သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 28, 2013

မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပါးရိုက်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5czpudImnGKiA8pzHvdxNOfoTTrgfsum8WHlu_QXy2E8fCIqRJPt05WUMJ3tSvo3NILOgSpNvCu4WXbRXCiRO-4MfxNBYiF4AooY_cehASqsCzcBLZlW9H1CZrgPDRGj-X8Z_Cdw7AYdF/s1600/10.jpg
ရန်ကုန်-မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခရီးစဉ်တွင် သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ကို ပါးရိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သပိတ်ကျင်းမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။


စက်တင်ဘာ ၂၆ ရက်က သပိတ်ကျင်းမြို့နယ် ၀က်သေရွာနှင့် ဖက်ရွှေရွာတွင်ဖြစ်ပွားနေသော မြေယာအငြင်းပွားမှုပြဿနာအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးကျော်မြင့်ဦးဆောင်ကာ လာရောက်စစ်ဆေးသည့် ခရီးစဉ် ကြို ဆိုရန်ပြင်ဆင်နေစဉ် ယင်းပြဿနာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“သတ်မှတ်ထားတဲ့နေရာကို အချိန်နည်းနည်းနောက်ကျပြီးမှ ရောက်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လူရှေ့သူရှေ့မှာ ရိုက်တာပါ။ ကြီးတဲ့သူတစ်ယောက်ကို ငယ်တဲ့သူက (အသက်အရွယ်) ရာထူး အရှိန်အ၀ါကြောင့် ပါးရိုက်တယ်ဆိုတာလူကြားလို့တောင် မကောင်း ပါဘူး”ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ ၀က်သေရွာသားတစ်ဦးက ပြောသည်။


စက်တင်ဘာ ၂၆ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခရီးစဉ်ကို ကြိုဆိုရန်သတ်မှတ်ထားသည့်နေရာအား သပိတ်ကျင်းမြို့နယ် ဘုံဇုံးကျေးရွာ အုပ်ချုပ်ရေးမှူးဦးမြင့်မှာ ဆယ်မိနစ်ခန့် နောက်ကျမှရောက်ရှိလာခဲ့ခြင်းကြောင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်က ပါးရိုက်ခဲ့ခြင်းဖြစ်သည်ဟုလာရောက် တိုင်ကြားထားကြောင်း သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

“ဆေးရုံကစစ်ဆေးချက်အရ သာမန်ဒဏ်ရာလို့ ဆေးစာထုတ် ပြန်တဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးကို ချက်ချင်းအရေးယူလို့ မရသေးပါဘူး။ တရားလို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဘက်က ရပ်တည်ပြီး အမှုကို တရားရုံးကို လွှဲပြောင်းပေးသွားမှာပါ”ဟု အဆိုပါ ရဲအရာရှိကပြောသည်။

ယင်းဖြစ်စဉ်ကို ခရိုင်အဆင့် အထက်အရာရှိများထံသို့ သတင်း ပေးပို့ထားပြီး ပြစ်မှုပုဒ်မ ၃၂၃ ဖြင့် အမှုဖွင့်ကာ တရားရုံးသို့ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

သပိတ်ကျင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ အဆိုပါဖြစ်စဉ် နှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ မပေးလိုကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

7Day News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D