ဟွမ်သည် ညစ်ညမ်းဗီဒီယို ရိုက်ကူးမှုဖြင့် စုရုံးသေဒဏ်ပေးခံရသည့် လူသိထင်ရှား အနုပညာရှင် (၁၂)ဦး အနက်မှ (၁)ဦးဖြစ်ကြောင်း သတင်းများက ဆိုသည်။ တောင်ကိုရီးယား သတင်းစာ ချိုဆန်အီလ်ဘိုက အဆိုပါ ကိစ္စကို စတင်၍ ဖော်ပြခဲ့ပြီး မြောက်ကိုရီးယားသည် သေဒဏ်ပေးခဲ့သည့် အနုပညာရှင် အားလုံးမှာ မိမိကိုယ်ကိုယ် ညစ်ညမ်းဗီဒီယို ရိုက်ကူးပြီး အခကြေးငွေအတွက် ရောင်းစားကြောင်း စွပ်စွဲချက်ဖြင့် ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သုံးသပ်ရေးသားထားသည်။ အဆိုတော် အများစု ပါဝင်သည့် အနုပညာရှင်များကို ဩဂုတ် လ (၁၇)ရက်နေ့က ဖမ်းဆီးပြီး ဩဂုတ်လ (၂၀)ရက်နေ့တွင် ပစ်သတ်ခဲ့ခြင်းဟုလည်း ချိုဆန်အီလ်ဘိုက ဖော်ပြခဲ့သည်။ ပစ်သတ်ခံရသူများ၏ ဆက်စပ် မိသားစုများကိုလည်း လူ့အဖွဲ့အစည်းနှင့် ဆက်နွယ်သည့် ပြစ်မှုများအတွက် အားပေးအားမြှောက်မှုဖြင့် အလုပ်ကြမ်းစခန်းများသို့ ပို့ဆောင်ခဲ့ကြောင်းမြောက်ကိုရီး ယား သတင်းရင်းမြစ်တစ်ခု၏ အဆိုကို ကိုးကားပြီး သတင်းစာတွင် ရေးသားခဲ့သည်။ "
အန်ဟာဆူ အော်ကက်စထရာတီးဝိုင်း၊ ဝန်ဂျေဆင်း အလင်းရောင် ဂီတအဖွဲ့နဲ့ မိုရန်ဘွန် ဂီတအဖွဲ့က အဆိုတော်တွေကို စက်သေနတ်နဲ့ ပစ်သတ်တာပါ။ ဒါကို မိသားစုတွေက မကြည့်မနေရ စောင့်ကြည့်နေခဲ့
ရပါတယ်"ဟု အဆိုပါ သတင်းရင်းမြစ်က ထုတ်ဖော် ပြောကြားခဲ့သည်။ကင်မ်နှင့် ဟွမ်တို့သည် လွန်ခဲ့သော
(၁၀)နှစ်က စတင်တွေ့ဆုံခဲ့ပြီး လက်ထပ်ဖြစ်ခဲ့ကြောင်းပင် အတည်မပြုနိုင်သည့် သတင်းများ ထွက်ပေါ်ခဲ့ သည်။ သို့သော်လည်း ကင်မ်၏ဖခင် အာဏာရှင်ဟောင်း ကင်မ်ဂျုံအီလ်၏ ကြားဝင် တားမြစ်မှုအတွက် ၎င်းတို့၏ ဆက်ဆံရေး ပျက်သုဉ်းခဲ့သည်။
ယခုအခါတွင် ကင်မ်သည် ရီဆိုလ်ဂျူကို တရားဝင် ဇနီးအဖြစ် လက်ထပ်ထားပြီး ဖြစ်သည်။ ကင်မ်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လက အမျိုးသမီး တစ်ဦးနှင့်အတူ ရှိနေသည့် ဓာတ်ပုံများ ထွက်ပေါ်ခဲ့ပြီး ဟွမ်နှင့် ပြန် လည် ဆက်နွယ်မှု ရှိနေကြောင်း ကောလာဟလများ ပျံ့နှံ့ခဲ့ဖူးသည်။ ကင်မ်၏ လူမှုရေး အခြေအနေသည် သိုသိပ် လျှို့ဝှက်လွန်းပြီး (၂၀၁၀)ပြည့်နှစ်က အမည်မသိ အမျိုးသမီး တစ်ဦးနှင့် သားယောက်ျားလေးတစ်ဦး ဖွားမြင်ထားကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။
Planet Myanmar Network


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...