အခင်းဖြစ်သည့်ည အခြေအနေ ငြိမ်သက်စပြုချိန်တွင် ထိမ်းသိမ်းဆောင်ရွက်နေသော
ဗိုလ်မှူးကြီးကြည်နိုင် ကို လေးခွဖြင့် ၂ချက်မှန်သဖြင့် ဒေါသထွက်
သေနတ်ဖောက်ပြီး တွေ့သမျှလူကို ဖမ်းရန် ရဲများအား အမိန်ပေးစဉ်
ဆွေမျိုးသားချင်း ဈေးဆိုင်များအား ၀ိုင်းဝန်းစောင့်ရှောက်နေသော
ထန်းတောရွာမှ ရွာသား ၁ဦး၊ ရေကြည်ရွာမှ ရွာသား ၁ဦး၊ မိုးကြိုးရွာမှ ရွာသား
၁ဦး ၊ အုပ်ဖိုလ်ရွာမှ ရွာသား ၇ဦး၊ အင်ဖက်တောရွာမှ ရွာသား ၂ဦး
ဖမ်းသွားပါတယ်။ ၀န်ထမ်း ၁ဦးနဲ့ ထွေအုပ်စာရေး ၁ဦးကိုတော့ ချက်ချင်း
ပြန်လွှတ်ပေးတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ရွာသားများဟာ
တစ်ရွာတည်း သားဖြစ် တဲ့ ထွေအုပ်စာရေးပိုင်တဲ့ဆိုင်မှာ ဆိုင်လုံခြုံရေး
လုပ်နေတယ်လို့ သိရပါတယ်။ ရွာခံဆရာတော်တွေ နဲ့ ရွာသားတွေကတော့ ပြန်လွှတ်ဖို့
သက်ဆိုင်ရာကို တောင်းဆို နေကြပါတယ်။ ဒါပေမဲ့ အကြောင်း မထူးသေးပါဘူး။
NLD အမျိုးသားလွှတ်တော်အမတ် မွတ်စလင်ဘာသာဝင် ဒေါက်တာမြင့်နိုင်ကတော့
အခင်းဖြစ်နေစဉ်မှာ လွှတ်တော်တက်နေရလို့ မလာနိုင်ကြောင်း
ထန်းကုန်းအစ္စလမ်းဘာသာဝင်တွေကို တောင်းပန်ထားပြီး ယနေ့မှာ မီးလောင်ခံထားရတဲ့
အစ္စလမ်းဘာသာဝင်တွေကို တိုင်းဒေသကြီး အစိုးရက ဘာမှ ကူညီထောက်ပံ့မှု
မရှိဘူးလို့ အပြစ်တင်နေပါတယ်။ ည၉း၃၀ လောက်က ဒေါက်တာ မြင့်နိုင်ရဲ့
စကားကြောင့် တိုင်းအစိုးရက ကူညီရေးပစ္စည်းကားများ ထန်းကုန်းကို ပို့နေပါပြီ။
ဒေါက်တာမြင့်နိုင်အနေနဲ့ ဖမ်းဆီးခံထားရတဲ့ ရွာသားတွေအတွက်
ဘာမှမပြောခဲ့ပါဘူး။
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...