သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, June 16, 2013

ဆန်စက်များမှ စွန့်ပစ်ပစ္စည်းများ မြစ်တွင်းစွန့်ပစ်မှုကြောင့် မြောင်းမြမြစ်ရေ ညစ်ညမ်းလာ

Sunday, 16 June 2013
မြောင်းမြမြစ်ကမ်း နံဘေးတစ်လျှောက် လည်ပတ် လျက်ရှိသော ဆန်စက်အချို့ရှိ စပါးခွံများနှင့် စွန့်ပစ် ပစ္စည်းများ ကို မြစ်အတွင်း စွန့်ပစ်လျက် ရှိ လာသောကြောင့် မြစ်ရေညစ်ညမ်းလာပြီး မြစ်ေ ကြာင်းတိမ်ကောမည့်ဘေးနှင့်ရင်ဆိုင်လာရကြောင်း သတင်းရရှိသည်။ 


"ဆန်စက်အကုန်လုံးလို့ မပြောချင်ဘူး။ အတော်များများက စွန့်ပစ်နေကြ တာ။ မိုးတွင်းမှာ ပိုလုပ်တယ်။ စပါးကြိတ်ပြီး ပိုလာ တဲ့ စပါးခွံတွေကိုမြစ်ထဲသွန်ပစ်ကြတာ မြစ်ကြောင်း က တဖြည်းဖြည်းနဲ့ တိမ်ကောလာတာပေါ့" ဟု မြစ်ကြောင်းစောင့်ကြည့် လေ့လာသူ ၀ါရင့်ရေယာဉ်မောင်း တစ်ဦးက သုံးသပ်သည်။

မြောင်းမြမြစ်ရေ အတွင်းမှရေကို မြို့နယ်ရေပေးဝေရေးမှ ရေသန့်စင်စက်များနှင့် သန့်စင်ပြီး မြို့ နယ်အတွင်း ဖြန့်ဝေပေးလျက် ရှိသည်။ "သောက်ရေကို ဈေးနဲ့မြို့လယ်မှာ နေတဲ့သူ အတော်တော်များ က မြစ်ရေကို သန့်စင်ဖြန့်ဝေ ပေးတာကနေ သုံးနေတာ။ အခု စွန့်ပစ်အမှိုက်တွေ ကြောင့် မြစ်ရေပျက်စီးပြီး ကျန်းမာရေးတွေ ထိခိုက်လာမှာကို စိုးရိမ်ရတယ်" ဟု မြို့နယ်ရေပေးဝေရေးမှ သောက်သုံးရေကို အဓိက အသုံးပြုနေရသည့် ဦးဘချိုလမ်းတွင် နေထိုင်သူ တစ်ဦးက ပြောသည်။

မြောင်းမြမြို့တွင် ဆန်စက်ပေါင်း ၅၀ ကျော်ရှိပြီး စက်အများစုမှာ ကုန်စည်ပို့ဆောင် မှု ကောင်းမွန်သော မြစ် ကမ်းနံဘေးနားတွင် တည်ဆောက်ထားလျက်ရှိကြောင်း သိရသည်။ မြစ်အတွင်း အမှိုက်စွန့် ပစ်မှု များကြောင့်မြောင်းမြစကြာ နန္ဒဘုရားမြစ်ကွေ့မှ စတင်ပြီး ကြိုးတံတားမြစ်ကွေ့ နားအထိ မြစ်ကြောင်းများ တိမ်ကောမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရလျက်ရှိကြောင်း မြစ်ကြောင်းစောင့်ကြည့် လေ့လာနေသူများက သုံးသပ်နေကြသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D