သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 15, 2013

၂၁ ရာစု သူရဲကောင်း ကျောင်းသူလေးရဲ့ ကုလသမဂ္ဂမိန့်ခွန်း အပြည့်အစုံ

အကြမ်းဖက်မှုကို ဘာမထီခဲ့...
အသက် ၁၅ နှစ်အရွယ် ရှိပြီဖြစ်သော မာလာလာစီးလာသည့် ဘတ်စ်ကားအား တာလီဘန်အကြမ်းဖက် သမားများက ရပ်တန့်စေပြီး သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် မာလာလာ၏ ဦးခေါင်းကို သေနတ်ကျည်ထိမှန်ပြီး ပုံမှန်အနေအထား ရောက်စေရန် ဗြိတိန်တွင် ရက်ပေါင်းများစွာအသက်လုပြီးပြန်လည်ကုသ ခဲ့ရသည်။ မာလာလာသည်
ဆေးကုသမှုခံယူနေစဉ်ကာလအတွင်း အမျိုးသမီး များ ပညာရေးအတွက် သူမကိုယ်ပိုင် ဘလော့ဂ်တွင် ရေးသားခဲ့သည်။ တာလီဘန်များကလည်း ဘာသာရေး အယူသည်းမှုဖြင့် အမျိုးသမီးများ ပညာသင်ကြားရေးကို အပြင်းအထန်ကန့်ကွက် ဆန့်ကျင်ခဲ့ကြပြီး လှုံ့ဆော်သူ မာလာလာကို လည်း လုပ်ကြံခဲ့ ကြခြင်းဖြစ်သည်။

ပါကစ္စတန်က အမျိုးသမီးအရေးလှုပ်ရှားသူ ဆယ်ကျော်သက်မိန်းကလေး"မာလာလာ ယူဆွပ်(ဖ)ဇိုင်း" Malala Yousafzai ရဲ့ အသက် ၁၆ နှစ်ပြည့်မွေးနေ့ကို မွေးနေ့ ပါတီ မကျင်းပဘဲ ကလေးအားလုံး အထူး သဖြင့် မိန်းကလေးငယ်တွေ အားလုံး ၂၀၁၅ ခုနှစ်မှာ ပညာသင်ကြားခွင့်ရရေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ ဦးဆောင်လှုပ်ရှားမှုမှာ သူမအနေနဲ့ ပူးပေါင်းပါဝင် သွားမယ့်အကြောင်း ကတိပြုရင်းမွေးနေ့ကိုဆင်နွှဲသွား ပါတယ်။

Malala Yousafzai ဟာ လွန်ခဲ့တဲ့ ၉ လက ကျောင်းကနေ အိမ်ကိုအပြန် လမ်းမှာ တာလီဘန် သေနတ် သမားတွေရဲ့ပစ်ခတ်မှုနဲ့ ခေါင်းမှာ ဒဏ်ရာ ရခဲ့သူဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့်ရရေး လှုပ်ရှားတောင်းဆိုခဲ့တဲ့အတွက် တာလီဘန်တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကို ခံခဲ့ရတာပါ။

မာလာလာရဲ့မွေးနေ့ဖြစ်တဲ့ မနေ့က သောကြာနေ့ကို “မာလာလာနေ့” အဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က ကြေညာခဲ့သလို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပုံမှန်အားဖြင့် အတွင်းရေးမှူးချုပ်ဘန်ကီမွန်းအတွက် သီးသန့်ထားတဲ့ထိုင်ခုံမှာ Malala Yousafzai က ထိုင်ခဲ့ပါတယ်။ ခုလို မာလာလာနေ့ သတ်မှတ်မှုဟာ သူ့ တယောက်တည်းကို ဂုဏ်ပြုတာ မဟုတ်ဘဲ ကိုယ့်ရဲ့ အခွင့်အရေးကို ထုတ်ဖော်ပြောဆိုတဲ့ အမျိုးသမီးတိုင်း၊ မိန်းကလေးငယ် ယောက်ျားငယ်တွေတိုင်း ကို ဂုဏ်ပြုတာဖြစ်တယ်လို့ မာလာလာက ပြောသွားပါတယ်။

ငြိမ်းချမ်းရေးတမန်တော် မိုဟာမက်၊ သခင်ယေရှုခရစ်တော်နဲ့ ဗုဒ္ဒမြတ်စွာဘုရားတို့ရဲ့ မေတ္တာတရား အကြောင်းကိုလည်း သူမ အလေးအနက် လိုက်နာကျင့်သုံးပါကြောင်း ထည့်သွင်းပြောကြားခဲ့တယ်။

သူမရဲ့ လက်ထဲမှာ သေနတ်တစ်လက် ရှိနေမယ်ဆိုရင်တောင်မှ ရှေ့တည့်တည်မှာ မတ်တပ်ရပ်နေတဲ့ သူမကို လုပ်ကြံသတ်ဖြတ်ခဲ့သူ Talib ကို ပြန်လည် ပစ်ခတ်မှာ မဟုတ်ပါဘူးတဲ့။

မာတင်လူသာကင်း၊ မာသာထရီစာနဲ့ မဟတ္တမဂန္ဒီတို့ရဲ့ အမွေ - အကြမ်းမဖက်လှုပ်ရှားမှုကို ဆက်လက် လက်ဆင့်ကမ်းခြင်းလည်း ဖြစ်တယ်လို့ သူမက ဆိုခဲ့ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ လူငယ်ခေါင်းဆောင်တွေကို မာလာလာက မိန့်ခွန်းပြောခဲ့တာပါ။ ပညာရေးသာလျင် ကမ္ဘာကြီးကိုပြောင်းလဲနိုင်တဲ့ တခုတည်းသော အရာဖြစ်တယ်လို့ ဆိုပြီး စာအုပ်တအုပ်နဲ့ ခဲတံတချောင်းကနေ ကမ္ဘာကြီးကို ပြောင်းလဲအောင် လုပ်နိုင်တယ်လို့ မာလာလာက ပြောသွားခဲ့ပါတယ်။

maukkha

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D