သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, August 28, 2013

ဆီးရီးယားကို အမေရိကန် တိုက်ခိုက်ပါက ကျဆုံးခန်းနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဆီး၇ီးယာ သမ္မတပြော

 အမေရိကန် ပြည်ထောင်စု အနေဖြင့် ဆီးရီးယား နိုင်ငံအား ကြားဝင် တိုက်ခိုက်မှု ပြုလုပ်ရန် ဆုံးဖြတ်ပါက ကျဆုံးခန်းနှင့်သာရင်ဆိုင်ရမည်ဖြစ်ကြောင်းဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်ကတွေ့ ဆုံမေးမြန်း ခန်း တစ်ခုတွင် ပြောကြား လိုက်သည်။

အဆိုပါ မှတ်ချက်ပြုစကားကို သြဂုတ် ၂၆ ရက်တွင် ထုတ်ဝေသော ရုရှားသတင်းစာ တစ်စောင်ဖြစ်သည့် Izvestia သတင်းစာနှင့်မကြာသေးမီက ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင်အာဆတ်ကပြောကြား
ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံသည် စစ်ပွဲ ပေါင်းများစွာကို ဆင်နွှဲခဲ့သော်လည်း ၎င်းအနေဖြင့် နိုင်ငံရေး ရည်မှန်းချက်ကိုမည်သည့်အခါမှမရရှိခဲ့ကြောင်း၊၎င်းတို့ဆင်နွှဲသောစစ်ပွဲများနှင့်ပတ်သက်သည့် မူဝါဒများနှင့် စိတ်ကူးများဖြင့်ဒေသတွင်းရှိလူများအား စည်းရုံး သိမ်းသွင်းနိုင်ခြင်း မရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အင်အားကြီးနိုင်ငံ အနေဖြင့် စစ်ပွဲများကို ဆင်နွှဲနိုင်သည်မှာ မှန်ကန်ကြောင်း၊ သို့သော်လည်း အောင်ပွဲများ ရရှိခံစားနိုင်မှုရှိ၊ မရှိကို အာဆတ်က ပြန်လည် မေးခွန်း ထုတ်ခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ အပေါ် စစ်ဆင်နွှဲမှုတွင် အောင်နိုင်မှု မရရှိခဲ့ကြောင်း၊ သို့သော်လည်း ထိုကဲ့သို့ စစ်ဆင်နွှဲ မှုသည် ၎င်းတို့အတွက် မည်သည့် အကျိုးကျေးဇူးမျှ ရရှိခြင်း မရှိကြောင်းကို သင်ခန်းစာယူ လေ့လာမှု မရှိ ခဲ့ကြောင်း၊ ထိုကဲ့သို့ စစ်ဆင်နွှဲခြင်းကြောင့် အရှေ့ အလယ်ပိုင်း ဒေသနိုင်ငံများနှင့် အခြားနိုင်ငံများမှာ တည်ငြိမ် အေးချမ်းမှု ပျောက်ဆုံးပြီး နိုင်ငံကို ပျက်စီးခြင်းသို့သာ ရောက်ရှိစေကြောင်း အာဆတ်က ထပ်ေ လာင်း ပြောကြားခဲ့သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော ဆီးရီးယားနိုင်ငံတွင် ဓာတုလက်နက်များ အသုံးပြုမှုကြောင့် အမေရိကန် အစိုးရအနေဖြင့် ဆီးရီးယား နိုင်ငံကို စစ်ရေးအရ ကြားဝင် တိုက်ခိုက်မှု ပြုလုပ်ရန် စဉ်းစားလျက်ရှိကြောင်း ထုတ်ပြန်ချက်များ ထွက်ပေါ်လာပြီး နောက်တွင် အာဆတ်၏ မှတ်ချက်ပြု ပြောစကား ထွက်ပေါ် လာခြင်း ဖြစ်သည်။

From: မြ၀တီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D