြို့နယ်ခွဲ ၊ ရေဘေးသင့် အိမ်ထောင်စု...
- သမ္မတကြီး မှာကြားချက်နှင့် ရဲမှူးဦးဝင်းနိုင် ပြော...
- ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း အမှုကို မန္တလေး တိုင်...
- သတ်မှတ် ရက်လွန် တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုခွ...
- ပဉ္စမတန်း ပထ၀ီဝင် ဖတ်စာအုပ် ပုံနှင့် စာလွဲနေခြင်း လ...
- ကလေး သူငယ် အဓမ္မ ပြုကျင့်မှု ဘယ်လို ကာကွယ် ဖြေရှင်းမလဲ
- သမ္မတရုံး ၀န်ကြီး ပိုင်ဆိုင်သည့် ခြံမြေ လှည်းကူး၌ ရ...
- ဒါယိကာမကြီး ဒေါ်စု သို့ ပေးစာ
- ကိုယ်ပိုင်အရည်အချင်းဖြင့် ဖွဲ့စည်းပုံပြင်ရန် မတက်န...
- တိုင်းပြည်ဆူပူမှုကို ဖြစ်စေလိုသော ၈၈မျိုးဆက် မာကီး
- NLDငွေရတုပွဲတွင် တက်ကြွလှုပ်ရှားသူ မစုစုနွေး မောင်...
- ကေအဲန်ယူ ခေါင်းဆောင်တွေ ဝန်ကြီးဦးအောင်မင်းနဲ့ ဆွေ...
- ဖွဲစည်းပုံမပြင်ပဲ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပ...
- ဒီမိုကရေစီက အရေးအကြီးဆုံးဟု ဒေါ်စု ပြောနေသော်လည်း င...
- မြန်မာ အမျိုးသမီးများ နှင့် ဝတ်စားဆင်ယင်မှု
- ယခင် အစိုးရ အဆက်ဆက် သိမ်းဆည်းခဲ့သော တပ်မြေများမှ ဧ...
- အမျိုးသားသစ္စာဖောက် ဖြစ်လာတော့မည့် ဒေါ်စု
- ဒေါ်စု၏ ကုလားများအပေါ်ထားရှိသော စိတ်ဓါက်ကြောင့် OIC ...
- ကျနော်ဖြေဆို မတတ်သောမေးခွန်းများ ( ဒဲ့ )
- ဒီမိုကရေစီက အရေးအကြီးဆုံးဟု ဒေါ်စု ပြောနေသော်လည်း င...
- တရုတ်စီမံကိန်း ဆန္ဒပြ၍ ထောင်ချခံရသူများကို ပြန်လွှတ်...
- စပျစ်သီးမှ ကုသပေးသော ရောဂါများ
- ရေအောက် ရုပ်ကြွင်းပြတိုက်
- Miss Tourism Queen International 2013 ပြိုင်ပွဲတွင...
- ကမ္ဘာ့ဒုတိယ အကြီးဆုံး စိန်တွင်း (မိုင်းတွင်း)
- ကမ္ဘာ့အလိုအရှိဆုံး အမျိုးသမီး
- ချင်းမိုင် အမျိုးသား လိင်ဖျော်ဖြေရေး လုပ်သားတွေမှာ...
- ကင်တားနားကို တာဝန်မှ ရပ်နားတော့မည် ဆိုသည့် သတင်း လ...
- ကားရထားနှင့် ပါဂျဲရိုး တိုက်မိ
- မသန်စွမ်းတွေ အတွက် သန့်စင်ခန်း ထည့်ဆောက်မယ်
- ဆင်းကဒ် မဲပေါက်သူတွေ ဈေးကောင်း ရလို့ ပြန်ရောင်း
- ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အြေ...
- ကဲ ဗုဒ္ဓကို ကုလားလို့ပြောနေတဲ့ သောက်ရူးများ သေချာဖတ်
- မွတ်ဆလင် ပိုင် နိုင်ဂရု နဲ့ ချယ်ရီဦး တို့ အခွန်ပေ...
- ၈၈ မျိုးဆက်ကျောင်းသားအချို့၏ အစွန်းရောက်တွေးခေါ်မှုန...
- ကျောင်းသားငယ်ကို လိင်တူ ဆက်ဆံရန် ဖျားယောင်းသည်ဟုြ...
- မွတ်ဆလင် လူနည်းစုအပေါ် အကြမ်းဖက်များကို တစ်ဦးတည်း ...
- ဒီမိုကရေစီ အစိုးရလက်ထက် ရန်ကုန်တွင် လူငယ်တချို့ မဖ...
- အမျိုးသမီးငယ်တစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ
- မြန်မာတိုင်း (မ်) ကို ဖျက်သိမ်းရန် လျှောက်ထားမှု တရ...
- The Elders ကြောင့် တပ်မတော်သား အမျိုးသမီး လွှတ်တော်...
- စင်္ကာပူပြန် ဝင်းဇော်ဦးကို လေဆိပ်တွင် ကြိုဆိုသည့် လ...
- သရုပ်ဆောင် မင်းခန့်ကျော်ကို သရဝဏ် ရုပ်ရှင်နှင့် ဗီ...
- ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲအတွက် အစိုးရနှင့် ကေအု...
- တပ်မတော်အရာရှိတစ်ဦးအား ရက်ရက်စက်စက်သတ်ဖြတ်မှု ကေအ...
- ဆေးရုံတွင် စစ်ဆေးပြီးနောက် နှစ်တန်းကျောင်းသူ တစ်ဦး...
- ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၊အသစ်ရေးဆွဲ...
- "မုဒိမ်းကြံစည်ကုလားအား ထောင်ဆယ်နှစ်ချမှတ်"
- လုပ်အားခမရသည့်ပန်းရံအလုပ်သမားများမြို့ပိုင်ရုံးကို...
- ကမ္ဘာအချမ်းသာဆုံး အဆင့် ၈၉ ရှိတဲ့ မလေးရှားသူဌေးကြီး...
- ခေါင်းကိုက်စေတဲ့ အကြောင်းရင်းခံများ
- မြန်မာအမျိုးသားနဲ့  မလေးနိုင်ငံသူ ဇနီးကို ပြစ်ဒဏ်ချ
- ၂၀၁၅ DV ကံစမ်းမဲ Online လျှောက်လွှာ အောက်တိုဘာ ၁ ရက...
- ၁၃ ဦးသေစေခဲ့တဲ့ ဝါရှင်တန်က သေနတ်သမား
- ရန်ကုန်က အလုပ်ရှင်ကို ဆန္ဒပြချိန်က NLD ဒေါ်စန္ဒာမင်းတ...
- ဇာဂနာ ကျန်းမာရေး ဆိုးရိမ်ရ၊ လက်တလော ရူးကြောင်ကြောင...
- စစ်တပ်က ပြည်သူကို ကူညီချိန် မီဒီယာသမားက ပြည်သူကို ...
- ဒေါ်စု ပွဲပြီးခါနီးထိ ဘာမှ မလုပ်နိုင်သေးကြောင်း Ele...
- သေဘို့တစ်နေ့ထက်နီးလာပြီဆိုတာသိတော့သိမှာပါ ကိုဇာဂနာ
- “သိန်းတစ်ရာ မမက်သော တောသူမ”
- အင်တာနက်ပေါ်ရောက်မလာတဲ့ ၀မ်းနည်းဖွယ်သတင်းတစ်ပုဒ်
- မြန်မာ လူမှုအဖွဲ့အစည်းများကို အမေရိကန်သမ္မတ ချီးကျူး
- ၁၆ နှစ်အောက် အရွယ်အား အဓမ္မပြုကျင့် ပါက သေဒဏ်ချမှတ်...
- နက်နက်ရှိုင်းရှိုင်းမှား ခဲ့တဲ့ မိုးဟေကို
- ထိပ်ဆုံးမှာ ပြေးနေတဲ့ ကြည်ပြာ နဲ့ မိုးစက်ဝိုင်
- နာမည်ကြီးရန်အတွက် Sexy photo၊ Sexy pose များ ဆက်ရိ...
- မန္တလေးရှိ ဟိုတယ်တစ်ခုတွင် နိုင်ငံခြားသားတစ်ဦး ဝတ်...
- ကလေးဘဝ ပျောက်ဆုံးခဲ့ရသူများ
- ဒေါ်စုနဲ့ အဆင်ပြေသော်လည်း မိတ္ထီလာမှာ ဆန္ဒပြခံခဲ့ရတဲ့...
- A Nose Grows on Forehead
- ငရဲ ရှိသည် ကို အတည် ပြုကြပြီ
- သနားဖို့ ကောင်းပါသည်
- မှတ်သားထိုက်ပါပေတယ်
- အချင်းချင်း မုဒိန်းကျင့် မှု မကြာခဏ ဖြစ်ပွားနေသည့် ...
- တပ်မတော်အရာရှိတစ်ဦး အသတ်ခံရမှု စုံစမ်းပြီး အကြောင်...
- ပျဉ်းမနားတွင် ရည်းစားဟောင်းကို အဓမ္မပြုကျင့်၍ မဖွယ်...
- ဒေါ်အောင်ဆန်းစုကြည် စင်ကာပူက ဘာတွေ သယ်ဆောင် လာခဲ့သလဲ
- ဖက်ဒရယ်ကို ဗန်းပြပြီး လက်နက်မစွန့်နိင်ကြတော့တဲ့ သူ...
- ဒီမိုကရေစီ နဲ့ အမေ ၊ အဘ ယဉ်ကျေးမှု
- “စရုံပဲရှိသေးတဲ့ ကာလတစ်ခုမှာ စစ်တပ်ကို စိန်ခေါ်တယ်လ...
- ဗုဒ္ဓဘာသာဝင်များအား ထိမ်းမြားမည်ဆိုပါက ဘာသာပြောင်းလ...
- တပ်မတော်အရာရှိအသတ်ခံရမှု KIO တရားဝင်ဖြေရှင်းပေးရန် ...
- ရှစ်ဆယ့်ရှစ် နှင့် ဒေါ်စု ဥပက္ခာပြုထားသော ရခိုင်လူထု...
- ဒီမိုကရေစီခြေလှမ်းတွေကို ပျက်အောင်မလုပ်စေချင်ပါဘူး။
- NLD ပါတီလောက် လုပ်ကိုင်နိုင်စွမ်းရှိတဲ့ ပါတီမျိုး ...
- လေပဲရှိတဲ့ ဒေါ်စုပါတီကို စဉ်းစားရန်လို
- မိုးထဲလေထဲမှာကုန်းတစ်တန်ရေတစ်တန်ခရီးဆန့်ပရဟိတပေးဆပ...
- ကျွန်တော်ကြိုက်သော ပုံပြင်များ (၂၃)
- " အမျိုးသမီးတိုင်း အလိုချင်ဆုံး အရာက ဘာလဲ "
- မြန်မာနိုင်ငံသားများအနေဖြင့် မအိုချင်လျှင် ဆေးလိပ်...
- သစ်စက်လှေနှင့် ဆိုင်ကယ်ကယ်ရီများကြောင့် KIO အဖွဲ့ ...
- ပျိုမေတို့အတွက် အသုံးဝင်သောငှက်ပျောသီး
- ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက် ဖောရောင်မှုမရှိစေရန်
- သင့်ကလေးစိတ်ဓာတ်ကျနေတာ သင်ဘယ်လိုသိမလဲ
- ပျိုမေမေးတဲ့ နားဖာချေး
- လေယာဉ်ပေါ်တွင် မြွေတွေ့၍ ခရီးစဉ်ကြန့်ကြာခဲ့ရ
- ဖခင်ကောင်းဟုတ်မဟုတ် ကပ်ပယ်အိတ်အရွယ်အစားက သက်ဆိုင်ေ...
- ► 09/15 - 09/22 (231)
- ► 09/08 - 09/15 (288)
- ► 09/01 - 09/08 (239)
- ► 08/25 - 09/01 (188)
- ► 08/18 - 08/25 (243)
- ► 08/11 - 08/18 (243)
- ► 08/04 - 08/11 (231)
- ► 07/28 - 08/04 (293)
- ► 07/21 - 07/28 (187)
- ► 07/14 - 07/21 (219)
- ► 07/07 - 07/14 (234)
- ► 06/30 - 07/07 (167)
- ► 06/23 - 06/30 (316)
- ► 06/16 - 06/23 (177)
- ► 06/09 - 06/16 (224)
- ► 06/02 - 06/09 (127)
- ► 05/26 - 06/02 (155)
- ► 05/19 - 05/26 (132)
- ► 05/12 - 05/19 (106)
- ► 05/05 - 05/12 (86)
- ► 04/28 - 05/05 (56)
- ► 04/21 - 04/28 (61)
- ► 04/14 - 04/21 (49)
- ► 04/07 - 04/14 (49)
- ► 03/31 - 04/07 (33)
- ► 03/24 - 03/31 (34)
- ► 03/17 - 03/24 (11)
- ► 03/10 - 03/17 (11)
- ► 03/03 - 03/10 (5)
- ► 02/24 - 03/03 (11)
- ► 02/17 - 02/24 (1)
- ► 02/10 - 02/17 (6)
- ► 02/03 - 02/10 (15)
- ► 01/27 - 02/03 (3)
- ► 01/20 - 01/27 (7)
- ► 01/13 - 01/20 (6)
- ► 01/06 - 01/13 (9)
-
►
2012
(82)
- ► 12/30 - 01/06 (8)
- ► 12/23 - 12/30 (10)
- ► 12/16 - 12/23 (7)
- ► 12/09 - 12/16 (3)
- ► 12/02 - 12/09 (2)
- ► 11/25 - 12/02 (1)
- ► 11/18 - 11/25 (18)
- ► 11/11 - 11/18 (25)
- ► 08/12 - 08/19 (1)
- ► 03/04 - 03/11 (1)
- ► 02/26 - 03/04 (1)
- ► 02/19 - 02/26 (1)
- ► 02/05 - 02/12 (3)
- ► 01/22 - 01/29 (1)
-
►
2010
(9)
- ► 12/05 - 12/12 (1)
- ► 11/28 - 12/05 (2)
- ► 11/07 - 11/14 (5)
- ► 10/31 - 11/07 (1)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...