သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, September 27, 2013

ကမ္ဘာ့အလိုအရှိဆုံး အမျိုးသမီး

ကမ္ဘာကျော် ဖြစ်ရပ်တခု မကြာသေးမီက ဖြစ်ပွားသွားခဲ့ပါတယ်။ ကင်ညာနိုင်ငံ၊ နိုင်ရူဘီမြို့က ကုန်တိုက် ကြီးမှာ အမည်မသိ သေနတ်သမားတွေက ၀င်ရောက်စီးနင်း တိုက်ခိုက်သတ်ဖြတ်မှုမှာ အဓိက သံသယ ဖြစ်ခံရသူ အမျိုးသမီးတဦးကို ကမ္ဘာ့ အလိုအရှိဆုံး အမျိုးသမီးရယ်လို့ ထုတ်ပြန်ကြေ ညာလိုက်ပါတယ်။

နိုင်ရူဘီကုန်တိုက်က ရက်စက်သတ်ဖြတ်မှုတွေကြောင့် လူပေါင်း အနည်းဆုံး ၆၇ ဦး သေဆုံးခဲ့ရပြီး နောက် ဆုံးမှာတော့ အစိုးရက အဲဒီကုန်တိုက်ကြီးကို ထိမ်းသိမ်းနိုင်လိုက်ပါပြီတဲ့။ အခုလို ထိန်းသိမ်းနိုင်တယ်လို့ေ ကြညာအပြီး ယနေ့ထုတ် The Mirror သတင်းစာမှာ ကမ္ဘာ့အလိုအရှိဆုံး အမျိုးသမီးအဖြစ် ဗြိတိသျှ လူမျိုး အသက် ၂၉ နှစ်အရွယ် မစ္စ Samantha Lewthwaite ကို ဓာတ်ပုံတွေနဲ့ တကွ ထုတ်ပြန်လာပါတယ်။ အပြ ည်အပြည်ဆိုင်ရာ ရာဇ၀တ်မှု နှိမ်နင်း တိုက် ဖျက်ရေး ရဲတပ်ဖွဲ့ အင်တာပိုလ် အဆိုအရ သူဟာ တောင် အာ ဖရိကနိုင်ငံ၊ နိုင်ငံကူး လက်မှတ်ကို ကိုင်ဆောင်ထားပြီး မွတ်စလင်ဘာသာကို ပြောင်းလဲ ကိုးကွယ်ခဲ့သူ ဖြစ်ြ ပီး မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်တွေ၊ မှတ်တမ်းတွေအရ အခုလို ထုတ်ပြန်တာလို့ ဆိုပါ တယ်။
နောက်ထပ် ရက်စက်မှုတွေကျူးလွန်နိုင်တဲ့ အန္တရာယ်ရှိသူ အမျိုးသမီး အဖြစ် ကင်ညာနိုင်ငံကလည်း သူ့ ဓာ တ်ပုံတွေကို နိုင်ငံအနှံ့ ထုတ်ပြန်ထားရုံ အပြင် နိုင်ငံပေါင်း ၁၉၀ ကျော်ကိုလည်း ဖြန့်ဝေ အသိပေး ပြီး ဖြစ်တ ယ်လို့ အင်တာပိုလ် အထွေထွေအတွင်းရေးမှူးချုပ် ရော်နယ် နိုဗဲလ်က ပြော ထားပါတယ်။ သူဟာ အခုတော့ ဖမ်းဆီးစစ်ဆေးမှုတွေကနေ ရှောင်တိမ်းထွက်ပြေးနေပြီး သူ့မှာ ဖမ်းဆီးမှုတွေကို အကာကွယ်ယူဖို့ အ တွက် ကလေး ၃ ယောက် လည်း သူနဲ့ အတူပါသွားတယ်လို့ ဆိုပါတယ်။
 ဧရာဝတိblog

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D