သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, September 26, 2013

ခေါင်းကိုက်စေတဲ့ အကြောင်းရင်းခံများ

ခေါင်းကိုက်ခြင်းဟာ တစ်ခါတစ် ရံမှာ နာတာရှည် အာရုံကြောပြဿနာတွေကြောင့် ဖြစ်ပွားရပြီး အလယ် အလတ်ကနေ ပြင်းထန်တဲ့ အခြေအနေအထိ ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းကတော့ အမျိုးသမီးတွေ မှာ ပိုးအဖြစ်များပြီး စိတ်ဖိစီးမှုများရင်လည်း ဖြစ်တတ်ပါတယ်။

ခေါင်းကိုက်ခြင်းဟာ ဦးနှောက်မှာ အနာဖြစ်ပွားနိုင်တဲ့အဆင့်အထိ ရောက်နိုင်တဲ့အတွက် ခေါင်းကိုက်ခြင်းကို ဖြစ်ပွား စေတဲ့အကြောင်းအရင်းတွေကိုနား လည်ထားသင့်ပါတယ်။

၁။ ယမကာ – ယမကာမှီဝဲခြင်းဟာ စိတ်ဖိစီးမှုနဲ့ တင်းအား (tension)တွေကို မြင့်တက်စေတဲ့အတွက် ယမကာ မှီဝဲသူတွေဟာ စိတ်ဖိစီးမှုကြောင့်ဖြစ်ပွားတဲ့ ခေါင်းကိုက်ခြင်းကို ခံစား ရနိုင်ချေများပါတယ်။

၂။ ကဖင်း – ကော်ဖီ၊ လက်ဖက်ရည်လို ကဖင်းဓာတ်များတဲ့ သောက်စရာတွေကို သင့်တင့်တဲ့ပမာဏသာ သောက် သုံးသင့်ပါတယ်။လိုတာထက် ပိုတယ် ဆိုရင်စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်း၊ အိပ်မပျော်ခြင်းတွေကို ကြုံတွေ့ရပြီး migraine လို ဆိုးရွားတဲ့ ခေါင်း ကိုက်ခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။

၃။ အိပ်မပျော်ခြင်း – အိပ်စက်မှုအချိန် ကာလကို ဂရုမစိုက်ခြင်း၊ လုံလောက် တဲ့အိပ်စက်ချိန်မရခြင်းတွေဟာ လည်းခေါင်းကိုက်စေပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာရေးကို ယိုယွင်း စေပြီး ဆိုးရွားတဲ့ ခေါင်းမူး၊ ခေါင်း ကိုက်ခြင်းကို အိပ်ရေးပျက်တာများရင် ကြုံတွေ့ရစေပါတယ်။

၎။ ရာသီဥတု – ပူလွန်းခြင်း၊ အေး လွန်းခြင်း၊ စိုစွတ်လွန်းခြင်းစတဲ့ တစ်ဖက် စွန်းရာသီဥတုတွေဟာလည်း ခေါင်း ကိုက်စေပါတယ်။

၅။ ဆူညံသံ – အသံကျယ်ကျယ်လောင် လောင်ကို အချိန်ကြာမြင့်စွာ ကြား နေရခြင်း၊ အသံ pitch မြင့်တဲ့ ကိရိယာများနဲ့ အလုပ်လုပ်ရခြင်းတွေဟာလည်း ပြင်းထန်တဲ့ ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

Health Updates Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D