သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 12, 2013

လာဟိုးမြို့ရှိ ကောင်စစ်ဝန်ရုံးဝန်ထမ်းများအား အမေရိကန် ပြန်လည်ခေါ်ယူ

လာဟိုးမြို့ရှိ ကောင်စစ်ဝန်ရုံးဝန်ထမ်းများအား အမေရိကန် 
ပြန်လည်ခေါ်ယူမဖြစ်မနေ ကျန်နေခဲ့ရန် လိုအပ်သော အမေရိကန် နိုင်ငံသားများမှလွဲ၍ လာဟိုးရောက် သံအရာရှိများကို ပြန်လည် ခေါ်ထုတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက အတည်ပြုခဲ့
အမေရိကန် အစိုးရသည် ပါကစ္စတန် နိုင်ငံ၊ လာဟိုးမြို့ရှိ ကောင်စစ်ဝန်ရုံးမှ ဝန်ထမ်းများကို လုံခြုံရေးဆိုင်ရာ စိုးရိမ်ရသည့် အခြေအနေများကြောင့် ပြန်လည် ခေါ်ဆောင်လိုက်ကြောင်း သိရှိရသည်။ မဖြစ်မနေ ကျန်နေခဲ့ရန် လိုအပ်သော အမေရိကန် နိုင်ငံသားများမှလွဲ၍ လာဟိုးရောက် သံအရာရှိများကို ပြန်လည် ခေါ်ထုတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက အတည်ပြုခဲ့သည်။ ယင်းလုပ်ဆောင်မှုမှာ ကောင်စစ်ဝင်ရုံးကို အကြမ်းဖက်သမားများက ဦးတည် တိုက်ခိုက်လာမည်ဟု ယုံကြည် စိတ်ချရလောက်သော ထောက်လှမ်းရေး သတင်းများကြောင့်ဟု ၎င်းက ပြောကြားခဲ့သည်။



လာဟိုးတွင် ကျန်ခဲ့သည့် အမေရိကန် သံဝန်ထမ်း အချို့ကိုလည်း မဖြစ်မနေ အခြေအနေမှလွဲ၍ အပြင်ထွက် သွားလာခြင်း မပြုရန် ညွှန်ကြားထားသည်။ ကြာသပတေးနေ့က အမေရိကန် အစိုးရသည် မိမိတို့ နိုင်ငံသား အားလုံးအနေဖြင့် ပါကစ္စတန်သို့ အတတ်နိုင်ဆုံး သွားရောက်ခြင်း မပြုသင့်ကြောင်း အကြံပြု သတိပေးလိုက်သည်။ "လာဟိုးမှာ ရှိနေတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်လာနိုင်တဲ့ ခြိမ်းခြောက်မှုမျိုး ယုံကြည်ရလောက်တဲ့ အထောက်အထားနဲ့ ကျွန်တော်တို့ ရရှိထားပါတယ်။ ဒါကို အလေးအနက် စဉ်းစားဖို့ လိုအပ်ပါတယ်"ဟု အမည်ဖော်မပြသည့် အဆိုပါ အရာရှိက ပြောကြားခဲ့သည်။



အမေရိကန် အစိုးရသည် လာဟိုးတွင် ရှိနေသည့် အမေရိကန် နိုင်ငံသားများ အနေဖြင့် ပတ်ဝန်းကျင်ကို နိုးနိုးကြားကြား စောင့်ကြည့် အကဲခတ်ရန်လည်း နှိုးဆော်ထားသည်။ အမေရိကန်သည် ယခုသီတင်းပတ်အတွင်း အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်ရှိ သံရုံး(၁၉)ခုကိုလည်း လုံခြုံရေး အခြေအနေများကြောင့် ပိတ်ထားခဲ့ပြီး ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက လာဟိုးမှ စစ်သံရုံး ဝန်ထမ်းများကို ရွှေ့ဆိုင်းခဲ့ခြင်းသည် ယခင် သံရုံးပိတ်ထားမှုများနှင့် ဆက်စပ်မှု မရှိဘဲ ကြိုတင် ကာကွယ်မှု တစ်ခုသာဖြစ်ကြောင်းလည်း ပြောကြားထားသည်။


From : ..planet 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D