သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, August 31, 2013

မြန်မာ သင်္ဘောတစီး ဗီယက်နမ်တွင် ဖမ်းဆီးခံရ

 ဗီယက်နမ် ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးလိုက်သည့် ရောင်ဝင်း အမည်ရှိ မြန်မာ သင်္ဘော 
မြန်မာသင်္ဘောတစီးကို ဗီယက်နမ်နိုင်ငံသို့ တရားမ၀င် ဒီဇယ်ဆီ တင်သွင်းသည်ဟု စွပ်စွဲ၍ ဗီယက်နမ် ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
နမ်ဒင်း(Nam Dinh) မြောက်ပိုင်းခရိုင် ကမ်းခြေစောင့် တပ်ဖွဲ့က ကင်းလှည့်စဉ် နင်း(Ninh) ကမ်းရိုးတန်းမှ အရှေ့ တောင် ဘက် ရေမိုင် ၂၁ မိုင်အကွာတွင် သံသယဖြစ်ဖွယ် သင်္ဘော ၂ စီးသို့ ချဉ်းကပ်ခဲ့ရာ သင်္ဘော သားများက ဗီယက်နမ် သင်္ဘောတစီးပေါ်သို့ ဒီဇယ်ဆီများ ရွှေ့ပြောင်းနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဗီယက်နမ်နိုင်ငံအခြေစိုက် Thanh Nien News သတင်း တပုဒ်၌ ယနေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။
“ရောင်ဝင်း”(Yong Win) အမည်ရ မြန်မာသင်္ဘော တစီးကို အင်္ဂါနေ့က တရားမ၀င် ဒီဇယ်ဆီများ၊ သင်္ဘော သားများနှင့်အတူ ဖမ်းဆီးလာပြီး ဟိုင်သင်း(Hai Thinh) သင်္ဘောဆိပ်သို့ ခေါ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ဒီဇယ်ဆီ အရောင်းအ၀ယ်လုပ်နေကြသည့် သင်္ဘော ၂ စီးမှ သင်္ဘောသားများကလည်း တရားမ၀င် လောင် စာဆီ ရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်ကြောင်း ၀န်ခံကြသည်ဟု အဆိုပါ သတင်းက ဖော်ပြသည်။
 
သင်္ဘောသား ၇ ဦးပါသော ဗီယက်နမ် သင်္ဘောသည် သင်္ဘောသား ၁၇ ဦးပါသော “ရောင်ဝင်း” အမည်ရ မြန်မာ သင်္ဘော ထံက ဒီဇယ်ဆီ တန်ချိန် ၅၀၀၀ ကျော် ၀ယ်ယူရန် ရှိခဲ့ကြောင်းလည်း Thanh Nien News သတင်းက ဆိုသည်။

နောက်ဆက်တွဲ သတင်းအရ “ရောင်ဝင်း” မြန်မာသင်္ဘောတွင် ကပ္ပတိန်နှင့် သင်္ဘောသား ၁၆ ဦး ပါရှိကာ သင်္ဘောသားများထဲ က ၁၄ ဦး မှာ မြန်မာများဖြစ်ကြပြီး ၂ ဦးမှာ တရုတ်များဖြစ်ကြောင်း သိရသည်။

ယခုအခါ အဆိုပါ ကိစ္စကို ဆက်လက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်များထံသို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း အဆက်အသွယ် မရခဲ့ပါ။

ဧရာဝတီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D