သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 28, 2013

တိုင်းပြည်ဆူပူမှုကို ဖြစ်စေလိုသော ၈၈မျိုးဆက် မာကီး

မနေ့က mizzima ကတင်တဲ့ သတင်းတစ်ခုမှာနိုင်ငံရေးအသိနဲ့ ဆင်ခြင်တုံ တရားနည်း ပါးတဲ့လူအချို့ကအခုတလော topic တစ်ခုလို ရှေ့ကိုတင်လာနေတဲ့ အခြေခံဥပဒေ အသစ်ပြန်ပြင်ဆွဲရေးဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး၈၈ပွင့်လင်းလူ့အဖွဲ့အစည်းကမာကီးနဲ့ မေးမြန်းထားတာဖတ်လိုက်ရတယ်။အခြေခံဥပဒေကိုအသက်ပေးပြီးကာကွယ်စောင့်ရှောက်မယ့်လူတွေရှိလည်းအသက်ပေးပြီးပြင်ဆင်သွားမယ်ဆိုပြီး အဆင်အခြင်မဲ့စွာနဲ့ ပြောခဲ့တာတွေ့ရတယ်။



လက်ရှိတက်လာတဲ့အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုများစွာကိုပြုလုပ်ပြီးအတိုက်အခံနိုင်ငံရေးသမားတွေအပြင်၊သက်ဆိုင်ရာနယ်ပယ်အသီးသီးမှပညာရှင်တွေ၊ပြည်သူလူထုတွေရဲ့ကြိုးပမ်းမှုနဲ့အတူယနေ့အခါမှာ မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ထောက်ခံမှုရရှိနေချိန်၊ပိတ်ဆို့မှုတွေဖြေလျှော့ကာအဆင့်မြင့်ခေါင်းဆောင်တွေအပြန်အလှန်ကူးလူးဆက်ဆံပြီးကမ္ဘာ့အလယ်မှာ ပြန်ပြီးဝင့်ထည်လာနေတာကိုအားလုံးအသိပဲဖြစ်တယ်။

ဒီလိုအချိန်အခါမှာ ဒီလိုအကြောင်းအရာနဲ့ အခြေခံဥပဒေကိုအသစ်ပြန်လည်ရေး ဆွဲဆိုပြီး လေသံတွေပစ် လာကြတာဟာ တိုင်းပြည်ဖွံဖြိုးတိုးတက်လာမှာကို မနှစ်သက်တဲ့ အရင်လိုလုပ်စားလို့မရတော့မှာ ကို ကြောက်ရွံ့နေကြတဲ့ လူတွေပဲဖြစ်မှာကတော့ ငြင်းစရာမရှိပါဘူး။အထက်ပါကိစ္စနဲ့ပတ်သက် ပြီး ပြည် တွင်း၊ပြည်ပ ဥပဒေပညာရှင်များ၊ KNU အပါအ၀င် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ များနှင့် နိုင်ငံရေး ပါတီများမှလည်းလုံးဝလက်မခံကြောင်း၊ တိုင်းပြည် ကိုနောက်ပြန်ရောက် သွားစေမည့် လုပ်ရပ်ဖြစ်ကြောင်း အပါတ်စဉ်ထုတ် ဂျာနယ်၊ သတင်းစာ၊ မဂဇင်းများတွင် အတိအလင်း ရှုံ့ချကန့်ကွက် ခဲ့ကြတာကို လည်း တွေ့ရမှာဖြစ်တယ်။


ဒါဆို ဘာလို့ ဒီလောက်လူအများက လက်မခံတဲ့၊ နိုင်ငံရေးအသိနည်းနည်းလောက်ပဲရှိရင်ကို မဖြစ်နိုင်ဘူးဆိုတာသိတဲ့ကိစ္စတစ်ရပ်ကို၈၈အမည်ခံကျောင်းသားတွေကဘာလို့ ပြောခဲ့သလဲ။
၈၈အဖွဲ့ရဲ့ရပ်တည်ချက်ဟာဘာလဲ၊ဘယ်လဲ၊ဘယ်သူတွေရဲ့အကျိုးစီးပွားအတွက်လုပ်နေလဲဆိုတာအဖြေပေါ်နေပြီပဲဖြစ်တယ်။လွန်ခဲ့သောလအနည်းငယ်ကဖြစ်ပွားခဲ့တဲ့ ပြဿနာတွေ၊ တရားမ၀င်ကျူးကျော်လာတဲ့မွတ်စလင်တွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်း ပြည်သူအများဘက်ကရပ်တည်မှုမရှိခဲ့ဘဲမွတ်စလင်တွေဘက်နေရပ်တည်ခဲ့တာကြောင့်လည်း ပြည်သူအများရဲ့ ဝေဖန်ခြင်းကိုခံခဲ့ရတာကလည်းအထင်အရှားပါပဲ။


ဒီနေရာမှာ ပြောချင်တာတစ်ခုက နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆိုင်တဲ့အရာဖြစ်ပေမယ့်လူတိုင်းလဲ နိုင်ငံရေးကို စိတ် မ၀င်စားပါ။အတိုက်အခံတွေဟာလဲ ပြည်သူတွေဖြစ်ပေမယ့်ပြည်သူတွေ အားလုံးဟာတော့ အတိုက် အခံတွေ မဟုတ်ပါ။

အတိုက်အခံပါတီအဖွဲ့တချို့လူတချို့၏အမြင်တွေသဘောထားတွေဟာ ပြည်သူတွေ၏အမြင် ပြည်သူအားလုံး၏သဘောထားလို့ ပြော၍မရနိုင်ပါ။ဒါကြောင့်တချို.အဖွဲ.အစည်းတွေ ပြောတဲ့ ပြည်သူလူထုအမြင်တွေဟာအဲဒီလူအဲဒီအဖွဲ့တွေရဲ့အမြင်သာ ဖြစ်ပြီး ပြည်သူအားလုံး၏သဘောထားတွေမဟုတ်နိုင်ဖူးဆိုတာလဲခွဲခြားသိမြင်ဖို့လိုအပ်ပါသည်။

မာကီးတို့ သွားရောက်လည်ပတ်ခဲ့ကြသည့် ခရီးစဉ်တစ်ခု
ကျွန်တော်တို့နိုင်ငံမှာ ဒီိမိုကရေစီ ရလာတဲ့အခါ right၊ right သိပ်ပေါတယ်အခွင့်အရေးပေးပါ၊အခွင့်အရေးပေးပါဟိုအခွင့်အရေး ဒီအခွင့်အရေး ၊ဟိုအဖွဲ့အစည်း ဒီအဖွဲ့စည်းအော်တာကို အပြစ်မပြော ပါဘူး မဝေဖန်လိုပါဘူးဒါပေမယ့် right ရှိသလို တစ်ဖက်က responsibility မမေ့ပါနဲ့နိုင်ငံသားမှာ အခွင့်အရေးရှိတယ်။နိုင်ငံသားမှာ တာဝန်ဝတ္တရားရှိ ပါတယ်။ဒါကို လေးစားစေချင်တယ်။ အခုတော့ right သာပြောတယ် responsibility မပါဘူးဖြစ်နေတယ်။

ဒီမိုကရေစီဟာလမ်းကြောင်းလေးပါခရီးရှည်ကြီးပါDestinationမဟုတ်ပါဘူး။လွယ်လွယ်နဲ့ပြောရရင်ရောက်တာမဟုတ်ဘူး။ လျှောက်တာဖြစ်တယ်အမေရိကမှာလည်းမရောက်သေးပါဘူးဥရောပမှာလည်းမရောက်သေးပါဘူးလျှောက်တုန်းပါပဲ။ မြန်မာနိုင်ငံဒီလိုအခြေအနေမျိုးရောက်လာဖို့နယ်ပယ်အသီးသီးကလူအားလုံးအားတက်သရော၊တက်ညီလက်ညီနဲ့ပင်ပင်ပန်းပန်းကြိုးစားနေကြတဲ့အခုလိုအချိန်မျိုးမှာတိုင်းပြည်ကိုရုတ်တရက် နောက်ကြောင်းပြန်လှည့်သွားစေနိုင်တဲ့ အခုလိုအကဲဆတ်တဲ့ကိစ္စမျိုးတွေကိုဆင်ခြင်တုံတရားကင်းမဲ့စွာနဲ့ ပြုလုပ်နေတာကတော့အလွန်ကိုအရုပ်ဆိုးလွန်းလှပါတယ်။

အခုကဘယ်လိုဖြစ်နေလဲဆိုတော့ နိုင်ငံရေးနဲ့ပါတ်သက်ပြီးလုပ်ချင်ရင်တရားဝင်ပါတီထောင်၊ နိုင်ငံရေးကိုဇောက်ချလုပ်ဆိုတော့ဒါလည်းမလုပ်နိုင်ဘူး။တူညီစွာလုပ်နိုင်ကြတာတစ်ခုတော့ရှိပါတယ်။အဲဒါကတော့ ရောက်ရာနေရာမှာအစိုးရဘာပဲလုပ်လုပ်အပြစ်ပြောပြီး ဘေးထိုင်ဘုပြောမယ်ဆိုတဲ့ခပ်တိမ်တိမ်စိတ်ဓါတ်ပါပဲ။
 
 
From : ..Hla Aung

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D