သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 28, 2013

သမ္မတရုံး ၀န်ကြီး ပိုင်ဆိုင်သည့် ခြံမြေ လှည်းကူး၌ ရွာသားများ ၀င်ရောက် ဖျက်ဆီး

လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာ ကျောက္ကာဒင်ကွင်း မယ်ဇလီကုန်း ကျေးရွာရှိ သမ္မတရုံးဝန်ကြီးဌာန
ပြည်ထောင်စု ၀န်ကြီးတစ်ဦး ပိုင်ဆိုင်သည့် ခြံ မြေ၌ စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်း တွင် မယ်ဇလီကုန်း
ကျေးရွာနေ ရွာသား ခြောက်ဦးက ၀င်ရောက် ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် ကရု ဏာ (၁) လမ်း (ဋ) ရပ်ကွက်နေ အငြိမ်း စား ဗိုလ်ကြီးတစ်ဦးဖြစ်သူ ဦးသန်းဦး
အသက် (၅၀) သည် မယ်ဇလီကုန်း ကျေးရွာအနီးရှိ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်
ပိုင်ဆိုင်သည့် ခြံမြေ၌ ပိန္နဲ၊ သင်္ဘောပင် သစ်မွှေးနှင့် အခြားသီးပင် စားပင်များကို ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းက
စ၍ ဦးစီး လုပ်ကိုင်လာခဲ့ကြောင်း၊ စက် တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက မယ်ဇလီကုန်း ကျေးရွာနေ ဒေါ်ပုမ၊
ဦးကြည်သောင်း၊ ဦးစိုးအောင်၊ ဦးအေးကို၊ ဒေါ်အေးသွယ် တို့ ငါးဦးက ခြံဝင်းအတွင်းသို့ ၀င်ရောက်၍ ဓာတ်ပုံ
ရိုက်ခြင်း၊ ငုတ်တိုင်များ စိုက်ထူ ခြင်းများကို လုပ်ကိုင်ကြပြီး ဦးသန်းဦး ကာရံထားသည့် ခြံစည်းရိုးများကို ဖျက်
ဆီးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရ သည်။

အဆိုပါ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၏ခြံမြေမှာ မယ်ဇလီကုန်း ကျေးရွာအနီး ကွင်းအမှတ် ၆၉၃၊ မိုင်တိုင်
အမှတ် ခုနစ်မိုင် ခြောက်ဖာလုံအနီး တွင်ရှိပြီး ၅၇ ဒသမ ၆၀ ဧက ကျယ်ဝန်းသည်။

ခြံမြေကို ကျူးကျော်ဝင်ရောက်၍ ဖျက်ဆီးခဲ့သည့် ဒေါ်ပုမပါငါးဦးကို အရေး ယူပေးပါရန် ဦးသန်းဦးက တရား
လိုပြု လုပ် တိုင်တန်းခဲ့သဖြင့် လှည်းကူးမြို့နယ် ရဲစခန်းမှ (ပ) ၃၇၂/၂၀၁၃၊ ပုဒ်မ ၄၄၇/၄၂၇/၁၁၄ ဖြင့် အမှု
ဖွင့်ပြီး အမှုစစ် ဒုရဲအုပ် သံချောင်းက ၎င်းင်းတို့အား ဖမ်းဆီး ရမိရေး စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေ
သကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D