သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 15, 2013

ပြည်မြန်မာ ကုန်တိုက်ဝန်း အတွင်းရှိ ဆိုင်ခန်းများ ပြန်လည်ရရှိရေး အတွက် ဒုတိယအကြိမ် ဆန္ဒပြ

ပြည်မြန်မာ ကုန်တိုက်ဝန်း အတွင်းရှိ ဆိုင်ခန်းများ ပြန်လည်ရရှိရေး အတွက် ဒုတိယအကြိမ် ဆန္ဒပြမှုကို ဇူလိုင် ၁၄ ရက်က ကမာရွတ်မြို့နယ်ရှိ နာနတ်တော ခုံးတံတားအောက်တွင် ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

ယင်းဆန္ဒပြပွဲ၌ ပြည်မြန်မာ ကုန်တိုက်အတွင်း ဆိုင်ခန်းဖွင့်လှစ်ခဲ့သူ အယောက် ၅၀ ခန့် ပါဝင်ခဲ့ပြီး ဆိုင်ခန်း များ ပြန်လည်ပေးရန် သို့မဟုတ် နစ်နာကြေး၊ အစားထိုး နေရာများ ပြန်လည်ပေးရေး၊ ၀န်ကြီးဌာနများသို့
တင်ပြထားသော အသနားခံစာများအား ထိထိရောက်ရောက် ဆောင်ရွက်ပေးဟူသော ပိုစတာများကိုင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့အပြင်ဆိုင်ခန်းများပန်လည်ရရှိရေး၊ သက်ဆိုင်ရာမှ အမြန်ဆုံး ရှင်းလင်းပေး ရေး တောင်းဆိုမှုများလည်း ပြုလုပ်ခဲ့သည်။


၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင်ပါရှိခဲ့သော အစိုးရသတင်းစာအတွင်း အင်းစိန်လမ်းနှင့်လှည်းတန်းလမ်းထောင့်ရှိ ပေ ၁၂၀ x ပေ ၈၀ အာရှ်စီ ရှစ်ထပ်တိုက် တစ်လုံးဟူ၍ မူလကလေလံ ကြေညာခဲ့သော်လည်းနိုင်ငံတော်ပိုင် အဆောက်အအုံ ရောင်းချရေး ကော်မတီကမူ အတိုင်း အတာ အကျယ်အ၀န်း အပြောင်းအလဲနှင့် ပယ်ဖျက်ခြင်း ကိစ္စများကို ရုံးအမှတ် (၃၂) နေပြည်တော်၏ကြေညာ သင်ပုန်းနံရံတွင် ဖော်ပြထားမည်ဟူ၍ ပါရှိခဲ့ကြောင်း သိရသည်။

ပြည်မြန်မာ ကုန်တိုက်အတွင်း ၁၆ နှစ်တာ ဆိုင်ခန်းဖွင့်လှစ်ခဲ့သူ ဦအောင်လင်းဦးက ''သတင်းစာမှ ကြေညာ တာက အမှန်တကယ် အကျယ်အ၀န်းဖြစ်တဲ့ တစ်ဧကအကျယ် မရှိဘူး။ စီးပွားကူးသန်းက လွှဲပြောင်းတာ ဖြစ်တဲ့အတွက် သူတို့အဆောက်အအုံ အကျယ်အ၀န်းကိုသာ ကြေညာထားတယ်။ ဒါပေမဲ့ နောက်တော့မှ နေပြည်တော်မှာ ကြေညာသွားတာက ဧက ၀ ဒသမ ၁၄၄ ဆိုပြီး ပါရှိခဲ့တာပါ။ ဒီတော့ ကျွန်တော်တို့ ဆိုင်ခန်းတွေပါ အားလုံးရွှေ့ပြောင်းဖို့ နို့တစ်စာတွေ ရောက်လာပါတယ်'' ဟု ပြောသည်။

၂၀၁၁ ခုနှစ် မေလကုန်အတွင်းက ဖယ်ရှားပေးခဲ့ရသော ပြည်မြန်မာ ကုန်တိုက်ဝန်းအတွင်း ဆိုင်ခန်းပေါင်း ၉၀ ကျော်ရှိပြီး ဆိုင်ခန်းအများစုမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြပြီး ဆိုင်ခန်များ အား ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် ဆိုင်ခန်းပိုင်ရှင်များထံမှ သိရသည်။

ယင်းနစ်နာမှုများ အတွက် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည့်အပြင် သက်ဆိုင်ရာဌာန အသီးသီးသို့ တိုင်ကြားစာများနှင့် အသနားခံစာ အစောင် ၁၀၀ ကျော် တင်ပြခဲ့သော် လည်း ယခုအချိန်ထိ အကြောင်းပြန်လွှာ တစ်ခုမှ ပြန်လည်မရရှိခဲ့ကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D