သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 23, 2013

"သံပရာသီး"

သံပရာဟာ ယနေ့သဘာဝကို အခြေခံတဲ့ အလှကုန်အတော်များများမှာ ပါဝင် ပါတယ်။ မိမိ ကိုယ်တိုင်လည်း သံပရာသီးနဲ့ ကိုယ့် အလှအတွက် အသုံးပြုနိုင်တာတွေ ရှိပါတယ်။ အဲဒီထဲက တချို့ကတော့တံတောင် နဲ့ ဒူးတွေမည်းနေရင်
ရေမချိုးခင် နာရီဝက် အလိုမှာ ကလေးတွေ လိမ်းတဲ့ အဆီ Baby Oil တစ်ခုခုကို တစ်ဇွန်းစာ ယူပြီး သံပရာ ရည်တစ်ဇွန်းနဲ့ ရောပါ။ တံတောင်ဆစ် များကို ပွတ်ပါ။ ခေတ္တ ထားလိုက် ပါ။ ရေချိုးတဲ့ အခါ အဲဒီ တံတောင်နဲ့ ဒူးများကို ကြေးတွန်း ကျောက်ခဲလေး နဲ့ အသာပွတ်ပေးပါ။ ရေချိုးပြီးရင် Lotion လိမ်းပါ။ ချောမွေ့ပြီး ကွက်မည်း တာတွေ ပျောက်သွားပါ လိမ့်မယ်။
အသားအရေ မွဲခြောက်ကြမ်းတမ်းနေရင်
ဒိန်ချဉ် ၃ ဇွန်းနဲ့ သံပရာတစ်ဇွန်းကို သမအောင် မွှေပြီး ခြေလက်များကို လိမ်းပေးပါ။ မိနစ် ၂ဝ ကြာရင် ရေဆေး ပစ်လိုက်ပါ။ ပုံမှန် လုပ်ပေးရင် အသားအရေ စိုပြည်ဝင်းပ လာပါလိမ့်မယ်။
ဆားဝက်ခြံတွေထွက်နေရင်
ထိပ်ဖူးမည်း မည်းလေးတွေနဲ့ ဆားဝက်ခြံတွေက သိပ်ရုပ်ဆိုး စေပါတယ်။ မျက်နှာကိုသစ်၊ ရေခြောက်အောင် သုတ်ပြီး အဝတ်သန့်သန့် တစ်ခု နဲ့ နှာခေါင်း တစ်ဝိုက်က ဆားဝက်ခြံအရင့်တွေကို ညှစ်ထုတ်ပါ။ ပြီးရင် သံပရာခြမ်းတစ်ခြမ်း ကိုယူပြီး ပျားရည် အနည်းငယ် အစက်ချလိုက်ပါ။ အဲဒါနဲ့ နှာခေါင်းနဲ့ ဆားဝက်ခြံ ရှိတဲ့နေရာတွေကို ပွတ်ပေးပါ။ တစ်ပတ် ဆက်တိုက် ပြုလုပ်ပေးပါ။ ဒုတိယရက်က စပြီး ဆားဝက်ခြံတွေ ညှစ်ထုတ်တာ မလုပ်ဘဲ သံပရာသီး နဲ့ ပျားရည်ကိုသာ ပွတ်ပေးရုံ ဖြစ်ပါ တယ်။ တဖြည်းဖြည်းနဲ့ သိသာပျောက်ကင်းသွား တာ တွေ့ရမှာပါ။
 
 
မာဦး
 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D