သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, June 16, 2013

မြန်မာနိုင်ငံမှ ဆင်ဖြူတော်တစ်စီး ငှားရမ်းရန် ထိုင်းအစိုးရ ကမ်းလှမ်း

 Sunday, 16 June 2013
မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၆၅ )နှစ်ပြည့် အထိမ်းအမှတ် အတွက် မြန်မာနိုင်ငံ မှ ဆင်ဖြူတော်တစ်စီး ငှားရမ်းရန် ထိုင်းအစိုးရက ကမ်းလှမ်း ထားကြောင်း ထိုင်းဒုတိယ ၀န်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆူရာပွန်တို ၀ီချွတ် ချိုင်းကူက ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။


 ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် အရှေ့အာ ရှ-လက်တင်အမေရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် အဆိုပါ ကမ်းလှမ်းမှုကို ထိုင်းကိုယ်စားလှယ် အဖွဲ့က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း ဆူရာပွန် က ပြောကြား ခဲ့သည်။မြန်မာဘုရင် ဘုရင့်နောင်ကျော်ထင်နော်ရထာက ၁၅၆၃ ခုနှစ်တွင် ဆင်ဖြူတော် တစ်စီး လက်ဆောင်ပဏ္ဏာအဖြစ် တောင်းခံမှုကို ယိုးဒယားဘုရင် မဟာချက်ကရာပတ်က ငြင်းဆို ခဲ့သောကြောင့် . . . . .

မြန်မာ-ထိုင်း သံတမန် ဆက်ဆံရေးသည် ၂၀၁၄ ခုနှစ်တွင် (၆၅)နှစ် ပြည့်မည်ဖြစ်ရာ မင်္ဂလာ ဆင်ဖြူတော်သည် နှစ်နိုင်ငံအကြား သံတမန်ပြယုဂ်တစ်ခု ဖြစ်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဆင်ဖြူတော်ကို ငှားရမ်းမည်ဆိုပါက ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ရေးအတွက် ချင်းမိုင်မြို့ တိရစ္ဆာန်ဥယျာဉ်တွင် ခြောက်လကြာ ထားသွားမည်ဖြစ်ကြောင်း ဆူရာပွန်က ပြောကြားခဲ့သည်။

အဆိုပါ ကမ်းလှမ်းမှုကို မိမိတို့ အစိုးရသို့ တင်ပြသွားမည်ဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ဆူရာပွန်အား ပြန်လည်ပြောကြားထားကြောင်း သိရသည်။

မြန်မာဘုရင် ဘုရင့်နောင်ကျော်ထင်နော်ရထာက ၁၅၆၃ ခုနှစ်တွင် ဆင်ဖြူတော်တစ်စီး လက်ဆောင်ပဏ္ဏာ အဖြစ် တောင်းခံမှုကို ယိုးဒယားဘုရင် မဟာချက်ကရာပတ်က ငြင်းဆိုခဲ့သောကြောင့် အယုဒ္ဓယမြို့ကို သွားရောက်သိမ်းပိုက်ခဲ့ပြီး အဆိုပါ စစ်ပွဲကို "ဆင်ဖြူတော်စစ်ပွဲ" ဟု သမိုင်းများတွင် ဖော်ပြထားသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D