သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 28, 2013

ကျနော်ဖြေဆို မတတ်သောမေးခွန်းများ ( ဒဲ့ )

၁။ဒီမိုကရေစီနိုင်ငံပီပြင်စေရန်
၂၀၁၅ မှာ ဒေါ်စု မဖြစ်မနေသမ္မတဖြစ်ရန်လိုအပ်ပါသလား

၂။လူထုက ဒေါ်စုကိုအားကိုးချင်တာလား
NLD ကိုအားကိုးချင်တာလား
(လေနဲ့ဝမ်းနဲ့ရောလွှတ်မိရင် လုံခြည်ခဏခဏ လဲရမှာစိုးလို့ = စကားချပ် )

၃။အမျိုးသားရေးကို လစ်လူပြုပီး
နိုင်ငံရေးသရဖူဆောင်းနိုင်တဲ့ လူထုခေါင်းဆောင်မျိုး
ကမ္ဘာ့နိုင်ငံရေးလောကမှာရှိခဲ့ဘူးပါသလား

၎။ဒေါ်စုအာဏာရခဲ့ရင် နိုင်ငံတကာဆုများရှင်အနေနဲ့ မူလဆုပိုင်ရှင်နိုင်ငံများရဲ့ အလွန်အကျွံအခွင့်အရေးတောင်းဆိုလာနိုင်မှုများအပေါ် ငြင်းပယ်နိုင်ခွင့်အင်အားရှိနိုင်ပါ့မလား
ဆုများရဲ့ နောက်ကွယ်မှာ ဘာတွေရှိခဲ့လဲဆိုတာ ရှင်းပြပေးပါ

၅။ဒေါ်စုအာဏာရခဲ့ရင် ဒေါ်စုနှင့်သူ၏ပါတီမှ သူ့နောက်တော်ပါးများအနေနဲ့ နှစ်နှစ်ဆယ်ကျော် နစ်နာမှုအကြောင်းပြု ထင်ရာမဆိုင်း နိုင်ပါဘူးလို့ရော အာမခံနိုင်ပါသလား

၆။ဒေါ်စုပြန်လာရင်အမောပြေဖို့ဆိုပီး ကြံဖန်ဖားတတ်ကြသော အာဏာရှင်ဆန်ဆန်အတင်းဗုတ်ခိုင်းခဲ့သော ခွန်ဒီးယမ်တို့လိုသူမျိုးတွေ ဒေါ်စု အနီးကပ်လက်ရင်းတပဲ့(တပြည့်မဟုတ်) များအဖြစ်ရှိနေခြင်းအပေါ် စိုးရိမ်စရာအချက်တစ်ခုလို့မထင်မိကြဘူးလား
ခွန်ဒီးယမ်နဲ့သူ၏အပေါင်းအပါများ မျက်နာရဖို့အသုံးချခံလိုက်ရတယ်လို့ရောအခုမထင်မိဘူးလား

၇။ဒေါ်စုအနေနဲ့ ဒီမိုကရေစီမိခင်ကြီး
ခောတ်ပြောင်းတော်လှန်ရေးလူထုခေါင်းဆောင်နိုဗယ်ဆုရှင်ကြီး စသဖြင့်ပေါ့လေ ဂုဏ်ပုဒ်ပေါင်းများစွာနဲ့တင် အနိုင်နဲ့ပိုင်းပီး သိက္ခာရှိရှိ အာဏာမရယူပဲ သမိုင်းရေးထိုးခံသင့်တယ်လို့ရောမထင်မိဘူးလား တကယ်လို့အဲ့လိုမဖြစ်သင့်ဘူးဆိုရင် ဒေါ်စုကမထင်တာလား ခင်များတို့ကမထင်တာလား
သူအခုသမ္မတဖြစ်ချင်နေတဲ့ဆန္ဒက သူ့ရပိုင်ခွင့်အခွင့်အရေးတစ်ခုလို့ သတ်မှတ်ထားတာလား
အဲ့ဆန္ဒကသူ့ကိုအဓိကလွှမ်းမိုးနေပီဆိုရင် သူ့ရဲ့ ရှေ့ ဆက်လုပ်ရပ်တွေနဲ့ သူ့ပြောစကားတွေကို ဘယ်လောက်ရာခိုင်နှုန်းလောက်သာယုံကြည်ဖို့သင့်တော့တယ်ထင်ပါသလဲ

၈။ဒေါ်စုရဲ့ မဲဆွယ်ပွဲတွေနဲ့ လူထုဟောပြောပွဲတွေမှာ အကြမ်းဖျင်းအနေဖြင့်
သူ့အနေနဲ့ဘာမှအာမမခံနိုင်ကြောင်းနဲ့
လူထုကိုသာစိတ်ဓါတ်တွေပြင်ကြဖို့ တွင်တွင်ပြောခဲ့တာကိုကြည့်ရင် နိုင်ငံအုပ်ချုပ်ချုပ်မှုကိစ္စရပ်တွေအတွက် မပိုင်မနိုင် မဝံ့မရဲ စိုးရိမ်ကြောင့်ကြမှုရှိခြင်းမျိုးလား

၉။ဒေါ်စုအာဏာရခဲ့သော် သူ့ရဲ့ အမျိုးသားရေးပေါ်လစီအရ ၁၉၈၂ နိုင်ငံသားဥပဒေကို အပြင်ဘူးလို့အာမခံနိုင်ပါသလား

၁၀။သူအာဏာရပီးတဲ့အခါ သူ့ရဲ့ အမျိုးသားရေးပေါ်လစီကြောင့်
အမျိုးသားရေးအုံကြွမှုများ ထိမ်းမနိုင်သိမ်းမရ ဖြစ်မလာနိုင်ပါဘူးနဲ့ ထိုကဲ့သို့ဖြစ်လာခဲ့သော် စစ်တပ်ကိုအာဏာ ပြန်လွှဲပေးရလောက်တဲ့ အခြေအနေမျိုးမရှိနိုင် လို့အာမခံနိုင်ပါသလား

၁၁။အကယ်၍များ ဒေါ်စုကိုယ်တိုင်အခြေအနေပေးပါလျက်နဲ့ အာဏာမရယူတော့ပါဘူးလို့ ဆိုလာခဲ့ရင် အခုအမေအမေနဲ့ တမေထဲမေနေကြတဲ့ပုဂ္ဂိုလ်များ မေနိုင်ကြပါဦးမည်လား အတင်းကာရော တိုက်တွန်းကြပါမည်လား အဘယ့်ကြောင့်နည်း

၁၂။ဒေါ်စုအာဏာရခဲ့သော် ခြုံထဲကဂျိုသွေးပီးစောင့်နေကြတဲ့ ဦးဝင်းတင်နဲ့ဦးအောင်ထွန်းတို့လို ပုဂ္ဂိုလ်မျိုးတွေကြောင့် နိုင်ငံနောက်ပြန်လှည့်နိုင်တဲ့အခြေနေမျိုးတွေဖြစ်မလာနိုင်ဟု အာမခံနိုင်ပါသလား
ဒေါ်စုအနေနဲ့ရော အဲ့လိုပုဂ္ဂိုလ်မျိုးတွေကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်ပါ့မလား
နောက်ဆုံး ဦးဝင်းတင်လိုပုဂ္ဂိုလ်မျိုးတွေအနေနဲ့ ဒေါ်စုကိုကန်ချ ကြားဖြတ်ရွေးကောက်ပွဲတွေနဲ့ အာဏာမသိမ်းဘူးပြောနိုင်ပါသလား

၁၃။ကျနော်တို့လူထုကရော လက်ရှိအစိုးရနဲ့အာဏာရပါတီကို အမြင်မကြည်တာလေးတစ်ခုအတွက် NLD ကို အာဏာအပ်ဖို့တကယ်ပဲ ဆုံးဖြတ်ထားကြပီးပီလား

၁၄။ဒေါ်စုနဲ့ NLD မှတစ်ပါး အခြားပါတီများအနေနဲ့
အားကိုးလောက်စရာခေါင်းဆောင်မျိုး
အားကိုးလောက်စရာခေါင်းဆောင်မှုမျိုး မရှိနိုင်လို့ တထစ်ချယုံကြည်ထားကြပါသလား
မှတစ်ပါးအခြားမရှိဆိုတဲ့သဘောမျိုးလား

၁၅။ဒေါ်စုအလွန်NLD

အထက်ပါမေးခွန်းများအား ကြေလည်အောင်ဖြေဆိုပေးနိုင်ပါက ဘာပါတီဝင်မှမဟုတ်တဲ့ကျနော် NLD ထဲခြေစုံပစ်ဝင်လိုက်မယ်။
(ဆဲဆိုခြင်းသီးမခံပါ )
 
 
From: Aunghtut Thet

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D