သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 24, 2013

ဆိုင်ကယ်ဆီပြတ်၍ တွန်းလာသူနှစ်ဦးကို နောက်မှကုန်တင်ယာဉ်ဝင်တိုက် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးသေဆုံး

Photo: ဆိုင်ကယ်ဆီပြတ်၍ တွန်းလာသူနှစ်ဦးကို နောက်မှကုန်တင်ယာဉ်ဝင်တိုက် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးသေဆုံး
Tuesday, September 24, 2013

စက်တင်ဘာ ၂၃ ရက် နံနက် ၅ နာရီခန့်က တောင်ငူမြို့ ကန်ရိုးကျေးရွာ ရန်ကုန်-မန္တလေး ပုံမှန် လမ်းဟောင်း မိုင်တိုင်အမှတ် ၁၇၆/ ၅ နှင့် ၁၇၆/၆ ဖာလုံ အကြားတွင် မြောက်မှတောင်သို့ ဆိုင်ကယ်ဆီပြတ်၍ တွန်းလာသူနှစ်ဦးကို အနောက်မှ ၁၂ ဘီးယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိရာမှ ၁၇ နှစ်အရွယ် လူငယ်တစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ အောင်ထွေးလှိုင် (၁၇ နှစ်) ကေတုမတီမြို့သစ် တပင်ရွှေထီးရပ်ကွက် တောင်ငူမြို့နေသူနှင့် ဖိုးကျော် (၂၆ နှစ်) ဂါမဏိလမ်း မင်းကြီးညိုရပ်ကွက် တောင်ငူ မြို့နေသူတို့နှစ်ဦးသည် မြောက်မှတောင်သို့ (ရေခဲပုံးတင်ထားသည့်) ဆိုင်ကယ်ဆီပြတ်၍ ကိုဖိုးကျော်မှ ဆိုင်ကယ်လက်ကိုင်အား ကိုင်ပြီး အောင်ထွေးလှိုင်မှာ ဆိုင်ကယ်နောက်ပိုင်းမှတွန်းလာရာ တောင်ငူမြို့ ကန်ရိုးကျေးရွာ ရန်ကုန်-မန္တလေး ပုံမှန်လမ်းဟောင်း မိုင်တိုင်အမှတ် ၁၇၆/၅နှင့် ၁၇၆/၆ ဖာလုံအကြား အရောက်တွင် ယာဉ်မောင်း ဦးဉာဏ်ထွန်း (၄၆နှစ်) သိမ်ကုန်းရပ်ကွက် သထုံမြို့နေသူသည် ငရုတ်သီးအိတ်များ တင်ဆောင်ပြီး မစ်ဆူဘီရှီဖူဆိုအမျိုးအစား (၁၂)ဘီးယာဉ်ကို မောင်းနှင်လာရာ အရှိန်မထိန်းနိုင်ဘဲ အနောက်မှဝင်တိုက်ပြီး လမ်း၏ညာဘက်ခြမ်းသို့ ထိုးကျသွားသည်။

ယာဉ်တိုက်မှုကြောင့် အောင်ထွေးလှိုင်မှာ ဒဏ်ရာများဖြင့် ဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ဖိုးကျော်မှာ ပွန်းပဲ့ဒဏ်ရာများဖြင့် တောင်ငူပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး ယာဉ်မောင်းမှာ အခင်းနေရာမှ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သက်ဆိုင်ရာမှ သိရှိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်းအား တောင်ငူမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သူရ(တောင်ငူ)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
စက်တင်ဘာ ၂၃ ရက် နံနက် ၅ နာရီခန့်က တောင်ငူမြို့ ကန်ရိုးကျေးရွာ ရန်ကုန်-မန္တလေး ပုံမှန် လမ်းဟောင်း မိုင်တိုင်အမှတ် ၁၇၆/ ၅ နှင့် ၁၇၆/၆ ဖာလုံ အကြားတွင် မြောက်မှတောင်သို့ ဆိုင်ကယ်ဆီပြတ်၍ တွန်းလာသူနှစ်ဦးကို အနောက်မှ ၁၂ ဘီးယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိရာမှ ၁၇ နှစ်အရွယ် လူငယ်တစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။
ဖြစ်ပွားပုံမှာ အောင်ထွေးလှိုင် (၁၇ နှစ်) ကေတုမတီမြို့သစ် တပင်ရွှေထီးရပ်ကွက် တောင်ငူမြို့နေသူနှင့် ဖိုးကျော် (၂၆ နှစ်) ဂါမဏိလမ်း မင်းကြီးညိုရပ်ကွက် တောင်ငူ မြို့နေသူတို့နှစ်ဦးသည် မြောက်မှတောင်သို့ (ရေခဲပုံးတင်ထားသည့်) ဆိုင်ကယ်ဆီပြတ်၍ ကိုဖိုးကျော်မှ ဆိုင်ကယ်လက်ကိုင်အား

ကိုင်ပြီး အောင်ထွေးလှိုင်မှာ ဆိုင်ကယ်နောက်ပိုင်းမှတွန်းလာရာ တောင်ငူမြို့ ကန်ရိုးကျေးရွာ ရန်ကုန်-မန္တလေး ပုံမှန်လမ်းဟောင်း မိုင်တိုင်အမှတ် ၁၇၆/၅နှင့် ၁၇၆/၆ ဖာလုံအကြား အရောက်တွင် ယာဉ်မောင်း ဦးဉာဏ်ထွန်း (၄၆နှစ်) သိမ်ကုန်းရပ်ကွက် သထုံမြို့နေသူသည် ငရုတ်သီးအိတ်များ တင်ဆောင်ပြီး မစ်ဆူဘီရှီဖူဆိုအမျိုးအစား (၁၂)ဘီးယာဉ်ကို မောင်းနှင်လာရာ အရှိန်မထိန်းနိုင်ဘဲ အနောက်မှဝင်တိုက်ပြီး လမ်း၏ညာဘက်ခြမ်းသို့ ထိုးကျသွားသည်။

ယာဉ်တိုက်မှုကြောင့် အောင်ထွေးလှိုင်မှာ ဒဏ်ရာများဖြင့် ဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ဖိုးကျော်မှာ ပွန်းပဲ့ဒဏ်ရာများဖြင့် တောင်ငူပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး ယာဉ်မောင်းမှာ အခင်းနေရာမှ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သက်ဆိုင်ရာမှ သိရှိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်းအား တောင်ငူမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သူရ(တောင်ငူ)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D