သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 29, 2013

လူမှုကွန်ယက်ဆိုဒ်ပေါ်မှ နာမည်ကျော် မောင်စေတန်သတင်းဂျာနယ်တစ်စောင်မှ မှားယွင်းဖော်ပြ၊ ရေးချင်ရာရေးနေသော စတုတ္ထမဏ္ဍိုင်အပေါ် ပြည်သူများစိတ်ပျက်နေ

Myanmar Newsweek ဂျာနယ် ရဲ့လုပ်ရပ်ကတော်တော်
တရားလွန်သွားပြီဗျာ။ Myanmar Newsweek ဂျာနယ်ရဲ့
အတွဲ(၂) အမှတ် (၉၇) (၂၉.၈.၂၀၁၃)ရက်စွဲ နဲ့ ၂၇.၈.၂၀၁၃
မှာဖြန့်ချီခဲ့တဲ့ သူတို့ရဲ့ဂျာနယ်မှာ ဖော်ပြထားသော
"အကြမ်းဖက် ဖောက်ခွဲရေးသမား(၃)ဦးကို မြိတ်ကျွန်းစု၌
ဖမ်းဆီးရမိ" ဆိုတဲ့သတင်းမှာ ကျနော်ပုံကို အထင်အမြင်
လွဲမှားစေရန် ရည်ရွယ်ပြီး ပုဂ္ဂိုလ်ရေး သိက္ခာကျ ပြဿနာများအောင်
တမင်ကြံစည်ပြီးဖော်ပြတယ်လို့ ထင်မြင်ယူဆမိပါတယ်။

မြင်နေရတဲ့ဖော်ပြပါပုံနဲ့ ယခုစာအောက်ကLink ကပုံနဲ့
နှိုင်းယှဉ်ပြီးလေ့လာကြည့်ပါ။
http://www.imagebam.com/image/fe55de272594914

သတင်းမှားဖြစ်ကြောင်းကျနော်ဖြေရှင်းထားတဲ့ပို့စ်ကပုံကိုမှ
လုပ်ကြံဖန်တီးထားတဲ့ ဓာတ်ပုံအလယ်စာကို ဖျက်ပြီးတော့
အပေါ်အောက်ပြောင်းပြီး ဖြတ်ဆက်ထားတာကိုမြင်တွေ့နိင်ပါတယ်။

ဖော်ပြထားတဲ့သတင်းဖြစ်တဲ့ဖောက်ခွဲရေးသမား သုံးယောက် ဖမ်းမိတယ် ဆိုတဲ့ သတင်းဟာလည်း မဟုတ်မှန်ကြောင်း ရဲတပ်ဖွဲ့က ငြင်းဆိုထားတာ ကြားထားရတဲ့အတွက် ဒီသတင်း ကလဲသတင်းမှားကြီး ဖြစ်ပါတယ်။

အခုလို ပြည်သူလူထုကို ဖြန့်ချိတဲ့ ဂျာနယ်တစ်ခုမှာ ဖော်ပြပြီး လိမ်ညာဖြန့်ချိတဲ့အပြင် တစ်ဖက်သားကို သိက္ခာကျ ပြဿနာများအောင် လုပ်တာမျိုးကတော့ စာနယ်ဇင်း ကျင့်ဝတ်နဲ့ ဘယ်လိုမှ မကိုက်ညီတာ ထင်ရှား ပေါ်လွင်လှပါတယ်။

အခုလိုမမှန်မကန်သတင်းတွေကို ပုံနှိပ်ဖော်ပြတဲ့ Myanmar Newsweek
ဂျာနယ်ရော ဂျာနယ်လစ်ကိုရော အတော်ကိုစိတ်ပျက်မိပါတယ်။

ဖြစ်ရပ်မှန်နဲ့ပက်သက်ပြီးဂျာနယ်တိုက်ကိုလဲ လူကိုယ်တိုင်
သွားရောက်ဖြေရှင်းဦးမယ့်အပြင် ယခုလိုဖြစ်ရပ်မျိုး အပြစ်မရှိတဲ့
တခြားသူတွေဓားစာခံ ထပ်မဖြစ်ရအောင် သက်ဆိုင်ရာ
ဂျာနယ်လစ်အစည်းအရုံး ဂျာနယ်လစ်ကွန်ယက်နဲ့
ပြန်ကြားရေးဝန်ကြီးဌာနကိုပါအသိပေးတိုင်ကြားသွားမှာပါ။

ယခုရေးထားတဲ့စာကို အများပြည်သူသိအောင် ရှဲပေးကြပါရန်
အနူးအညွတ်မေတ္တာရပ်ခံအပ်ပါတယ်။

လေးစားလျှက်
 မောင်စေတန်

အထက်ပါစာကတော့ ဖေ့ဘွတ်ခ် ပေါ်မှာ မောင်စေတန်တင်ထားတာပါ။ ယခုလိုမှားယွင်းဖော်ပြခဲ့မှုအပေါ်
ပြည်သူများမှ မောင်စေတန်အား တရားစွဲဆိုဖို့ တိုက်တွန်းနေကြတာကို လည်းတွေ့ရပါတယ်။ ဒါ့အပြင် အဆိုပါသတင်းနှင့် ပတ်သက်ပြီး တရားခံများမိပြီလို့ မသေချာဘဲ မှားယွင်း ဖော်ပြခဲ့တဲ့ မြစ်မခမီဒီယာ အပေါ် Eleven မှ ထိုသတင်းမှားကြောင်း ဖော်ထုတ်ခဲ့တာကို   ဒီမှာ   ဖတ်လို့ရပါတယ်။

သတင်းအချက်အလက်ခိုင်လုံတိကျမှုမရှိဘဲ ရေးချင်ရာရေးနေကြတဲ့ မီဒီယာတွေအပေါ် စိတ်ပျက်နေကြတဲ့
ပြည်သူ့အသံတွေ လူမှုကွန်ယက်ဆိုဒ်တွေအပေါ် မှာ ပျံ့နှံ့နေတာတွေ့ရှိရပါတယ်။
From: နိုင်ငံသစ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D